• Follow Us on

Home ဘားအံမြို့ ကမ္ဘောဇဘဏ် ငွေကျပ်သိန်း (၁၀၀၀) ခန့် ဓားပြတိုက်ခံရ

ဘားအံမြို့ ကမ္ဘောဇဘဏ် ငွေကျပ်သိန်း (၁၀၀၀) ခန့် ဓားပြတိုက်ခံရ

Share this post

မြစ်ကြီးနား၊ မတ် ၅

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကမ္ဘောဇဘဏ်အား ယမန်နေ့ ညနေ ၃ နာရီခန့်တွင် အမည်မသိလက်နက်ကိုင် ( ၁၀) ဦးခန့်က သေနတ်ဖောက်ပြီး ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများကို ခြိမ်းခြောက်ကာငွေကျပ်သိန်း (၁၀၀၀) ခန့် ဓားပြတိုက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဈေးတန်းလမ်း ရဲစခန်းအရှေ့ဘက်ရှိ ကမ္ဘောဇဘဏ်(၁)သို့ Hijet အဖြူ ရောင်ယာဉ်ဖြင့် မျက်နှာကို Mask များနှင့် အဝတ်စများဖြင့် ပိတ်ထားသူ လူ(၁၀)ဦးခန့် ရောက်ရှိလာပြီး ဘဏ်အတွင်း ဝင်ရောက်၍ စောင်ဖြင့် ပတ်၍ ယူဆောင်လာသော သေနတ်များအား ကိုင်ဆောင်၍ သေနတ် (၁) ချက်ဖောက်ကာ ဘဏ်အတွင်းရှိ မန်နေဂျာနှင့် ဘဏ်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း(၈)လုံးခန့်တို့အား သိမ်းဆည်းယူဆောင်သွားပြီး ဘဏ်ကောင်တာပေါ်ရှိ ငွေကျပ် သိန်း (၁၀၀၀) ခန့်အား ယူဆောင်သွားခဲ့သည်။

 

၎င်းတို့ဘဏ်အပြင်သို့ ပြန်ထွက်ချိန်တွင် ဘဏ်ကောင်တာပေါ်ရှိ ကွန်ပျူတာများအား ဓါတ်ဆီလောင်း၍ မီးရှို့ ဖျက်ဆီးရန် ပြုလုပ်ပြီး မီးမရှို့ဘဲ ဘဏ်အတွင်းရှိ CCTV များအား ဖျက်ဆီး၍ CCTV အထိုင်စက်အား ယူ ဆောင်သွားခဲ့ကြောင်းသိရှိရသည်။

 

အဆိုပါ ဓားပြတိုက်လုယက်မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များမှ အမြန်ဆုံး ဖမ်းဆီးရမိရေးဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

 

ဝလုံး

 

#PeopleMedia #EPN

 

(unicode)

ဘားအံမွို့ ကမ်ဘောဇဘဏျ ငှကေပြျသိနျး (၁၀၀၀) ခန့ျ ဓားပွတိုကျခံရ

………………………………

 


 


 


 


 


 


 

#PeopleMedia #EPN


Share this post