• Follow Us on

Home ဘယ်လာရုစ်နိုင်ငံက ရုရှားကျူးကျော်မှုကိုထောက်ပံ့တဲ့အနေနဲ့ ၎င်းတို့တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၈ ရက် နေ့မှာ ယူကရိန်းသို့ စေလွှတ်နိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးပြော

ဘယ်လာရုစ်နိုင်ငံက ရုရှားကျူးကျော်မှုကိုထောက်ပံ့တဲ့အနေနဲ့ ၎င်းတို့တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၈ ရက် နေ့မှာ ယူကရိန်းသို့ စေလွှတ်နိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးပြော

Share this post

Open photo

Open photo

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈ (People Media)

 

ရုရှားနိုင်ငံရဲ့ကျူးကျော်စစ်ကိုထောက်ပံ့တဲ့အနေနဲ့ ဘယ်လာရုစ်နိုင်ငံက ၎င်းတို့တပ်ဖွဲ့ဝင်တွေကို ယူကရိန်းနိုင်ငံ ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စေလွှတ်သွားနိုင်ကြောင်း အမေရိကန်အရာရှိတစ်ယောက်က ပြောပါတယ်။

 

ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး အ ရင်တုန်းက ဆိုဗီယက်အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ဘိုင်လိုရုရှားခေါ် ဘယ်လာရုစ်နိုင်ငံကို ယူကရိန်းနိုင်ငံကို ကျူး ကျော်တိုက်ခိုက်ဖို့ ခြေကုပ်စခန်းတစ်ခုအဖြစ် ရုရှားနိုင်ငံက အသုံးပြုခဲ့ပါတယ်။

 

“ဘယ်လာရုစ်အစိုးရဟာ အခုအချိန်မှာ ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်နေတာ ထင်ထင်ရှားရှားတွေ့မြင်နေရပါ တယ်။” လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ဝါရှင်တန်ပို့စ် သတင်းစာကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကပြောပါတယ်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့အစောပိုင်းမှာပြုလုပ်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံက လူထုဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို လူထုကထောက်ခံခဲ့ကြပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ နိုင်ငံရဲ့နျူကလီးယားလက် နက်မကိုင်ဆောင်ရေးမူဝါဒကို စွန့်လွှတ်လိုက်ပြီး လက်ရှိအချိန်မှာ ရုရှားနိုင်ငံကနေ လက်နက်တွေရရှိလာနိုင် တယ်လို့ ဆိုပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးတဲ့နောက်ပိုင်း နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံ မှာ အခုဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပထမဦးဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက်တွေ ပြန်လည်တွေ့ မြင်လာရနိုင်ပါတယ်။ သမ္မတလူကာရှန်ကိုက နျူကလီးယားလက်နက်တွေ ဘယ်လာရုစ်နိုင်ငံကို ပြန်ပို့ပေးဖို့ ၎င်းအနေနဲ့ သမ္မတပူတင် ထံမှာတောင်းဆိုနိုင်ကြောင်း မဲဆန္ဒရုံတစ်ခုမှာပြောကြားခဲ့ပါတယ်။

 

“တကယ်လို့ အနောက်အုပ်စုက သူတို့ရဲ့နျူကလီးယားလက်နက်တွေကို ပိုလန် ဒါမှမဟုတ် လစ်ယူယေးနီးယား နဲ့ ကျွန်တော်တို့နိုင်ငံနယ်စပ်ဒေသတွေကို ပို့ဆောင်လာမယ်ဆိုရင် ကျွန်တော်ကလည်း ကျွန်တော်တို့ နျူကလီး ယားလက်နက်တွေကို ကျွန်တော်တို့နိုင်ငံဆီကို ပြန်လည်ပို့ဆောင်ဖို့ သမ္မတပူတင်ထံမှာ တောင်းဆိုသွားမှာပါ။ အဲဒီနျူုကလီးယားလက်နက်တွေကို ဘာစည်းကမ်းသတ်မှတ်ချက်မှ မရှိဘဲ ကျွန်တော်တို့ စွန့်လွှတ်ခဲ့တာပါ။” လို့ သမ္မတလူကာရှိန်ကိုက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ ဘယ်လာရုစ်နယ်စပ်အနီးမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေး ကြမှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

“တကယ်လို့ တွေ့ဆုံဆွေးနွေးမှုတွေ ငြိမ်းချမ်းစွာပြီးမြောက်သွားပြီး စစ်ပွဲကို အဆုံးသတ်သွားနိုင်မယ်ဆိုရင် တော့ ကျွနတော်တို့တွေ ပျော်ရွှင်ကြရမှာပါ။ ဒါပေမဲ့ ကျွန်တော်အလေးအနက်ထပ်ပြောလိုတာက ကျွန်တော်တို့ အရှုံးပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မြေ တစ်လက်မမှ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။” လို့ ကုလသမဂ္ဂ ဆိုင်ရာယူကရိန်းသံအမတ်ကြီးက တနင်္ဂနွေနေ့က ပြောပါတယ်။

 

Ref: Belarus could send troops into Ukraine to support Russian invasion on Monday, US official says

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Belarus could send troops into Ukraine to support Russian invasion on Monday, US official says

 

#PeopleMedia


Share this post