• Follow Us on

Home ဘာသာေရးလြတ္လပ္ခြင့္မ်ား ခ်ိဳးေဖာက္ေနသည့္ႏိုင္ငံမ်ားအျဖစ္ ျမန္မာအပါအ၀င္ ႏိုင္ငံ ၁၀ ႏိုင္ငံကို အေမရိကန္သတ္မွတ္

ဘာသာေရးလြတ္လပ္ခြင့္မ်ား ခ်ိဳးေဖာက္ေနသည့္ႏိုင္ငံမ်ားအျဖစ္ ျမန္မာအပါအ၀င္ ႏိုင္ငံ ၁၀ ႏိုင္ငံကို အေမရိကန္သတ္မွတ္

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)

ျမန္မာ၊ တ႐ုတ္အပါအ၀င္ ႏိုင္ငံ ၁၀ ႏိုင္ငံကို ဘာသာေရးလြတ္လပ္ခြင့္မ်ားခ်ိဳးေဖာက္ေနေၾကာင္း စိုးရိမ္ရသည့္ႏိုင္ငံမ်ားအျဖစ္သတ္မွတ္သည္ဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ ပြန္ပီယိုကေျပာသည္။

ျမန္မာ၊ တ႐ုတ္၊ ပါကစၥတန္၊ အီရီထရီးယား၊ အီရန္၊ ႏိုင္ဂ်ီးရီးယား၊ ေျမာက္ကိုရီးယား၊ ေဆာ္ဒီအာေရဗ်၊ တာဂ်စ္ကစၥတန္ႏွင့္ တာ့မန္နစၥတန္တို႔ကို စနစ္တက်ဘာသာေရးလြတ္လပ္ခြင့္မ်ား ခ်ိဳးေဖာက္ေနသည့္ႏိုင္ငံမ်ား စာရင္းတြင္ထည့္သြင္းခဲ့ေၾကာင္း တနလၤာေန႔က ထုတ္ျပန္ခ်က္တြင္ေျပာျခင္း ျဖစ္သည္။

ကိုမို႐ို႕စ္၊ က်ဴးဘား၊ နီကာရာဂြာႏွင့္ ႐ု႐ွားႏိုင္ငံတို႔ကိုလည္း ဆိုးဆိုး႐ြား႐ြားဘာသာေရးလြတ္လပ္ခြင့္မ်ား ခ်ိဳးေဖာက္မႈတြင္ ပါ၀င္သည့္ႏိုင္ငံမ်ားအျဖစ္ အထူးေစာင့္ၾကည့္စာရင္းတြင္ထည့္သြင္းထားေၾကာင္းလည္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္သည္။

အယ္႐ွာဘတ္၊ အယ္ေကးဒါး၊ ဘိုကိုဟာရမ္၊ ဟာရတ္ တာရီယာ အယ္႐ွမ္၊ ဟူသီ၊ အိုင္အက္စ္အိုင္အက္စ္၊ ဆာဟာရသဲကႏၲာရေဒသႀကီးအိုင္အက္စ္အိုင္အက္စ္၊ အေနာက္အာဖရိကအိုင္အက္စ္အိုင္အက္စ္၊ ဂ်ာမတ္နတ္ အယ္အစၥလာမ္ ၀ယ္ မြတ္ဆလင္မင္ႏွင့္ တာလီဘန္တို႔ကိုလည္း စိုးရိမ္ရသည့္အဖြဲ႕အစည္းအမ်ားအျဖစ္ သတ္မွတ္သည္။

အေမရိကန္၏ႏိုင္ငံတကာဘာသာေရးလြတ္လပ္ခြင့္ေကာ္မ႐ွင္(USCIRF) က ႏိုင္ငံတကာဘာသာေရး လြတ္လပ္ခြင့္ဥပေဒႏွင့္အညီထုတ္ျပန္သည့္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၏လုပ္ရပ္ကို ခ်ီးက်ဴးသည္။

အိႏၵိယ၊ ႐ု႐ွား၊ ဆီးရီးယားႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔ကို ဘာသာေရးလြတ္လပ္ခြင့္မ်ားခ်ိဳးေဖာက္ေနေၾကာင္း စိုးရိမ္ရသည့္ႏိုင္ငံမ်ားအျဖစ္သတ္မွတ္ရန္ USCIRF ၏အၾကံျပဳခ်က္ကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက လက္ခံခဲ့ျခင္းမ႐ွိေခ်။

Ref : US names Pakistan, China, Myanmar as countries of concern for violating religious freedom

#PeopleMedia

(unicode)
ဘာသာရေးလွတ်လပ်ခွင့်များ ချိုးဖောက်နေသည့်နိုင်ငံများအဖြစ် မြန်မာအပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို အမေရိကန်သတ်မှတ်
……………………………………………………

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)

မြန်မာ၊ တရုတ်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်များချိုးဖောက်နေကြောင်း စိုးရိမ်ရသည့်နိုင်ငံများအဖြစ်သတ်မှတ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကပြောသည်။

မြန်မာ၊ တရုတ်၊ ပါကစ္စတန်၊ အီရီထရီးယား၊ အီရန်၊ နိုင်ဂျီးရီးယား၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့မန်နစ္စတန်တို့ကို စနစ်တကျဘာသာရေးလွတ်လပ်ခွင့်များ ချိုးဖောက်နေသည့်နိုင်ငံများ စာရင်းတွင်ထည့်သွင်းခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်ချက်တွင်ပြောခြင်း ဖြစ်သည်။

ကိုမိုရို့စ်၊ ကျူးဘား၊ နီကာရာဂွာနှင့် ရုရှားနိုင်ငံတို့ကိုလည်း ဆိုးဆိုးရွားရွားဘာသာရေးလွတ်လပ်ခွင့်များ ချိုးဖောက်မှုတွင် ပါဝင်သည့်နိုင်ငံများအဖြစ် အထူးစောင့်ကြည့်စာရင်းတွင်ထည့်သွင်းထားကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အယ်ရှာဘတ်၊ အယ်ကေးဒါး၊ ဘိုကိုဟာရမ်၊ ဟာရတ် တာရီယာ အယ်ရှမ်၊ ဟူသီ၊ အိုင်အက်စ်အိုင်အက်စ်၊ ဆာဟာရသဲကန္တာရဒေသကြီးအိုင်အက်စ်အိုင်အက်စ်၊ အနောက်အာဖရိကအိုင်အက်စ်အိုင်အက်စ်၊ ဂျာမတ်နတ် အယ်အစ္စလာမ် ဝယ် မွတ်ဆလင်မင်နှင့် တာလီဘန်တို့ကိုလည်း စိုးရိမ်ရသည့်အဖွဲ့အစည်းအများအဖြစ် သတ်မှတ်သည်။

အမေရိကန်၏နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်(USCIRF) က နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဥပဒေနှင့်အညီထုတ်ပြန်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏လုပ်ရပ်ကို ချီးကျူးသည်။

အိန္ဒိယ၊ ရုရှား၊ ဆီးရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဘာသာရေးလွတ်လပ်ခွင့်များချိုးဖောက်နေကြောင်း စိုးရိမ်ရသည့်နိုင်ငံများအဖြစ်သတ်မှတ်ရန် USCIRF ၏အကြံပြုချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံခဲ့ခြင်းမရှိချေ။

Ref : US names Pakistan, China, Myanmar as countries of concern for violating religious freedom

#PeopleMedia


Share this post