• Follow Us on

Home ဘာသာရေးအကြောင်းပြချက်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးရန်ကင်းလွတ်ခွင့်တောင်းခံထားသည့်လျှောက်လွှာ ၂၁၀၀ ကျော်အား အမေရိကန်လေတပ် ပယ်ချ

ဘာသာရေးအကြောင်းပြချက်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးရန်ကင်းလွတ်ခွင့်တောင်းခံထားသည့်လျှောက်လွှာ ၂၁၀၀ ကျော်အား အမေရိကန်လေတပ် ပယ်ချ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂ (People Media)

 

အမေရိကန်တပ်မတော်တွင် တပ်ဖွဲ့ဝင်အားလုံးကို COVID-19 ကာကွယ်ဆေး မထိုးမနေရအမိန့်ထုတ်ထားရာ ဘာသာရေးအကြောင်းပြချက်ဖြင့် ကာကွယ်ဆေးထိုးရန်ကင်းလွတ်ခွင့်တောင်းခံထားသည့် လျှောက်လွှာပေါင်း ၂၁၃၀ ကို ပယ်ချလိုက်ကြောင်း အမေရိကန်လေတပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့ကကြေညာလိုက်သည်။

 

“လေတပ်တစ်ခုလုံးက ကာကွယ်ဆေးထိုးဖို့ ကင်းလွတ်ခွင့်တင်ထားတဲ့လျှောက်လွှာပေါင်း ၁၀၀၀၀ ကျော်လက် ခံရရှိထားပါတယ်။ တိုက်ပွဲဝင်အသင့်ဖြစ်မှုအတွက် ထည့်သွင်းစဉ်းစားရင်း အဲဒီအထဲက လျှောက်လွှာ ၂၁၀၀ ကျော်ကို ပယ်ချခဲ့တယ်” ဟု အင်္ဂါနေ့က လေတပ်ကထုတ်ပြန်ခဲ့သော ကြေညာချက်တွင်ဖော်ပြထားသည်။

 

အမေရိကန်လေတပ်တွင် တပ်ဖွဲ့ဝင်တစ်ဦးချင်း၏အခြေအနေနှင့်ပတ်သက်၍ တင်သွင်းလာသည့်လျှောက်လွှာ တိုင်းကို ဆန်းစစ်လေ့လာသည့် “ဘာသာရေးပြဿနာများဖြေရှင်းရေးအဖွဲ့ဝင်များ” နှင့် ဖွဲ့စည်းထားသည့် လုပ်  ငန်းကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ရှိသည်။

 

စစ်ဆင်ရေးအောင်မြင်အောင်ဆောင်ရွက်ရမည့်တာဝန်များကို အနှောက်အ ယှက်မဖြစ်စေဘဲ ရိုးသားစွာခံယူ ထားသည့်ကိုးကွယ်ယုံကြည်မှုကို ထည့်သွင်းစဉ်းစားရာတွင် ဖြစ်နိုင်သမျှ အ ကန့်အသတ်အနည်းဆုံးသော နည်းလမ်းများကိုအသုံးပြုနိုင်ရေးဆုံးဖြတ်ရန် ယင်းအဖွဲ့က စေ့စပ်သေချာစွာဆောင်ရွက်လေ့ရှိသည်။

 

ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်သြစတင်၏ ဆုံးဖြတ်ချက်အတိုင်း ကာကွယ်ဆေးမထိုးမနေရအမိန့်ကိုလိုက် နာရာတွင် နိုဝင်ဘာလ ၂ ရက်နေ့အထိ လေတပ်တပ်ဖွဲ့ဝင် ၉၅% ကျော် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း လေ တပ်ကအစီရင်ခံခဲ့သည်။

 

ဒီဇင်ဘာလ အစောပိုင်းက အမေရိကန်လေတပ်သည် COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့သည့် တပ် ဖွဲ့ဝင် ၂၇ ဦးကို လေတပ်မှထုတ်ပယ်လိုက်ရာ ယင်းဖြစ်ရပ်မှာ အမေရိကန်တပ်မတော်တစ်ရပ်လုံးတွင် အမိန့်အာ ဏာသုံး၍ ထုတ်ပယ်ခဲ့သည့် ပထမဦးဆုံးသောဖြစ်ရပ်ဖြစ်သည်။

 

ဘာသာရေးအကြောင်းပြချက်ဖြင့် COVID-19 ကာကွယ်ဆေးထိုးရန် ကင်းလွတ်ခွင့်လျှောက်လွှာများကို ပယ်ချ ခဲ့သည်မှာ အမေရိကန်လေတပ်က ပထမဦးဆုံးမဟုတ်ပေ။ အမေရိကန်မရိန်းတပ်ဖွဲ့တွင်လည်း ဘာသာရေး အ ကြောင်းပြချက်ဖြင့် ကာကွယ်ဆေးထိုးရန်ကင်းလွတ်ခွင့်တောင်းခံခဲ့သည့် တပ်ဖွဲ့ဝင် ၃,၁၄၄ ၏ လျှောက်လွှာများ အနက် လျှောက်လွှာ ၂,၈၆၃ စောင်ကို ပယ်ချခဲ့ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မရိန်းတပ်ဖွဲ့ကကြေညာခဲ့ သလို ကျန်လျှောက်လွှာရှင်များမှာလည်း အမိန့်စောင့်နေရဆဲဖြစ်သည်။ ၎င်းအပြင် ကာကွယ်ဆေးထိုးရန် ပျက် ကွက်မှုဖြင့် မရိန်းတပ်ဖွဲ့ဝင် ၁၀၃ ဦးကိုလည်း မရိန်းတပ်မှထုတ်ပယ်ခဲ့သည်။

 

Ref: US Air Force Denies Over 2,100 Religious Exemption Requests From Vaccine Requirement

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US Air Force Denies Over 2,100 Religious Exemption Requests From Vaccine Requirement

 

#PeopleMedia


Share this post