• Follow Us on

Home ဘာလီဗုံးခွဲမှုနှင့် ဆက်စပ်နေသည့် အင်ဒိုနီးရှားမွတ်ဆလင်ဘာသာရေးခေါင်းဆောင်ကို ထောင်မှပြန်လွှတ်

ဘာလီဗုံးခွဲမှုနှင့် ဆက်စပ်နေသည့် အင်ဒိုနီးရှားမွတ်ဆလင်ဘာသာရေးခေါင်းဆောင်ကို ထောင်မှပြန်လွှတ်

Share this post

ဂျာကာတာ၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အင်ဒိုနီးရှားနိုင်ငံမှအစွန်းရောက် မွတ်ဆလင်ဘာသာရေးဆရာ အဘူ ဘာကာ ဘာရှီးယားကို သောကြာနေ့တွင် ထောင်မှလွတ်ပေးလိုက်သည်။

အသက် ၈၂ နှစ်ရှိသည့် ဘာရှီးယားသည် ၂၀၀၂ ခုနှစ်၊ ဘာလီဗုံးခွဲမှုတွင်ဆက်စပ်နေသည်ဟုဆိုကာ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအနောက်စွန်းရှိ အေဆက်ပြည်နယ်မှ စစ်လေ့ကျင့်ရေးစခန်းတွင် ထောင်ချထား ခြင်းဖြစ်သည်။

ထောင်တွင်း ပြုမှုဆောင်ရွက်မှုကောင်းမွန်ပြီး ကျန်းမာရေးဆိုးရွားလာသဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံရမည်ကို လျှော့ပေးခဲ့ခြင်းဖြစ်သည်။

ထိုဘာသာရေးခေါင်းဆောင်သည် အယ်ကေးဒါးအဖွဲ့နှင့်ဆက်စပ်နေသောအစွန်းရောက်ကွန်ရက် ဂျမား အစ္စ လာမီယာ(JI) အဖွဲ့၏ ဘာသာရေးခေါင်းဆောင်ဖြစ်သည်။

JI အဖွဲ့သည် ၂၀၀၂ ခုနှစ်တွင် သြစတြေးလျနိုင်ငံသားအများစုပါဝင်သော လူ ၂၀၀ ကျော်သေဆုံးခဲ့သည့် ဘာလီဗုံးကွဲမှုနောက်ကွယ်တွင်ရှိသည့်အဖွဲ့ဖြစ်သည်။

ဘာရှီးယားသည် လွတ်မြောက်ပြီးနောက် အလယ်ဂျာဗားရှိ အစ္စလာမ်မစ်ကျောင်းတွင် သားဖြစ်သူနှင့်အခြေချ မည်ဟု မျှော်လင့်ရသည်။

Ref : Abu Bakar Bashir, Indonesian cleric linked to deadly Bali bombings, freed from prison

#PeopleMedia

(unicode)
………………………………………………………








Ref : Abu Bakar Bashir, Indonesian cleric linked to deadly Bali bombings, freed from prison

#PeopleMedia


Share this post