• Follow Us on
Latest News

Home ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းကျော်လာ


Share this post








#PeopleMedia

(unicode)
ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းကျော်လာ
………………………………………………

ရီယိုဒီဂျနေယို၊ ဇွန် ၂၀

ကူးစက်ခံရမှုတွေမြင့်တက်နေတဲ့ဘရာဇီးနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁ သန်းကျော်သွားပြီလို့ အတည်ပြု နိုင်ပြီး လူ ၁ သန်းကျော်ကူးစက်ခံရတဲ့ဒုတိယမြောက်နိုင်ငံဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံမှာ ကူးစက်မှုစံချိန်တက်ခဲ့ပြီး အတည်ပြုလူနာ ၅၄၀၀၀ ကျော်ရှိလာပါ တယ်။

ဒါ့အပြင် သေဆုံးသူ ၁၂၀၀ ကျော်တာလည်း ၄ ရက်ဆက်တိုက်ရှိနေပြီး သေဆုံးသူ ၄၉၀၀၀ နီးပါးရှိလာပါပြီ။

စမ်းသပ်မှုကင်းမဲ့နေတာကြောင့် အမှန်တကယ်ကူးစက်ခံရတဲ့ဦးရေပိုများနိုင်ပြီး အများဆုံးကူးစက်မှုရောက်ဖို့ သီတင်းပတ်တွေအများကြီးလိုသေးတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

အမေရိကန်မှာတော့ ကူးစက်မှုပိုများပြီး ကူးစက်ခံရသူ ၂ သန်းကျော်ရှိနေပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ ကူး စက်ခံရသူ ၈၇၀၀၀၀၀ ကျော်လာပြီး သေဆုံးသူ ၄ သိန်းကျော်ရှိနေပါတယ်။

Ref : Coronavirus: Brazil becomes second country to hit one million cases

#PeopleMedia


Share this post