• Follow Us on

Home ဘရာဇီးဂႏၲဝင္ေဘာလုံးသမား ရိုနယ္လ္ဒင္ဟို ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရ

ဘရာဇီးဂႏၲဝင္ေဘာလုံးသမား ရိုနယ္လ္ဒင္ဟို ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၆
 
ဘရာဇီးႏွင့္ ဘာစီလိုနာ ေဘာလုံးသမားေဟာင္း ရိုနယ္လ္ဒင္ဟိုက သူ႔အေနျဖင့္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ရေသာ္လည္း က်န္းမာေရးေကာင္းမြန္ေၾကာင္း ပရိသတ္မ်ားသို႔ ေျပာၾကားလိုက္သည္။
 
အသက္ ၄၀ ႏွစ္အရြယ္ ဂႏၲဝင္ကစားသမား ရိုနယ္လ္ဒင္ဟိုက ေစ်းကြက္ျမႇင့္တင္ေရး အခမ္းအနားတစ္ခု တက္ေရာက္ရန္ စီစဥ္ထားရာ ဘရာဇီးနိုင္ငံအေရွ႕ေတာင္ပိုင္း ဘယ္လိုေဟာ္ရီဇြန္တီၿမိဳ႕၌ ပုံမွန္စစ္ေဆးမႈတစ္ရပ္ ျပဳလုပ္ၿပီးေနာက္ ဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
 
“ကၽြန္ေတာ္ က်န္းမာေရးစစ္ေဆးမႈျပဳလုပ္တာ ကိုဗစ္-၁၉ ေရာဂါပိုး စမ္းသပ္ေတြ႕ရွိခဲ့ပါတယ္။ ကၽြန္ေတာ္ က်န္းမာေရးေကာင္းမြန္ၿပီး အခုခ်ိန္ထိ ေရာဂါလကၡဏာမျပပါဘူး။ အားလုံးအဆင္ေျပသြားမယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္” ဟု ရိုနယ္လ္ဒင္ဟိုက ေအာက္တိုဘာလ ၂၅ ရက္တြင္ အင္စတာဂရမ္၌ ေရးသားခဲ့သည္။
 
ၾသဂုတ္လအတြင္း ပါရာေဂြးနိုင္ငံ၌ ေနအိမ္အက်ယ္ခ်ဳပ္မွ လြတ္ေျမာက္လာၿပီးေနာက္ပိုင္း ရိုနယ္လ္ဒင္ဟိုက မထင္မရွား ေနထိုင္လ်က္ရွိသည္။
 
ကမၻာ့ဖလားဆုရ ရိုနယ္လ္ဒင္ဟိုႏွင့္ အစ္ကိုျဖစ္သူ ေရာဘတ္တိုအဆစ္တို႔အား ပါရာေဂြးနိုင္ငံအတြင္း နိုင္ငံကူးလက္မွတ္အတုမ်ား အသုံးျပဳ၍ ဝင္ေရာက္မႈေၾကာင့္ ေျခာက္လၾကာထိန္းသိမ္းခဲ့သည္။
 
ဂရီမီယို၊ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာ၊ ေအစီမီလန္၊ အက္သလစ္တီကိုမန္နဲရိုးႏွင့္ အျခားကလပ္မ်ား၌ ပေရာ္ ဖက္ရွင္နယ္ကစားသမားဘဝျဖတ္သန္းၿပီးေနာက္ ရိုဒယ္လ္ဒင္ဟိုက ၂၀၁၈ ခုႏွစ္တြင္ ေဘာလုံးေလာကမွ အနားယူခဲ့သည္။
 
ရိုဒယ္လ္ဒင္ဟိုက ၂၀၀၂ ခုႏွစ္ ကမၻာ့ဖလားဆုရွိခဲ့သည့္ ဘရာဇီးအသင္းသားတစ္ဦးျဖစ္သလို ကမၻာ့ အေကာင္းဆုံးေဘာလုံးသမားဆုကို ႏွစ္ႀကိမ္ရရွိခဲ့ဖူးသည္။
 
ကိုးကား – ဆင္ဟြာ
 
Ref; Ronaldinho tests positive for coronavirus
 
#PeopleMedia
 
(unicode)
ဘရာဇီးဂန္တဝင်ဘောလုံးသမား ရိုနယ်လ်ဒင်ဟို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
………………………………………………….
 
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
 
ဘရာဇီးနှင့် ဘာစီလိုနာ ဘောလုံးသမားဟောင်း ရိုနယ်လ်ဒင်ဟိုက သူ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ပရိသတ်များသို့ ပြောကြားလိုက်သည်။
 
အသက် ၄၀ နှစ်အရွယ် ဂန္တဝင်ကစားသမား ရိုနယ်လ်ဒင်ဟိုက စျေးကွက်မြှင့်တင်ရေး အခမ်းအနားတစ်ခု တက်ရောက်ရန် စီစဉ်ထားရာ ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဘယ်လိုဟော်ရီဇွန်တီမြို့၌ ပုံမှန်စစ်ဆေးမှုတစ်ရပ် ပြုလုပ်ပြီးနောက် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
“ကျွန်တော် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တာ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ကျွန်တော် ကျန်းမာရေးကောင်းမွန်ပြီး အခုချိန်ထိ ရောဂါလက္ခဏာမပြပါဘူး။ အားလုံးအဆင်ပြေသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ရိုနယ်လ်ဒင်ဟိုက အောက်တိုဘာလ ၂၅ ရက်တွင် အင်စတာဂရမ်၌ ရေးသားခဲ့သည်။
 
သြဂုတ်လအတွင်း ပါရာဂွေးနိုင်ငံ၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ရိုနယ်လ်ဒင်ဟိုက မထင်မရှား နေထိုင်လျက်ရှိသည်။
 
ကမ္ဘာ့ဖလားဆုရ ရိုနယ်လ်ဒင်ဟိုနှင့် အစ်ကိုဖြစ်သူ ရောဘတ်တိုအဆစ်တို့အား ပါရာဂွေးနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်အတုများ အသုံးပြု၍ ဝင်ရောက်မှုကြောင့် ခြောက်လကြာထိန်းသိမ်းခဲ့သည်။
 
ဂရီမီယို၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ အေစီမီလန်၊ အက်သလစ်တီကိုမန်နဲရိုးနှင့် အခြားကလပ်များ၌ ပရော် ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းပြီးနောက် ရိုဒယ်လ်ဒင်ဟိုက ၂၀၁၈ ခုနှစ်တွင် ဘောလုံးလောကမှ အနားယူခဲ့သည်။
 
ရိုဒယ်လ်ဒင်ဟိုက ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားဆုရှိခဲ့သည့် ဘရာဇီးအသင်းသားတစ်ဦးဖြစ်သလို ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုကို နှစ်ကြိမ်ရရှိခဲ့ဖူးသည်။
 
ကိုးကား – ဆင်ဟွာ
 
Ref; Ronaldinho tests positive for coronavirus
 
#PeopleMedia

Share this post