• Follow Us on

Home ဘယ်လာရုစ်နိုင်ငံတွင် ရုရှားတပ်များ အမြဲတမ်းတပ်စွဲထားပြီး နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားမည် ကို အမေရိကန် စိုးရိမ်ပူပန်နေ

ဘယ်လာရုစ်နိုင်ငံတွင် ရုရှားတပ်များ အမြဲတမ်းတပ်စွဲထားပြီး နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားမည် ကို အမေရိကန် စိုးရိမ်ပူပန်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

 

ဘယ်လာရုစ်နိုင်ငံတွင် စစ်ရေးလေ့ကျင့်ရန်အတွက် ရောက်ရှိနေသော ရုရှားတပ်များအနေဖြင့် ဘယ်လာရုစ်နိုင် ငံတွင် အမြဲတမ်းတပ်စခန်းချနေထိုင်သွားပြီး နိုင်ငံအတွင်း နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားမည်ကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနထိပ်တန်းအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားလိုက်သည်။

 

လာမည့်လတွင် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ မဟာမိတ်ဖြစ်သော ဘယ်လာ ရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ကြေညာချက်ထုတ်ပြန်လိုက်ပြီးနောက် ရုရှားတပ်များ ဘယ်လာရုစ်နိုင် ငံအတွင်းသို့ ချီတက်သွားကြသည်။

 

ဒေသတွင်းရှိ နိုင်ငံများကို ကြိုတင်သတိပေးခြင်းမရှိဘဲ ရုရှားတပ်များ ဘယ်လာရုစ်နိုင်ငံသို့ ယခုလို စေလွှတ်ခဲ့ ခြင်းကြောင့် ဘယ်လာရုစ်နိုင်ငံနှင့် အိမ်နီးချင်းဖြစ်သော ယူကရိန်းနိုင်ငံကို ရုရှားတပ်များကျူးကျော်တိုက်ခိုက် လာမည့်အရေး စိုးရိမ်ပူပန်လျက်ရှိသော အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား တင်းမာမှုများ ပိုမိုမြင့်တက် လာခဲ့သည်။

 

ဘယ်လာရုစ်နိုင်ငံတွင် ရောက်ရှိနေသော ရုရှားတပ်ဖွဲ့ဝင်အင်အားမှာ သာမန်စစ်ရေးလေ့ကျင့်မှုတစ်ခုတွင်ပါဝင် ဆောင်ရွက်လေ့ရှိသော မျှော်လင့်ထားသည့် အင်အားထက်ကျော်လွန်၍ ပိုမိုများပြားနေကြောင်း အမည်မဖော် လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

 

“အချိန်ကိုက်ဆောင်ရွက်မှုတွေက မှတ်သားစရာပါ။ ယူကရိန်းနိုင်ငံကို တိုက်ခိုက်ဖို့အတွက် နှစ်နိုင်ငံ ပူးတွဲ စစ် ရေးလေ့ကျင့်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဘယ်လာရုစ်နိုင်ငံမှာ ရုရှားတပ်တွေ အခြေချနေထိုင်နိုင်ပါတယ်။ အဲဒီလို အခြေချနေထိုင်သွားမှာကို ကျွန်တော်တို့ စိုးရိမ်နေတာပါ။” ဟု အဆိုပါအရာရှိက ပြောသည်။

 

ဘယ်လာရုစ်ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လာမည့်လတွင် လူထုဆန္ဒခံယူပွဲ ကျင်းပပြု လုပ်သွားမည်ဖြစ်ရာ ယင်းအသစ်ပြုပြင်လိုက်သောဖွဲ့စည်းပုံအခြေခံဥပဒေအရ ရုရှားတပ်များအမြဲတမ်းတပ်စွဲ ထားရန် ခွင့်ပြုလိုက်နိုင်ကြောင်း ယင်းအရာရှိကပြောသည်။

 

“အဲဒီအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းမှာပါတဲ့ ပြဋ္ဌာန်းချက်တွေမှာ ဘယ်လာရုစ်နိုင်ငံမှာ ရုရှားသမရိုးကျတပ် တွေနဲ့ နျူကလီးယားတပ်ဖွဲ့တွေကို အခြေချခွင့်ပြုဖို့ ခွင့်ပြုတာတွေ ပါကောင်းပါလာနိုင်ပါတယ်။ ဒါဟာ တုံ့ပြန်ဖို့ လိုအပ်တဲ့ ဥရောပလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။” ” ဟု ၎င်းက ပြောသည်။ ဘယ်လာ ရစ်နိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော ပိုလန်နိုင်ငံနှင့်လည်း နယ်နိမိတ်ချင်းထိစပ်နေသည့်နိုင်ငံဖြစ်သည်။

 

ရုရှားတပ်ဖွဲ့ဝင်အင်အားမှာ သာမန်စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်လေ့ရှိသည့်အင်အားထက် ကျော်လွန်များပြားနေ ကြောင်း၊ သာမန်စစ်ရေးလေ့ကျင့်မှုတွင် အင်အား ၉,၀၀၀ ခန့်သာ ပါဝင်လေ့ကျင့်လေ့ရှိပြီး စစ်ရေးလေ့ကျင့်မှုမ  ပြုလုပ်မီ ၂၄ ရက် ကြိုတင်ကြေညာရကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၁၃,၀၀၀ ကျော်ပါက နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့မှ စောင့်ကြပ်ကြည့်ရှုရန်လိုအပ်ကြောင်း အဆိုပါအရာရှိကပြောသည်။

 

“ဒါက သာမန်စစ်ရေးလေ့ကျင့်မှုအခြေအနေတွေကို ပြောပြတာပါ။ အခု ကျွန်တော်တို့တွေ့နေရတာက သာမန် စစ်ရေးလေ့ကျင့်မှုအခြေအနေတွေနဲ့ လုံးဝ မတူပါဘူး။ နှစ်ရှည်လများဆိုသလိုပဲ လူကာရှန်ကိုဟာ ထောက်ပံ့မှု အမျိုးအစားအားလုံးအတွက် ရုရှားနိုင်ငံကို ပိုပိုပြီး မှီခိုလာရတယ်။ သူ အဲဒီထောက်ပံ့မှုတွေကို ဘာတစ်ခုမှ အ လကားမရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ရုရှားနိုင်ငံဟာ လူကာရှန်ကိုရဲ့အားနည်းချက်ကို အနိုင်ကျင့် အမြတ်ထုတ်နေပြီး ကျေးဇူးကြွေးတွေ လည်ပင်းနစ်အောင်လုပ်နေတာ ထင်ရှားပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: US Worries Russian Troop Arrival Could Lead to Nuclear Weapons in Belarus

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: US Worries Russian Troop Arrival Could Lead to Nuclear Weapons in Belarus

 

#PeopleMediaa


Share this post