• Follow Us on

Home ဘတ်ဖဲလိုးမြို့ လူသတ်မှုကျူးလွန်သူတရားခံ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

ဘတ်ဖဲလိုးမြို့ လူသတ်မှုကျူးလွန်သူတရားခံ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

လွန်ခဲ့တဲ့နှစ်က နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့က စတိုးဆိုင်တစ်ခုမှာ လူမည်း ၁၀ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တဲ့ သေနတ်ပစ်မှုကိုကျူးလွန်ခဲ့သူ အသက် ၁၉ နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးကို အယူခံဝင်ခွင့် မပေးဘဲ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အီးရီးကောင်တီတရားရုံးမှာ ကြားနာစစ်ဆေးပြီး တရားသူကြီးဆူဆန်အီဂန်က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

“ယဉ်ကျေးတဲ့လူမှုနယ်ပယ်မှာ သင့်ရဲ့ရိုင်းစိုင်းတဲ့၊ အမုန်းပွားတဲ့၊ ဆိုးရွားလွန်းလှတဲ့ အတွေးအခေါ်တွေအတွက် နေရာ လုံးဝမရှိပါဘူး။ သင့်အပေါ် ကရုဏာသက်စရာ၊ နားလည်ပေးနိုင်စရာ၊ ဒုတိယအခွင့်အရေးပေးစရာလည်း လုံးဝ မရှိနိုင်ပါဘူး။” လို့ တရားသူကြီးအီဂန်က ပြောပါတယ်။

 

“သင်လုပ်ခဲ့တဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေက အလွန့်အလွန်ကြီးမားပါတယ်။ သင် ထိခိုက်နစ်နာအောင်လုပ်ခဲ့တဲ့ ပြည်သူတွေကလည်း ဒီလူ့အဖွဲ့အစည်းအတွက် အလွန်တန်ဖိုးရှိတဲ့သူတွေပါ။ သင်ဟာ လွတ်လပ်တဲ့လူတစ်ဦး အဖြစ်နဲ့ ဘယ်တော့မှ နေ့အလင်းရောင်ကို မြင်ရတော့မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

လူမည်းတွေအများစုနေထိုင်တဲ့ဝန်းကျင်က ထိပ်တန်းစတိုးဆိုင်ကြီးတစ်ခုမှာ လူမျိုးရေးမုန်းတီးမှုကိုအခြေခံပြီး ဆိုးရွားစွာတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ အမှု ၁၅ မှုနဲ့ စွဲချက်တင်ပြီး တရားခံပေတန် ဂျန်ဒရွန်မှာ အပြစ်ရှိကြောင်း တရားရုံးက ကြေညာခဲ့ပါတယ်။

 

နှစ်နာရီကြာကြားနာစစ်ဆေးနေစဉ်အတွင်းမှာ ပြစ်မှုကျူးလွန်ခံရတဲ့မိသားစုဝင်တွေနဲ့ ဒဏ်ရာရခဲ့တဲ့သူတစ်ဦးက တရားခံပေတန်ဂျန်ဒရွန်ကို စိတ်လှုပ်ရှားမှုများစွာနဲ့ ဒေါသတကြီးတုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။ ပေတန်ဂျန်ဒရွန် ဟာ အခုသီတင်းပတ်ထဲမှာ ပြစ်မှုပေါင်း ၂၇ မှုနဲ့ ဖက်ဒရယ်တရားရုံးမှာ တရားရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

 

ကနဦးက ဂျန်ဒရွန်ဟာ ဖက်ဒရယ်တရားရုံးကစွဲချက်တွေအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပေမဲ့ အစိုးရရှေ့ နေတွေက ၎င်းကို သေဒဏ်ချမှတ်ခံရနိုင်တဲ့ပြစ်ဒဏ်မျိုးတွေနဲ့ စွဲချက်မတင်ဘူးဆိုရင် ဖက်ဒရယ်တရားရုံးစွဲဆို ချက်တွေအတွက် အပြစ်ရှိကြောင်း ထွက်ဆိုဖို့ ဆန္ဒရှိတယ်လို့ ၎င်းရဲ့ရှေ့နေတွေက ပြောကြောင်း CNN သတင်း ဌာနက ဒီဇင်ဘာလအတွင်းက ပြောပါတယ်။

 

၎င်းအမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးနိုင်တဲ့အထိစွဲချက်တင်မတင်ကို နောက်ပိုင်းမှာ ရှေ့နေချုပ်က ဆုံးဖြတ်သွား မှာဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၂၂ ခုနှစ် မေလအတွင်းက ၎င်းကျူးလွန်ခဲ့တဲ့ သေ နတ်ပစ်ခတ်မှုအပြီး ဂျန်ဒရွန်ကို အာမခံမပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

 

နယူးယောက်ပြည်နယ်မှာ ထောင်ဒဏ်တစ်သက်ဟာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး သေဒဏ်ကို ၂၀၀၄ ခုနှစ်က ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

Ref: The Buffalo Tops shooter has been sentenced to life in prison without parole

 

#PeopleMedia

 

(unicode)


…………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: The Buffalo Tops shooter has been sentenced to life in prison without parole

 

#PeopleMedia


Share this post