• Follow Us on
Latest News

Home ဘရာဇီးသမၼတကို COVID-19 ေရာဂါ႐ွိ၊ မ႐ွိ ဒုတိယအႀကိမ္ေျမာက္စစ္ ေဆး

ဘရာဇီးသမၼတကို COVID-19 ေရာဂါ႐ွိ၊ မ႐ွိ ဒုတိယအႀကိမ္ေျမာက္စစ္ ေဆး

Share this post

ရီယိုဒီဂ်ေနး႐ို၊ ဇူလိုင္ ၇

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရျခင္း႐ွိ၊ မ႐ွိ ေနာက္တစ္ႀကိမ္ထပ္မံစစ္ေဆးခံခဲ့ေၾကာင္း ဘရာဇီးသမၼတေဂ်း ေဘာ္ဆိုနာ႐ိုက တနလၤာေန႔တြင္ေျပာသည္။

ဖ်ားနာျခင္းအပါအ၀င္ COVID-19 အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါႏွင့္ ဆက္စပ္သည့္ လကၡဏာမ်ား ခံစားေနရေၾကာင္း ေဒသတြင္းမီဒီယာမ်ားကေဖာ္ျပၿပီးေနာက္ ထပ္မံစစ္ေဆးခံခဲ့ျခင္းျဖစ္သည္။

သူ႔အဆုတ္တြင္ ႐ွင္းလင္းေနေၾကာင္း သမၼတအိမ္ေတာ္အျပင္ဘက္႐ွိေထာက္ခံသူမ်ားကို ေဘာ္ဆိုနာ႐ိုကေျပာ သည္။

စစ္ေဆး႐ံုတစ္႐ံုတြင္ ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ သူ႔အဆုတ္မ်ားကို X-Ray ဓာတ္မွန္႐ိုက္ခဲ့ၿပီး ယေန႔တြင္ စစ္ေဆးမႈအေျဖထြက္မည္ဟု CNN ကို ေဘာ္ဆိုနာ႐ိုကေျပာသည္။

တနလၤာေန႔အထိအခ်က္အလက္မ်ားအရ ကူးစက္ခံရသူ ၁.၆ သန္း႐ွိၿပီး ေသဆံုးသူ ၆၅၀၀၀ ေက်ာ္႐ွိေနသည့္ ဘရာဇီးတြင္ ကို႐ိုနာဗိုင္းရပ္စ္ဆိုးက်ိဳးသက္ေရာက္မႈကို ေဘာ္ဆိုနာ႐ိုက သက္သာသေယာင္ေျပာဆိုထားသည္။

ဇြန္လကုန္ပိုင္းတြင္ ဘရာဇီးတရားသူႀကီးတစ္ေယာက္က သူ႔ကို လူအမ်ားၾကားတြင္ ႏွာေခါင္းစည္းတပ္ရန္ အမိန္႔ခ်ထားေသာ္လည္း လက္ယာယိမ္းလူအမ်ားႀကိဳက္သမၼတသည္ စည္းမ်ဥ္းစည္းကမ္းမ်ားကို မၾကာခဏ ေသြဖီေလ့႐ွိသည္။

ၿပီးခဲ့သည့္႐ံုးပိတ္ရက္ကာလတြင္ အခမ္းအနားအမ်ားအျပားတက္ေရာက္ခဲ့ၿပီး ဘရာဇီးႏိုင္ငံဆိုင္ရာအေမရိကန္ သံ႐ံုးတြင္ ျပဳလုပ္သည့္ အေမရိကန္လြတ္လပ္ေရးေန႔အခမ္းအနားတြင္ အေမရိကန္သံအမတ္ႀကီးႏွင့္ နီးနီးကပ္ ကပ္ထိေတြ႕ခဲ့သည္။

မတ္လက အေမရိကန္သမၼတေဒၚနယ္ ထရမ့္ႏွင့္ ေတြ႕ဆံုၿပီးေနာက္ သူ႔အႀကံေပးမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူး စက္ခံထားရသျဖင့္ သူ႔ကိုလည္း စစ္ေဆးခဲ့ၿပီး ထိုစဥ္က ကူးစက္ခံရျခင္းမ႐ွိေၾကာင္းအေျဖထြက္ခဲ့သည္။

Ref : Brazil’s Bolsonaro tests again for COVID-19

#PeopleMedia

(unicode)
ဘရာဇီးသမ္မတကို COVID-19 ရောဂါရှိ၊ မရှိ ဒုတိယအကြိမ်မြောက် စစ် ဆေး
……………………………………………

ရီယိုဒီဂျနေးရို၊ ဇူလိုင် ၇

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ၊ မရှိ နောက်တစ်ကြိမ်ထပ်မံစစ်ဆေးခံခဲ့ကြောင်း ဘရာဇီးသမ္မတဂျေး ဘော်ဆိုနာရိုက တနင်္လာနေ့တွင်ပြောသည်။

ဖျားနာခြင်းအပါအဝင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ဆက်စပ်သည့် လက္ခဏာများ ခံစားနေရကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြပြီးနောက် ထပ်မံစစ်ဆေးခံခဲ့ခြင်းဖြစ်သည်။

သူ့အဆုတ်တွင် ရှင်းလင်းနေကြောင်း သမ္မတအိမ်တော်အပြင်ဘက်ရှိထောက်ခံသူများကို ဘော်ဆိုနာရိုကပြော သည်။

စစ်ဆေးရုံတစ်ရုံတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ့အဆုတ်များကို X-Ray ဓာတ်မှန်ရိုက်ခဲ့ပြီး ယနေ့တွင် စစ်ဆေးမှုအဖြေထွက်မည်ဟု CNN ကို ဘော်ဆိုနာရိုကပြောသည်။

တနင်္လာနေ့အထိအချက်အလက်များအရ ကူးစက်ခံရသူ ၁.၆ သန်းရှိပြီး သေဆုံးသူ ၆၅၀၀၀ ကျော်ရှိနေသည့် ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုးကျိုးသက်ရောက်မှုကို ဘော်ဆိုနာရိုက သက်သာသယောင်ပြောဆိုထားသည်။

ဇွန်လကုန်ပိုင်းတွင် ဘရာဇီးတရားသူကြီးတစ်ယောက်က သူ့ကို လူအများကြားတွင် နှာခေါင်းစည်းတပ်ရန် အမိန့်ချထားသော်လည်း လက်ယာယိမ်းလူအများကြိုက်သမ္မတသည် စည်းမျဉ်းစည်းကမ်းများကို မကြာခဏ သွေဖီလေ့ရှိသည်။

ပြီးခဲ့သည့်ရုံးပိတ်ရက်ကာလတွင် အခမ်းအနားအများအပြားတက်ရောက်ခဲ့ပြီး ဘရာဇီးနိုင်ငံဆိုင်ရာအမေရိကန် သံရုံးတွင် ပြုလုပ်သည့် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားတွင် အမေရိကန်သံအမတ်ကြီးနှင့် နီးနီးကပ် ကပ်ထိတွေ့ခဲ့သည်။

မတ်လက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့် တွေ့ဆုံပြီးနောက် သူ့အကြံပေးများတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရသဖြင့် သူ့ကိုလည်း စစ်ဆေးခဲ့ပြီး ထိုစဉ်က ကူးစက်ခံရခြင်းမရှိကြောင်းအဖြေထွက်ခဲ့သည်။

Ref : Brazil’s Bolsonaro tests again for COVID-19

#PeopleMedia


Share this post