• Follow Us on

Home ဘယ်လာရုစ်အစိုးရက အမေရိကန်သံအမတ်ခန့်အပ်မှုကို ငြင်းဆိုပြီး ကန်သံတမန်များကို အဆက်အသွယ် ဖြတ်တောက်

ဘယ်လာရုစ်အစိုးရက အမေရိကန်သံအမတ်ခန့်အပ်မှုကို ငြင်းဆိုပြီး ကန်သံတမန်များကို အဆက်အသွယ် ဖြတ်တောက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃ (People Media)

 

အမေရိကန်သံအမတ်ခန့်အပ်လွှာခန့်ပြုချက်ကို ဘယ်လာရုစ်အစိုးရက  ဗုဒ္ဓဟူးနေ့က ပယ်ဖျက်လိုက်ပြီး အမေရိ ကန်အစိုးရ၏အရေးယူပိတ်ဆို့မှုကိုတုံ့ပြန်သောအားဖြင့် ၎င်းတို့၏သံတမန်များကို အဆက်အသွယ်ဖြတ်တောက် သွားရန် အမေရိကန်အစိုးရကိုပြောကြားလိုက်သည်။

 

သမ္မတဂျိုးဘိုင်ဒန်အစိုးရသည် ဘယ်လာရုစ်အစိုးရအား တနင်္လာနေ့က အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ခဲ့ သည်။ ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲကို အကွက်ဆင်ဖန်တီးထားသည်ဟု အတိုက်အခံပါ တီက ပြောဆိုစွပ်စွဲခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အမေရိကန်အစိုးရက ဘယ်လာရုစ်အစိုးရကို အရေးယူပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

 

အာဏာရှင်သမ္မတ အလက်ဇန္ဒါးလူကာရှန်းကိုသည် ခြောက်ကြိမ်မြောက်ပြန်လည်အရွေးခံရသော ၎င်း၏ ရွေး ကောက်ပွဲကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာနှိမ်နှင်းဖြိုခွင်းခဲ့ရာ လူပေါင်း ၃၅,၀၀၀ အဖမ်းခံခဲ့ရပြီး လူပေါင်းမြောက်များစွာရိုက်နှက်ခံခဲ့ရသည်။

 

အမေရိကန်၏ အရေးယူပိတ်ဆို့မှုအသစ်မှာ ဘယ်လာရုစ်နိုင်ငံအတွက် ဝင်ငွေအများဆုံးရှာပေးနိုင်သော အကြီး မားဆုံးကုမ္ပဏီကြီးဖြစ်သည့် ပိုတက်ရှ်မြေသြဇာကုမ္ပဏီ၊ ဘယ်လာရုစ်အမျိုးသားအိုလံပစ်ကော်မတီနှင့် ဘယ် လာရုစ်အာဏာပိုင်များနှင့်နီးစပ်သည့် ကုမ္ပဏီ ၁၅ ခုတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်၏လုပ်ရပ်ကို “အရှက်မရှိသော ရန်လိုသည့်လုပ်ရပ်” အဖြစ် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အန်တိုနီဂလက်ဇ်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဘယ်လာရုစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီဖစ်ရှာ၏ ခန့်အပ်လွှာသဘောတူညီချက်ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာလိုက်သည်။

 

၂၀၀၈ ခုနှစ်ကတည်းက ဘယ်လာရုစ်နိုင်ငံဆိုင်ရာအမေရိကန်၏ပထမဦးဆုံးသော သံအမတ်အဖြစ် ဒီဇင်ဘာလ တွင် ဖစ်ရှာ၏ခန့်အပ်လွှာကို သဘောတူခဲ့သော်လည်း ဘယ်လာရုစ်အစိုးရက သူမကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေး ခဲ့ခြင်းမရှိပေ။  ဖစ်ရှာသည် အိမ်နီးချင်းနိုင်ငံ လစ်သူယေးနီးယားတွင် ဆက်လက်နေထိုင်ပြီး ဘီလာရုစ်အစိုးရ၏ အဓိကအတိုက်အခံဖြစ်သူ ဆဗီယာလာနာ ဆက်ဟာနက်စ်ကာယာနှင့် ဆက်သွယ်ခဲ့သည်။ ဆက်ဟာနက်စ် ကာယာမှာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ကကျင်းပသည့်အထွေထွေရွေးကောက်ပွဲအပြီးတွင် ဘယ်လာ ရုစ်အာဏာပိုင်များကြောင့် တိုင်းပြည်မှထွက်ခွာလာခဲ့သူဖြစ်သည်။

 

“ဘယ်လာရုစ်ပြည်သူတွေကို အဆက်မပြတ်ဖိနှပ်မှုတွေကြောင့် အမေရိကန်-ဘယ်လာရုစ်ဆက်ဆံရေး ပိုပြီး ဆိုးရွားလာတာနဲ့ပတ်သက်လို့ ဘယ်လာရုစ်အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်ကပြောသည်။ ဘယ်လာရုစ်အစိုးရသည် အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ အားကစားသမားများ၊ ကျောင်းသားများ၊ ဥပဒေပညာရှင်များနှင့် အခြားအရပ်သားများကို ပစ်မှတ် ထားတိုက်ခိုက်နေကြောင်း ပရိုက်စ်ကပြောသည်။

 

“အမေရိကန်ပြည်ထောင်စုအစိုးရ၊ သံအမတ်ကြီးဖစ်ရှာနဲ့ မင့်စ်မြို့မှာရှိနေတဲ့ သံတမန်ဝန်ထမ်းတွေဟာ ဘယ် လာရုစ်ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ပြင်းပြဆဲ့စိတ်ဓာတ်ကို ဆက်လက်ပံ့ပိုးထောက်ခံသွားမှာပါ။ ဒီမို ကရေစီလိုလားတဲ့ခေါင်းဆောင်တွေ၊ မီဒီယာသမားတွေ၊ ကျောင်းသားတွေနဲ့ တခြားလူမှုအဖွဲ့အစည်းကပုဂ္ဂိုလ် တွေအပါအဝင် ဘယ်လာရုစ်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံသွားမှာပါ။” ဟု နက်ဒ်ပရိုက်စ်ကပြောသည်။

 

Ref: Belarus denies entry to US ambassador, cuts US Embassy staff

 

#PeopleMedia #ဘယ်လာရုစ်အစိုးရ

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Belarus denies entry to US ambassador, cuts US Embassy staff

 



Share this post