• Follow Us on

Home ဘယ်လာရုစ်နိုင်ငံ တိုက်ခိုက်ခံရမှသာ ယူကရိန်းစစ်ပွဲထဲပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ဘယ်လာရုစ်အစိုးရပြော

ဘယ်လာရုစ်နိုင်ငံ တိုက်ခိုက်ခံရမှသာ ယူကရိန်းစစ်ပွဲထဲပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ဘယ်လာရုစ်အစိုးရပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

ယူကရိန်းစစ်တပ်က စတင်တိုက်ခိုက်လာပြီဆိုမှသာ ဘယ်လာရုစ်အနေနဲ့ ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက် သွားမှာဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြော ကြားလိုက်ပါတယ်။

 

“ယူကရိန်းစစ်သားတစ်ယောက်ယောက်က ကျွန်တော်တို့ဘယ်လာရုစ်ပြည်သူတွေကို သတ်ဖြတ်ဖို့ သေနတ် ကိုင်ပြီး ဘယ်လာရုစ်နိုင်ငံထဲကို ဝင်လာတဲ့အခါမျိုးကျမှ ကျွန်တော်တို့ဟာ ရုရှားတပ်တွေနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံပေါ် မူတည်နေပါတယ်။ သူတို့ ဘယ်လာရုစ် နိုင်ငံကိုတိုက်ခိုက်ဖို့ သံန္နိဋ္ဌာန်ချလိုက်တယ်ဆိုရင် ဘယ်လာရုစ်တုံ့ပြန်မှုက အကြမ်းတမ်းဆုံးဖြစ်သွားမှာပါ။” လို့ မင့်စ်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘယ်လာရုစ်သမ္မတက သတင်းထောက်တွေကိုပြောပါတယ်။

 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့အချိန်မှာ ဘယ်လာရုစ်အစိုးရဟာ ၎င်းတို့နိုင်ငံကို ရုရှားရဲ့ ဒုံးကျည်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။

 

ဘယ်လာရုစ်နိုင်ငံဟာ အရေအတွက်မကြေညာတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ၎င်းတို့နိုင်ငံထဲမှာလက်ခံထားပေမဲ့ ယူကရိန်းနယ်စပ်တောင်ပိုင်းက အင်အား ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားရှိတဲ့ ဘယ်လာရုစ်တပ်တွေကို ယူကရိန်းကို စေလွှတ်သွားမှာမဟုတ်ဘူးလို့ လူကာရှန်ကိုက ပြောပါတယ်။

 

လူကာရှန်ကိုက ဘယ်လာရုစ်တပ်တွေကို ယူကရိန်းကို စေလွှတ်သွားမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ကတိပေးခဲ့ ပေမဲ့ ဘယ်လာရုစ်တပ်တွ ယူကရိန်းနိုင်ငံထဲဝင်လာမှာကို စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ဘယ်လာရုစ်နိုင်ငံနဲ့ ပူးပေါင်းပြီး စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်း ကျောင်း ပူးပေါင်းဖွင့်လှစ်မယ့်အစီအစဉ်ကို ထောက်ခံကြောင်း ပြီးခဲ့တဲ့လက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ရုရှား-ဘယ်လာရုစ် ဒေသတွင်းတပ်တွေပူးတွဲတပ်ဖြန့်ချထားမှုတွေပြုလုပ် ခဲ့ကြောင်းကြေညာခဲ့ပြီး ရုရှားတပ်တွေထောင်နဲ့ချီပြီး ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိလာပြီးနောက်ပိုင်းမှာ ပူတင် က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ ခုခံစစ်အတွက်ပဲလို့ပြောဆိုပြီး နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ပြု လုပ်လေ့ရှိပါတယ်။ ဘယ်လာရုစ်တပ်မတော်မှာ တပ်ဖွဲ့ဝင်အင်အား ၇၅၀၀၀ သာရှိပေမဲ့ လိုအပ်လာရင် အင်အား ၅၀၀၀၀၀ အထိ တိုးမြှင့်သွားနိုင်တယ်လို့ သမ္မတလူကာရှန်ကိုက ပြောပါတယ်။

 

လူကာရှန်ကိုက ၎င်းအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ သမ္မတပူတင်နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 

Ref: Belarus Says Will Join Ukraine Offensive ‘Only’ If Attacked

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Belarus Says Will Join Ukraine Offensive ‘Only’ If Attacked

 

#PeopleMedia


Share this post