• Follow Us on

Home ဘားအံမြို့ (၄) ရပ်ကွက်ရှိ တပ်မတော်ထောက်ခံသူ ဦးကျော်ဇင်ဝင်း သေနတ်ပစ်ခံရ၍ သေဆုံး

ဘားအံမြို့ (၄) ရပ်ကွက်ရှိ တပ်မတော်ထောက်ခံသူ ဦးကျော်ဇင်ဝင်း သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ၄ ရပ်ကွက်ရှိ တပ်မတော်ထောက်ခံသူ ဦးကျော်ဇင်ဝင်းသည် စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းအချိန်တွင် နေအိမ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရသည်။

 

သေဆုံးသူသည် ယမန်နေ့ ညနေပိုင်းက နေအိမ်အနီး၌ ရှိနေစဉ် အမည်မသိ လူတစ်စုမှ သေနတ်ဖြင့် လာ ရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး၊ ထိုသို့ ပစ်ခတ်မှုကြောင့် တောင်ကလေးစစ်ဆေးရုံကို ပို့ဆောင်စဉ် လမ်း၌ပင် သေဆုံးသွားကြောင်း သိရသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်ထောက်ခံသူ၊ သတင်းပေးသူဟု ယူဆရသူများသည် ချောင်းမြောင်း လုပ်ကြံခြင်း ခံရလျက်ရှိသည်။

 

#PeopleMedia #ဘားအံ

 

(unicode)


…………………………………………………………………….

 


 


 


 


 



Share this post