• Follow Us on

Home ဘရာဇီးႏိုင္ငံက ကမၻာေပၚ၌ ငါးရက္ဆက္တိုက္ ကိုဗစ္-၁၉ ေသဆုံးမႈ အျမင့္ဆုံးတိုင္းျပည္ ျဖစ္လာ

ဘရာဇီးႏိုင္ငံက ကမၻာေပၚ၌ ငါးရက္ဆက္တိုက္ ကိုဗစ္-၁၉ ေသဆုံးမႈ အျမင့္ဆုံးတိုင္းျပည္ ျဖစ္လာ

Share this post

၂၀၂၀၊ ေမ ၂၇

ယမန္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၁၀၃၉ ဦး ေသဆုံးခဲ့ရာ ကမၻာေပၚ၌ ေန႔စဥ္ေသဆုံးမႈႏႈန္း ငါးရက္ ဆက္တိုက္ အျမင့္ဆုံးျဖစ္လာခဲ့သည္ဟု ဘရာဇီးႏိုင္ငံက ေၾကညာခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဗဟိုခ်က္မျဖစ္လာခဲ့သည့္ ဘရာဇီးႏိုင္ငံ၏ ေန႔စဥ္ေသဆုံးမႈႏႈန္းက အဆိုပါ ဗိုင္းရပ္စ္ ဒဏ္ အဆိုးရြားဆုံးခံရသည့္ အေမရိကန္ႏိုင္ငံကို ေက်ာ္ျဖတ္သြားခဲ့သည္။

အေမရိကန္ႏိုင္ငံတြင္ ယမန္ေန႔က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူ ၆၅၇ ဦး ေသဆုံးခဲ့ရာ ေသဆုံးသူစုစုေပါင္းမွာ ၉၈၈၇၅ ဦးအထိ ေရာက္ရွိလာခဲ့ၿပီဟု ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ ေျပာၾကားခ်က္အရသိရသည္။

ၿပီးခဲ့သည့္တစ္ပတ္ေက်ာ္က ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားမႈျမင့္တက္လာၿပီးေနာက္ပိုင္း ဘရာဇီးႏိုင္ငံတြင္ ေသဆုံးသူ ၁၀၀၀ ေက်ာ္ခဲ့သည္မွာ ေလးႀကိမ္ရွိၿပီျဖစ္သည္။

လက္ရွိအခ်ိန္ထိ ဘရာဇီးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၄၅၁၂ ဦးရွိလာခဲ့ၿပီျဖစ္သည္။

လူဦးေရ သန္း ၂၁၀ ေက်ာ္သည့္ ဘရာဇီးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၃၉၁၂၂၂ မႈ ျဖစ္ပြားခဲ့ၿပီး ကူး စက္မႈ ၁ ဒသမ ၆၈ သန္းေက်ာ္ျဖစ္ပြားသည့္ အေမရိကန္ႏိုင္ငံၿပီးလွ်င္ ကူးစက္မႈဒုတိယအမ်ားဆုံးတိုင္းျပည္ ျဖစ္လာခဲ့သည္။
လက္ယာယိမ္း သမၼတ ဂ်ာဘိုလ္ဆိုနာ႐ိုက ကို႐ိုနာဗိုင္းရပ္စ္ကို အထင္ေသးခဲ့ၿပီး အိမ္တြင္းေနအစီအမံမ်ားကို ရႈတ္ခ်ခဲ့ကာ စီးပြားေရးထိခိုက္မႈက ဗိုင္းရပ္စ္ျဖစ္ပြားမႈထက္ ပိုဆိုးရြားေၾကာင္း ေျပာၾကားခဲ့သည္။

ကိုးကား ။ ။ အိႏၵိယတူေဒး

Ref; Brazil reports highest coronavirus death toll in world for fifth straight day

#PeopleMedia

(Unicode)
ဘရာဇီးနိုင်ငံက ကမ္ဘာပေါ်၌ ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ သေဆုံးမှု အမြင့်ဆုံးတိုင်းပြည် ဖြစ်လာ
……………………………………………………

၂၀၂၀၊ မေ ၂၇

ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀၃၉ ဦး သေဆုံးခဲ့ရာ ကမ္ဘာပေါ်၌ နေ့စဉ်သေဆုံးမှုနှုန်း ငါးရက် ဆက်တိုက် အမြင့်ဆုံးဖြစ်လာခဲ့သည်ဟု ဘရာဇီးနိုင်ငံက ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်မဖြစ်လာခဲ့သည့် ဘရာဇီးနိုင်ငံ၏ နေ့စဉ်သေဆုံးမှုနှုန်းက အဆိုပါ ဗိုင်းရပ်စ် ဒဏ် အဆိုးရွားဆုံးခံရသည့် အမေရိကန်နိုင်ငံကို ကျော်ဖြတ်သွားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၆၅၇ ဦး သေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်းမှာ ၉၈၈၇၅ ဦးအထိ ရောက်ရှိလာခဲ့ပြီဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့်တစ်ပတ်ကျော်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်လာပြီးနောက်ပိုင်း ဘရာဇီးနိုင်ငံတွင် သေဆုံးသူ ၁၀၀၀ ကျော်ခဲ့သည်မှာ လေးကြိမ်ရှိပြီဖြစ်သည်။

လက်ရှိအချိန်ထိ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၅၁၂ ဦးရှိလာခဲ့ပြီဖြစ်သည်။

လူဦးရေ သန်း ၂၁၀ ကျော်သည့် ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၃၉၁၂၂၂ မှု ဖြစ်ပွားခဲ့ပြီး ကူး စက်မှု ၁ ဒသမ ၆၈ သန်းကျော်ဖြစ်ပွားသည့် အမေရိကန်နိုင်ငံပြီးလျှင် ကူးစက်မှုဒုတိယအများဆုံးတိုင်းပြည် ဖြစ်လာခဲ့သည်။
လက်ယာယိမ်း သမ္မတ ဂျာဘိုလ်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို အထင်သေးခဲ့ပြီး အိမ်တွင်းနေအစီအမံများကို ရှုတ်ချခဲ့ကာ စီးပွားရေးထိခိုက်မှုက ဗိုင်းရပ်စ်ဖြစ်ပွားမှုထက် ပိုဆိုးရွားကြောင်း ပြောကြားခဲ့သည်။

ကိုးကား ။ ။ အိန္ဒိယတူဒေး

Ref; Brazil reports highest coronavirus death toll in world for fifth straight day

#PeopleMedia


Share this post