• Follow Us on

Home ဘားအံၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး ပစၥတိုျဖင့္အပစ္ခံရ

ဘားအံၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး ပစၥတိုျဖင့္အပစ္ခံရ

Share this post

ရန္ကုန္ ဇူလိုင္၂၂

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ ရွိမဲေဘာင္ေက်းရြာ၊ဘားအံ -လိႈင္းဘြဲ႕ကားလမ္းေဘးရွိဆန္ဂိုေဒါင္တစ္ခုတြင္
ယမန္ေန႔ကအမ်ိဳးသမီးတစ္ဦးပစၥတိုေသနတ္ျဖငအ့္ပစ္ခံခဲ့ရေၾကာင္းတပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွယေန႔သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ယခုလ၁၉ရက္ ညေနပိုင္းအခ်ိန္ကေဒၚမရင္းသန္း ၅၀ႏွစ္သည္ ေျမးေတာ္စပ္သူ မမိုးသဇင္လင္း ၄ႏွစ္ႏွင့္အတူရွိေနစဥ္ တိုယိုတာ၀စ္ရွ္အမ်ိဳးအစားေမာ္ေတာ္ကားတစ္စီးေရာက္ရွိလာကာ အမည္မသိအမ်ိဳးသားႏွစ္ဦးမွ ဆန္ကြဲ၀ယ္ယူလိုသည္ဟုေျပာကာ တစ္ဦးမွ ပစၥတိုျဖင့္ ေဒၚမရင္သန္းအားပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ပစ္ခတ္မႈေၾကာင့္ေဒၚမရင္သန္း၏ ဝဲဘက္နံေဘးရွပ္ထိဒဏ္ရာ(မစိုးရိမ္ရ)ရရွိခဲ့ျခင္းေၾကာင့္ ဘားအံျပည္သူ႔ေဆးရံုသို႔ တက္ေရာက္ကုသခဲ့ရဲပီး က်ဴးလြန္သူႏွစ္ဦးမွာ လိႈင္းဘြဲ႕ၿမိဳ႕ဘက္သို႔ထြက္ေျပးသြားျခင္းေၾကာင့္လမ္းေၾကာင္းတစ္ေလွ်ာက္ပိတ္ဆို႔ရွာေဖြလ်က္ရွိေၾကာင္းသိရသည္။

#PeopleMedia

(Unicode)
ဘားအံမြို့နယ်တွင် အမျိုးသမီးတစ်ဦး ပစ္စတိုဖြင့်အပစ်ခံရ
……………………………………………………..

ရန်ကုန် ဇူလိုင်၂၂

ကရင်ပြည်နယ် ဘားအံမြို့နယ် ရှိမဲဘောင်ကျေးရွာ၊ဘားအံ -လှိုင်းဘွဲ့ကားလမ်းဘေးရှိဆန်ဂိုဒေါင်တစ်ခုတွင်
ယမန်နေ့ကအမျိုးသမီးတစ်ဦးပစ္စတိုသေနတ်ဖြငအ့်ပစ်ခံခဲ့ရကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေးမှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယခုလ၁၉ရက် ညနေပိုင်းအချိန်ကဒေါ်မရင်းသန်း ၅၀နှစ်သည် မြေးတော်စပ်သူ မမိုးသဇင်လင်း ၄နှစ်နှင့်အတူရှိနေစဉ် တိုယိုတာဝစ်ရှ်အမျိုးအစားမော်တော်ကားတစ်စီးရောက်ရှိလာကာ အမည်မသိအမျိုးသားနှစ်ဦးမှ ဆန်ကွဲဝယ်ယူလိုသည်ဟုပြောကာ တစ်ဦးမှ ပစ္စတိုဖြင့် ဒေါ်မရင်သန်းအားပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့်ဒေါ်မရင်သန်း၏ ဝဲဘက်နံဘေးရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းကြောင့် ဘားအံပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခဲ့ရဲပီး ကျူးလွန်သူနှစ်ဦးမှာ လှိုင်းဘွဲ့မြို့ဘက်သို့ထွက်ပြေးသွားခြင်းကြောင့်လမ်းကြောင်းတစ်လျှောက်ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post