• Follow Us on
Latest News

Home ဘာရိန်းနိုင်ငံအတွက်ပေးပို့မည့် AH-1Z Viper တိုက်ခိုက်ရေးရဟတ် ယာဉ် ၁၂ စင်းကို တက်ထရွန်ဘဲလ် ကုမ္ပဏီက ထုတ်ဖော်ပြသ

ဘာရိန်းနိုင်ငံအတွက်ပေးပို့မည့် AH-1Z Viper တိုက်ခိုက်ရေးရဟတ် ယာဉ် ၁၂ စင်းကို တက်ထရွန်ဘဲလ် ကုမ္ပဏီက ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)

 

တက်ထရွန်ဘဲလ်ကုမ္ပဏီက ဘာရိန်းနိုင်ငံအတွက်တည်ဆောက်နေသော AH-1Z Viper တိုက်ခိုက်ရေးရဟတ် ယာဉ် ၁၂ စင်းကို အပြီးသတ်တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရပြီး ယင်းအစီအစဉ်မှာ ၂၀၁၉ ခုနှစ် ပြည်ပစစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးကန်ထရိုက်စာချုပ်အရ အမေရိကန်ရေတပ် လေကြောင်းစနစ်ဌာနချုပ် သို့ပေးပို့ရမည့်အစီအစဉ်ထဲမှ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

 

ယင်းရဟတ်ယာဉ်ရောင်းချမှုတန်ဖိုးမှာ ဒေါ်လာ ၉၁၁.၄ ဘီလျံဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဘာရိန်းနိုင်ငံတကာလေ ကြောင်းပြပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ်ကြေညာခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် အမေရိကန်ရေတပ်သို့မပို့ဆောင်မီ အမေရိကန်ကာကွယ်ရေးကန်ထရိုက်စီမံခန့်ခွဲမှုအေဂျင်စီ၏ သဘောတူညီချက်အရ AH-1Z Viper ရဟတ်ယာဉ်များကိုဘာရိန်းနိုင်ငံသို့တင်ပို့ရန်ပြင်ဆင်သွားမည်ဖြစ်သည်။

 

AH-1Z Viper တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အမေရိကန်မရိန်းတပ်ဖွဲ့အတွက် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ် သည်။ အဆိုပါရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူးအခန်းကို ဖန်သားပြင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး လက် လက်ပေါင်းစုံတပ်ဆင်အသုံးပြုနိုင်ကြောင်းသိရသည်။

 

အမေရိကန်ရေတပ်အနေဖြင့် AH-1Z Viper တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် နေတိုးတပ်ဖွဲ့ဝင်များအသုံးပြုသည့် Link 16 (စစ်ဘက်ဆိုင်ရာနည်းဗျူဟာသတင်းအချက်အလက်ဆက်သွယ်ရေးစနစ်) hardware နှင့် software တို့အသုံးပြုထားသော မြေပြင်အခြေစိုက်စခန်းကြား နည်းလမ်းနှစ်သွယ်ဆက်သွယ်ရေးစနစ်ကိုအသုံးပြ၍ စမ်း သပ်ပျံသန်းရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တက်ထရွန်ဘဲလ်ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာစစ် လက်နက်ပစ္စည်းရောင်းဝယ်ရေးနှင့် မဟာဗျူဟာအဖွဲ့၏ ဦးဆောင်သူ ဂျိုးလ်ဘက်စ်က Defense News သတင်း ဌာနသို့ ယခုနှစ်အစောပိုင်းက ပြောသည်။

 

“Link 16 လိုပရိုဂရမ်တွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်လို့ရပါတယ်။ AIM-9 ဝေဟင်-ဝေဟင်ပစ်ဒုံးကျည်တွေတပ်ဆင်ထားတဲ့ AH-1Z Viper တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သတင်းအချက် အလက်ဖလှယ်လို့ရတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ AH-1Z Viper တိုက်ခိုက်ရေးရဟတ်ယာဉ် ပထမဦးဆုံးအုပ် တွေနဲ့ Link 16 ပရိုဂရမ်တွေတွေပေါင်းစပ်ပြီး ပျံသန်းနိုင်လိမ့်မည်လို့ အမေရိကန်ရေတပ်က မျှော်လင့်ထားပါ တယ်။” ဟု ဂျိုးလ်ဘက်စ်က Defense News သတင်း ဌာနသို့ပြောသည်။

 

ဘာရိန်းနိုင်ငံသည် အိမ်နီးချင်းအီရန်နိုင်ငံ၏ရန်ကို ကာကွယ်နေသကဲ့သို့ အာရစ်ဘီယန်ပင်လယ်ကွေ့အတွင်း တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်လုပ်များကိုဆောင်ရွက်ရာတွင်လည်း ပူးပေါင်းဆောင်ရွက်နေသည့် တိုင်းပြည်ဖြစ်သည်။

 

Ref: Bell rolls out first AH-1Z helicopter for Bahrain

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Bell rolls out first AH-1Z helicopter for Bahrain

 

#PeopleMedia


Share this post