• Follow Us on

Home ဘာသာေရးခြဲျခားမႈသံသယျဖင့္ ျပင္သစ္မွ ဗလီ ၈၀ နီးပါး ပိတ္သိမ္းခံရႏိုင္ေခ်႐ွိေန

ဘာသာေရးခြဲျခားမႈသံသယျဖင့္ ျပင္သစ္မွ ဗလီ ၈၀ နီးပါး ပိတ္သိမ္းခံရႏိုင္ေခ်႐ွိေန

Share this post

ပဲရစ္၊ ဒီဇင္ဘာ ၄ (People Media)

အစၥလာမ္မစ္ဘာသာေရးအစြန္းေရာက္မႈကို႐ွင္းလင္းရန္ ျပင္သစ္ႏိုင္ငံတြင္ျပင္းျပင္းထန္ထန္လုပ္ေဆာင္မႈ တစိတ္တပိုင္းအေနျဖင့္ လံုၿခံဳေရးၿခိမ္းေျခာက္ႏိုင္သည္ဟုသတ္မွတ္ထားသည့္ ဗလီဒါဇင္ခ်ီကိုပိတ္သိမ္းမည္ဟု ျပင္သစ္အစိုးရကေျပာသည္။

ဘာသာေရးခြဲျခားမႈကိုပိုႁမွင့္တင္ေၾကာင္းသံသယ႐ွိသည့္ဗလီ ၇၆ ခုကို ျပင္သစ္အာဏာပိုင္မ်ားက ပစ္မွတ္ထားေနေၾကာင္း ျပင္သစ္ျပည္ထဲေရး၀န္ႀကီး ဂ်ာရဲ ဒါမာနင္က ၾကာသပေတးေန႔တြင္ေျပာသည္။

ႏိုင္ငံေနရာအခ်ိဳ႕တြင္ ဗလီမ်ားက ႏိုင္ငံသမၼတစနစ္ကို႐ွင္းလင္းစြာဆန္႔က်င္ေနသည္ဟု သူကေျပာသည္။

ျပင္သစ္ႏိုင္ငံ၏စံႏႈန္းမ်ားကိုတံု႔ျပန္ရန္အေတြးအျမင္မ်ားကိုေ၀မွ်ေနသည့္မြတ္ဆလင္ဘာသာေရးဆရာမ်ားကို ျပင္သစ္ေထာက္လွမ္းေရးမ်ားက လိုက္လံစံုစမ္းေနသည္ဟုလည္းေျပာသည္။

သို႔ေသာ္ အႏၲရာယ္ဟုသတ္မွတ္ထားေသာအဖြဲ႔အစည္းမ်ားသည္ ျပင္သစ္႐ွိမြတ္ဆလင္မ်ား၀တ္ျပဳရာေနရာ ၂၆၀၀ ေက်ာ္အနက္မွတစိတ္တပိုင္းသာျဖစ္ေၾကာင္း ဒါမာနင္က အသိေပးသည္။

အစြန္းေရာက္ဟုယူဆရသည့္တရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်သူ ၆၆ ေယာက္ကိုလည္း ျပည္ႏွင္ဒဏ္ေပးခဲ့ ေၾကာင္း ေၾကညာသည္။

ေအာက္တိုဘာလတြင္ ေက်ာင္းဆရာတေယာက္ကို အစၥလာမ္မစ္အစြန္းေရာက္အၾကမ္းဖက္တေယာက္က ေခါင္းျဖတ္သတ္ခဲ့ၿပီးေနာက္ပိုင္း ျပင္သစ္အစိုးရက ဘာသာေရးအစြန္းေရာက္မႈမ်ားကိုတံု႔ျပန္ရန္ အစီအစဥ္မ်ား ျပဳလုပ္ေနသည္။

Ref : Nearly 80 mosques suspected of ‘separatism’ face closure as French govt launches ‘massive’ offensive against religious extremism

#PeopleMedia

(unicode)
ဘာသာရေးခွဲခြားမှုသံသယဖြင့် ပြင်သစ်မှ ဗလီ ၈၀ နီးပါး ပိတ်သိမ်းခံရနိုင်ချေရှိနေ
…………………………………………….

ပဲရစ်၊ ဒီဇင်ဘာ ၄ (People Media)

အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်မှုကိုရှင်းလင်းရန် ပြင်သစ်နိုင်ငံတွင်ပြင်းပြင်းထန်ထန်လုပ်ဆောင်မှု တစိတ်တပိုင်းအနေဖြင့် လုံခြုံရေးခြိမ်းခြောက်နိုင်သည်ဟုသတ်မှတ်ထားသည့် ဗလီဒါဇင်ချီကိုပိတ်သိမ်းမည်ဟု ပြင်သစ်အစိုးရကပြောသည်။

ဘာသာရေးခွဲခြားမှုကိုပိုမြှင့်တင်ကြောင်းသံသယရှိသည့်ဗလီ ၇၆ ခုကို ပြင်သစ်အာဏာပိုင်များက ပစ်မှတ်ထားနေကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျာရဲ ဒါမာနင်က ကြာသပတေးနေ့တွင်ပြောသည်။

နိုင်ငံနေရာအချို့တွင် ဗလီများက နိုင်ငံသမ္မတစနစ်ကိုရှင်းလင်းစွာဆန့်ကျင်နေသည်ဟု သူကပြောသည်။

ပြင်သစ်နိုင်ငံ၏စံနှုန်းများကိုတုံ့ပြန်ရန်အတွေးအမြင်များကိုဝေမျှနေသည့်မွတ်ဆလင်ဘာသာရေးဆရာများကို ပြင်သစ်ထောက်လှမ်းရေးများက လိုက်လံစုံစမ်းနေသည်ဟုလည်းပြောသည်။

သို့သော် အန္တရာယ်ဟုသတ်မှတ်ထားသောအဖွဲ့အစည်းများသည် ပြင်သစ်ရှိမွတ်ဆလင်များဝတ်ပြုရာနေရာ ၂၆၀၀ ကျော်အနက်မှတစိတ်တပိုင်းသာဖြစ်ကြောင်း ဒါမာနင်က အသိပေးသည်။

အစွန်းရောက်ဟုယူဆရသည့်တရားမဝင်ရွှေ့ပြောင်းအခြေချသူ ၆၆ ယောက်ကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်း ကြေညာသည်။

အောက်တိုဘာလတွင် ကျောင်းဆရာတယောက်ကို အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တယောက်က ခေါင်းဖြတ်သတ်ခဲ့ပြီးနောက်ပိုင်း ပြင်သစ်အစိုးရက ဘာသာရေးအစွန်းရောက်မှုများကိုတုံ့ပြန်ရန် အစီအစဉ်များ ပြုလုပ်နေသည်။

Ref : Nearly 80 mosques suspected of ‘separatism’ face closure as French govt launches ‘massive’ offensive against religious extremism

#PeopleMedia


Share this post