• Follow Us on

Home ဘိုကလေးမြို့တွင် (၄) တန်းကျောင်းသူတစ်ဦးသည် ပိုးသတ်ဆေးများ ထည့်သွင်းထားသည့် ရေသန့်ဗူး သောက်မိ၍ သေဆုံး

ဘိုကလေးမြို့တွင် (၄) တန်းကျောင်းသူတစ်ဦးသည် ပိုးသတ်ဆေးများ ထည့်သွင်းထားသည့် ရေသန့်ဗူး သောက်မိ၍ သေဆုံး

Share this post

ဘိုကလေး၊ မတ် ၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၃) အ-မ-က ကျောင်း ၌ (၄) တန်းကျောင်းသူသည် ပိုးသတ်ဆေးများထည့်သွင်းထားသည့် ရေသန့်ဗူးကို သောက်မိ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ မတ်လ ၇ ရက် နံနက် ၉ နာရီခန့်တွင် သေဆုံးသူ (၄) တန်းကျောင်းသူသည် ကျောင်းအတွင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ပထမတန်းကျောင်းသားနှင့် ကျောင်းအတွင်း ဆော့ကစားနေရင်း ဆားရည် သောက်မည်ဟုဆိုရာ ကျောင်းခန်းထဲသို့ဝင်၍ နေအိမ်မှ ပါလာသော ပိုးသတ်ဆေးများ ထည့်ထားသည့် ရေ သန့်ဘူးကို သောက်ခဲ့ကြောင်း၊ ရေသောက်ပြီးနောက် သူကစားသည့်နေရာ၌ လဲကျလာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

 

“သောက်ပြီးတော့ ကျောင်းဝရံနာကို ထွက်လာတာ။ အဲ့မှာလဲသွားတော့ သူနဲ့ကစားနေတဲ့ ကျောင်းသားက ကျောင်းအုပ်ကြီးဆီသွားပြောတာ။ သက်ဆိုင်ရာက လူတွေရောက်ပြီးတော့ သူသောက်ပြီးတော့ လွှတ်ပစ်တဲ့ရေ ဗူးက စစ်တော့ ပိုးသတ်ဆေးတွေ ထည့်ထားတဲ့ ရေသန့်ဗူးဖြစ်နေတယ်လို့ ” လို့ ကျေးရွာနေပြည်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါသေဆုံးသည့် ကျောင်းသူမှာ ဘိုကလေးမြို့၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဖိုးရွှေလုံးကျေးရွာတွင် နေထိုင်သည့် ကျောင်းသူတစ်ဦးဖြစ်သာ်။

 

ထိုနောက် ကျောင်းသူ၏ ရုပ်အလောင်းကို ဘိုကလေးမြို့ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက စစ်ဆေးမှုပြုလုပ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedit #ဘိုကလေးမြို့နယ်

 

(unicode)


…………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post