• Follow Us on

Home ဘိုင္ဒန္ကို အာဏာလႊဲေျပာင္းမႈစတင္ရမည္ဟု ထရမ့္လက္ခံ

ဘိုင္ဒန္ကို အာဏာလႊဲေျပာင္းမႈစတင္ရမည္ဟု ထရမ့္လက္ခံ

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၂၄
သမၼတအျဖစ္ေ႐ြးေကာက္ခံထားရေသာ ဂ်ိဳး ဘိုင္ဒန္ကို တရား၀င္အာဏာလႊဲေျပာင္းမႈစတင္သင့္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က လက္ခံခဲ့သည္။
ေ႐ြးေကာက္ပြဲ႐ွံဳးနိမ္႔မႈအတြက္ ဆက္လက္ရင္ဆိုင္ရန္ကတိျပဳထားေသာ္လည္း လုပ္ရမည့္အလုပ္ကို လႊဲေျပာင္းမႈကိုႀကီးၾကပ္ကြပ္ကဲရသည့္ဖက္ဒရယ္ေအဂ်င္စီက လုပ္ရမည္ဟု သမၼတကေျပာသည္။
မစ္ခ်ီဂန္ျပည္နယ္တြင္ မစၥတာ ဘိုင္ဒန္အႏိုင္ရေၾကာင္း တရား၀င္အသိအမွတ္ျပဳၿပီးေနာက္ပိုင္း လက္ခံခဲ့ျခင္းျဖစ္ၿပီး အႏိုင္ရမႈသည္ မစၥတာ ထရမ့္ကို အဓိကထိုးႏွက္မႈတခုျဖစ္ခဲ့သည္။
အာဏာလႊဲေျပာင္းမႈစတင္ျခင္းကို ဘိုင္ဒန္၏မဲဆြယ္စည္း႐ံုးေရးအဖြဲ႔ကႀကိဳဆိုခဲ့ၿပီး ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီ ၂၀ ရက္တြင္ က်မ္းက်ိန္ရန္ ျပင္ဆင္ထားသည္။
တနလၤာေန႔အေစာပိုင္းတြင္ မစၥတာ ဘိုင္ဒန္က ႏိုင္ငံျခားေရးမူဝါဒႏွင့္အမ်ိဳးသားလံုျခံဳေရးအဖြဲ႔ကို ထုတ္ေျပာခဲ့ၿပီး ထိုလူမ်ားထဲတြင္ အိုဘားမားအစိုးရလက္ထက္ သူဒုတိယသမၼတတာ၀န္ယူခဲ့စဥ္က လုပ္ေဖာ္ကိုင္ဖက္မ်ားပါ၀င္သည္။
အန္တိုနီ ဘလင္ကန္ကို ႏိုင္ငံျခားေရး၀န္ႀကီးႏွင့္ ဂၽြန္ ကယ္ရီကို ရာသီဥတုေျပာင္းလဲမႈအေရးကိုယ္စားလွယ္အျဖစ္ ခန္႔အပ္မည္ျဖစ္ၿပီး ဂ်ဲနက္ ယဲလန္က အေမရိကန္ေငြတိုက္၀န္ႀကီးဌာန၏ပထမဆံုးအမ်ိဳးသမီး၀န္ႀကီးျဖစ္လာမည္။
Ref : Trump accepts transition to Biden must begin
#PeopleMedia
(unicode)
ဘိုင်ဒန်ကို အာဏာလွှဲပြောင်းမှုစတင်ရမည်ဟု ထရမ့်လက်ခံ
……………………………..
ဝါရှင်တန်၊ နိုဝင်ဘာ ၂၄
သမ္မတအဖြစ်ရွေးကောက်ခံထားရသော ဂျိုး ဘိုင်ဒန်ကို တရားဝင်အာဏာလွှဲပြောင်းမှုစတင်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က လက်ခံခဲ့သည်။
ရွေးကောက်ပွဲရှုံးနိမ့်မှုအတွက် ဆက်လက်ရင်ဆိုင်ရန်ကတိပြုထားသော်လည်း လုပ်ရမည့်အလုပ်ကို လွှဲပြောင်းမှုကိုကြီးကြပ်ကွပ်ကဲရသည့်ဖက်ဒရယ်အေဂျင်စီက လုပ်ရမည်ဟု သမ္မတကပြောသည်။
မစ်ချီဂန်ပြည်နယ်တွင် မစ္စတာ ဘိုင်ဒန်အနိုင်ရကြောင်း တရားဝင်အသိအမှတ်ပြုပြီးနောက်ပိုင်း လက်ခံခဲ့ခြင်းဖြစ်ပြီး အနိုင်ရမှုသည် မစ္စတာ ထရမ့်ကို အဓိကထိုးနှက်မှုတခုဖြစ်ခဲ့သည်။
အာဏာလွှဲပြောင်းမှုစတင်ခြင်းကို ဘိုင်ဒန်၏မဲဆွယ်စည်းရုံးရေးအဖွဲ့ကကြိုဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းကျိန်ရန် ပြင်ဆင်ထားသည်။
တနင်္လာနေ့အစောပိုင်းတွင် မစ္စတာ ဘိုင်ဒန်က နိုင်ငံခြားရေးမူဝါဒနှင့်အမျိုးသားလုံခြုံရေးအဖွဲ့ကို ထုတ်ပြောခဲ့ပြီး ထိုလူများထဲတွင် အိုဘားမားအစိုးရလက်ထက် သူဒုတိယသမ္မတတာဝန်ယူခဲ့စဉ်က လုပ်ဖော်ကိုင်ဖက်များပါဝင်သည်။
အန်တိုနီ ဘလင်ကန်ကို နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျွန် ကယ်ရီကို ရာသီဥတုပြောင်းလဲမှုအရေးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး ဂျဲနက် ယဲလန်က အမေရိကန်ငွေတိုက်ဝန်ကြီးဌာန၏ပထမဆုံးအမျိုးသမီးဝန်ကြီးဖြစ်လာမည်။
Ref : Trump accepts transition to Biden must begin

Share this post