• Follow Us on

Home ဘာကီနာဖူဆိုနှင့် နိုင်ဂျာ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးဖြင့် ချေမှုန်းရာ အကြမ်းဖက်သမား ၁၀၀ ဝန်းကျင် သုတ် သင်နိုင်ခဲ့

ဘာကီနာဖူဆိုနှင့် နိုင်ဂျာ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးဖြင့် ချေမှုန်းရာ အကြမ်းဖက်သမား ၁၀၀ ဝန်းကျင် သုတ် သင်နိုင်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁ (People Media)

 

ဘာကီနာဖူဆိုနှင့် နိုင်ဂျာ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ နယ်စပ်ဒေသတွင် ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများကိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၁၀၀ ဝန်းကျင် သေ ဆုံးခဲ့ကြောင်းသိရသည်။

 

နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးကြောင့် အကြမ်းဖက်သမား ၁၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ပြီး သံသယရှိသူ ၂၀ ဝန်း ကျင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဘာကီနာဖူဆိုနှင့် နိုင်ဂျာ နှစ်နိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

နှစ်နိုင်ငံပူးတွဲတပ်များသည် အကြမ်းဖက်သူပုန်စခန်းနှစ်ခုကို သိမ်းဆည်းဖြိုဖျက်ခဲ့ကြောင်း၊ စခန်တစ်ခုမှာ နိုင်ဂျာ နိုင်ငံအနောက်ပိုင်း ကိုကိုလူကိုရှိ စခန်းဖြစ်ပြီး နောက်ထပ်စခန်းတစ်ခုမှာ ဘာကီနာဖူဆိုနိုင်ငံ အရှေ့ပိုင်း ယီရိ တာဂူရှိ စခန်းဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုကြောင့် ဘာကီနာဖူဆိုစစ်သည်လေးဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထးသည်။

 

နှစ်နိုင်ငံတပ်များ၏ ရှေ့တန်းဌာနချုပ်ကို နိုင်ဂျာနိုင်ငံအနောက်ပိုင်း တဲလ်လာဘီရီမြို့တွင် ထားရှိပြီး စစ်ဆင်ရေး ကာလတစ်လျှောက်တွင် ကင်းထောက်လေယာဉ်များ၊ တိုက်လေယာဉ်များနှင့်အတူ ခြေလျင်တိုက်ခိုက်ရေးစစ် သည်များကို တပ်ဖြန့်ချထားပြီး အသုံးပြုခဲ့ကြသည်။

 

တဲလ်လာဘီရီမြို့သည် နိုင်ဂျာနိုင်ငံ၊ ဘာကီနာဖူဆိုနိုင်ငံနှင့် မာလီနိုင်ငံတို့၏ နယ်စပ်ဒေသများဆုံစည်းရာဒေသ ဖြစ်ပြီး ပေါက်ကွဲလုနီးပါးအခြေအနေဖြစ်သည့် နိုင်ငံသုံးနိုင်ငံဆုံရာအရပ်တွင် တည်ရှိနေခြင်းဖြစ်သည်။

 

အယ်ကိုင်ဒါအကြမ်းဖက်အုပ်စု၊ အိုက်အက်စ်အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်နေသည့် ဒေသတွင်းအကြမ်း ဖက်အုပ်စုများသည် ၂၀၁၅ ခုနှစ်ကတည်းက ဆာဟဲဒေသကို ဒုက္ခပေးလာခဲ့ခြင်းဖြစ်သည်။

 

Ref: Burkina Faso and Niger Say Joint Operation Killed 100 ‘Terrorists’

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Burkina Faso and Niger Say Joint Operation Killed 100 ‘Terrorists’

 

#PeopleMedia


Share this post