• Follow Us on

Home ဘိန္းစိုက္ပ်ိဳးေသာေဒသမ်ားကို ေကာင္းကင္ၿဂိဳလ္တုျဖင့္ ေစာင့္ၾကည့္ရန္ ျမန္မာ-အိႏၵိယ ေဆြးေႏြး

ဘိန္းစိုက္ပ်ိဳးေသာေဒသမ်ားကို ေကာင္းကင္ၿဂိဳလ္တုျဖင့္ ေစာင့္ၾကည့္ရန္ ျမန္မာ-အိႏၵိယ ေဆြးေႏြး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၁ (People Media)
 
ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံမူးယစ္ေဆးဝါး ပူးေပါင္းထိန္းခ်ဳပ္ေရးအစည္းအေဝးတြင္ ဘိန္းစိုက္ပ်ိဳးေသာေဒသမ်ားကို ေကာင္းကင္ၿဂိဳလ္တုမွ ေစာင့္ၾကည့္နိုင္ရန္အတြက္ အိႏၵိယနိုင္ငံမွ ကူညီေဆာင္ရြက္ေပးနိုင္ေရးဆိုင္ရာကိစၥ ရပ္မ်ား ႏွစ္နိုင္ငံမူးယစ္ေဆးဝါး ပူးေပါင္းထိန္းခ်ဳပ္ေရး ညႊန္ၾကားေရးမွဴးခ်ဳပ္အဆင့္အစည္းအေဝး၌ ေဆြးေႏြးခဲ့ ၾကပါတယ္။
 
အဆိုပါအစည္းအေဝးတြင္ (၅)ႀကိမ္ေျမာက္ ျမန္မာ−အိႏၵိယႏွစ္နိုင္ငံ မူးယစ္ေဆးဝါးပူးေပါင္းထိန္းခ်ဳပ္ေရး ညႊန္ၾကားေရးမွဴးခ်ဳပ္ အဆင့္အစည္းအေဝးတြင္ ေနျပည္ေတာ္ရွိ ျပည္ထဲေရးဝန္ႀကီးဌာန၊ မူးယစ္ေဆးဝါးတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းမွ သိရပါတယ္။
 
ထို႔သို႔ ႏွစ္နိုင္ငံအၾကား ပူးေပါင္းေဆာင္ရြက္မည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ တရားမဝင္ဘိန္းျဖဴသယ္ေဆာင္ ေရာင္းဝယ္မႈဆိုင္ရာကိစၥရပ္မ်ား၊ ကုန္းလမ္းႏွင့္ ေရေၾကာင္းလမ္းမ်ားတစ္ေလၽွာက္ တရားမဝင္ မက္သ္အ ဖက္တမင္း သယ္ေဆာင္ေရာင္းဝယ္မႈကိစၥရပ္မ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ားအတြက္ စြမ္းရည္ျမႇင့္တင္ေရးသင္တန္းဆိုင္ရာကိစၥရပ္မ်ား၊ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားႏွင့္ စိတ္ ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္သည့္လမ္းေၾကာင္းမ်ားအား ပူးေပါင္းထိန္းခ်ဳပ္မည့္ကိစၥရပ္မ်ား၊ ဘိန္းစိုက္ပ်ိဳးရာေဒသမ်ားအား ေကာင္းကင္ၿဂိဳလ္တုမွ ေစာင့္ၾကည့္နိုင္ရန္ အိႏၵိယနိုင္ငံမွ ကူညီေဆာင္ရြက္ေပး နိုင္ေရးဆိုင္ရာကိစၥရပ္မ်ား ေဆြးေႏြးခဲ့ၾကပါတယ္။
 
အလားတူ ႏွစ္ဖက္နိုင္ငံသားမ်ားပါဝင္ေသာ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈမ်ားရွိပါက သတင္းဖလွယ္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။
 
#PeopleMedia #ျမန္မာ-အိႏၵိယ
 
(unicode)
ဘိန်းစိုက်ပျိုးသောဒေသများကို ကောင်းကင်ဂြိုလ်တုဖြင့် စောင့်ကြည့်ရန် မြန်မာ-အိန္ဒိယ ဆွေးနွေး
…………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ – ၁၁ (People Media)
 
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးတွင် ဘိန်းစိုက်ပျိုးသောဒေသများကို ကောင်းကင်ဂြိုလ်တုမှ စောင့်ကြည့်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စ ရပ်များ နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ ကြပါတယ်။
 
အဆိုပါအစည်းအဝေးတွင် (၅)ကြိမ်မြောက် မြန်မာ−အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေးတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းမှ သိရပါတယ်။
 
ထို့သို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ တရားမဝင်ဘိန်းဖြူသယ်ဆောင် ရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များ၊ ကုန်းလမ်းနှင့် ရေကြောင်းလမ်းများတစ်လျှောက် တရားမဝင် မက်သ်အ ဖက်တမင်း သယ်ဆောင်ရောင်းဝယ်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းဆိုင်ရာကိစ္စရပ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် စိတ် ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သည့်လမ်းကြောင်းများအား ပူးပေါင်းထိန်းချုပ်မည့်ကိစ္စရပ်များ၊ ဘိန်းစိုက်ပျိုးရာဒေသများအား ကောင်းကင်ဂြိုလ်တုမှ စောင့်ကြည့်နိုင်ရန် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေး နိုင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။
 
အလားတူ နှစ်ဖက်နိုင်ငံသားများပါဝင်သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများရှိပါက သတင်းဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
 
#PeopleMedia #မြန်မာ-အိန္ဒိယ

Share this post