• Follow Us on

Home ဘာစီလိုနာ တိရစၧာန္ဥယ်ာဥ္ရွိ ျခေသၤ့ ေလးေကာင္၌ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိ

ဘာစီလိုနာ တိရစၧာန္ဥယ်ာဥ္ရွိ ျခေသၤ့ ေလးေကာင္၌ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၉ (PeopleMedia)
စပိန္နိုင္ငံ ဘာစီလိုနာၿမိဳ႕ရွိ တိရစၧာန္ ဥယ်ာဥ္တစ္ခုမွ ျခေသၤ့ေလးေကာင္တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။
ဇာလာ၊ နီမာႏွင့္ ရမ္ရမ္ဟု အမည္ေပးထားသည့္ ျခေသၤ့အမသုံးေကာင္ႏွင့္ ကီရမ္ေဘဟု ေခၚဆိုသည့္ ျခေသၤ့ထီးတစ္ေကာင္ကို ဗိုင္းရပ္စ္လကၡဏာမ်ား ျပသမႈေၾကာင့္ စစ္ေဆးမႈ ျပဳလုပ္ခဲ့သည္။
တိရစၧာန္႐ုံဝန္ထမ္းႏွစ္ဦးတြင္လည္း ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ျခေသၤ့မ်ား မည္ကဲ့ သို႔ ဗိုင္းရပ္စ္ကူးစက္ခံရသည္ကို စုံစမ္းစစ္ေဆးမႈတစ္ရပ္ ျပဳလုပ္ေနၿပီး ကိုဗစ္-၁၉ ေရာဂါ လကၡဏာမျပသည့္ ဝန္ ထမ္းတစ္ဦးမွ ကူးစက္ခဲ့ဖြယ္ရွိသည္ဟု ယူဆရသည္။
တိရစၧာန္ဥယ်ာဥ္မႉးမ်ားက ဝန္ထမ္းမ်ားႏွင့္ အနီးကပ္ ထိေတြ႕ခဲ့သည့္ ျခေသၤ့ေလးေကာင္မွ PCR ျဖင့္ တို႔ ဖတ္နမူနာယူ၍ စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။
ျခေသၤ့မ်ားက အသက္႐ူလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား ျပသခဲ့ေၾကာင္း တိရစၧာန္ဉယ်ာဥ္၏ အေစာပိုင္း ထုတ္ျပန္ခ်က္တစ္ရပ္အရ သိရသည္။
တိရစၧာန္ဥယ်ာဥ္ရွိ တိရစၧာန္မ်ားႏွင့္ လာေရာက္ၾကည့္႐ူသူမ်ားၾကား ဗိုင္းရပ္စ္ကူးစက္နိုင္မႈအႏၲရာယ္ နည္းပါးေၾကာင္း၊ မည္သူကမၽွ ျခေသၤ့မ်ားကို အနီးကပ္ ၾကည့္႐ူမည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
ကိုးကား – ဘီဘီစီ
Ref; Four lions test positive for Covid-19 at Barcelona Zoo
(unicode)
ဘာစီလိုနာ တိရစ္ဆာန်ဥယျာဉ်ရှိ ခြင်္သေ့ လေးကောင်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
………………………………………………….
နိုင်ငံတကာ၊ ဒီဇင်ဘာ ၉ (PeopleMedia)
စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ တိရစ္ဆာန် ဥယျာဉ်တစ်ခုမှ ခြင်္သေ့လေးကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဇာလာ၊ နီမာနှင့် ရမ်ရမ်ဟု အမည်ပေးထားသည့် ခြင်္သေ့အမသုံးကောင်နှင့် ကီရမ်ဘေဟု ခေါ်ဆိုသည့် ခြင်္သေ့ထီးတစ်ကောင်ကို ဗိုင်းရပ်စ်လက္ခဏာများ ပြသမှုကြောင့် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
တိရစ္ဆာန်ရုံဝန်ထမ်းနှစ်ဦးတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ ခြင်္သေ့များ မည်ကဲ့ သို့ ဗိုင်းရပ်စ်ကူးစက်ခံရသည်ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာမပြသည့် ဝန် ထမ်းတစ်ဦးမှ ကူးစက်ခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။
တိရစ္ဆာန်ဥယျာဉ်မှူးများက ဝန်ထမ်းများနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ခြင်္သေ့လေးကောင်မှ PCR ဖြင့် တို့ ဖတ်နမူနာယူ၍ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ခြင်္သေ့များက အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသခဲ့ကြောင်း တိရစ္ဆာန်ဉယျာဉ်၏ အစောပိုင်း ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များနှင့် လာရောက်ကြည့်ရူသူများကြား ဗိုင်းရပ်စ်ကူးစက်နိုင်မှုအန္တရာယ် နည်းပါးကြောင်း၊ မည်သူကမျှ ခြင်္သေ့များကို အနီးကပ် ကြည့်ရူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ကိုးကား – ဘီဘီစီ
Ref; Four lions test positive for Covid-19 at Barcelona Zoo


Share this post