• Follow Us on

Home ဘားအံမြို့၊ ပြည်နယ်စည်ပင်သာယာရေးရုံး၌ မိုင်းလာထောင်သူ အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ နေရာ၌ ပွဲချင်း ပြီး သေဆုံး

ဘားအံမြို့၊ ပြည်နယ်စည်ပင်သာယာရေးရုံး၌ မိုင်းလာထောင်သူ အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ နေရာ၌ ပွဲချင်း ပြီး သေဆုံး

Share this post

ကရင်၊ ဇန်နဝါရီ ၁၁ (People Media)

 

ဇန်နဝါရီ ၁၀ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သံလွင်လမ်းရှိ ပြည်နယ်စည်ပင်သာ ယာရေးရုံးကို မိုင်းလာထောင်သည့် အမျိုးသားနှစ်ဦးသည် ၎င်းတို့ စီးနင်းသော ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ ခြင်းကြောင့် အဆိုပါ အမျိုးသားနှစ်ဦးသည် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အမည်မသိ အမျိုးသားနှစ်ဦးသည် ဘားအံမြို့၊ သံလွင်လမ်းရှိ ပြည်နယ်စည်ပင်သာယာရေးရုံးရှေ့အရောက်၌ ၎င်းတို့ စီးနင်းသည့် ဆိုင်ကယ်မှ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ နှစ်ဦးသေတယ်။ ရုပ်အလောင်းက ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့တောင် မရတော့ဘူး။ တော်တော်လေးပျက်စီးသွားတယ်။ လမ်းမပေါ်တွေအထိ အသားစတွေက ပြန့်ကျဲနေတာကို ကျွန်တော်တို့သွားကြည့်တော့ မြင်ခဲ့ရတယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ လက်လုပ်မိုင်းပြုလုပ်နေစဉ်၊ လက်လုပ်မိုင်း စမ်းသပ်နေစဉ်၊ လက်လုပ်မိုင်း သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခြင်းကြောင့် အသုံးပြုသူများ သေဆုံးလျက်ရှိသည်။

 

#PeopleMedia #ဘားအံမြို့ #မိုင်းပေါက်ကွဲ

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post