• Follow Us on

Home ဘိုင်ဒန်သည် တာလီဘန်ထက် ပိုအန္တရာယ်ရှိကြောင်း ဗြိတိန် NCO တစ်ဦးပြော

ဘိုင်ဒန်သည် တာလီဘန်ထက် ပိုအန္တရာယ်ရှိကြောင်း ဗြိတိန် NCO တစ်ဦးပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇ (People Media)

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အာဖဂန်နစ္စတန်မှတပ်များ ပြန်လည်ဆုတ်ခွာရေးအစီအစဉ်မှာ အနှစ်နှစ်ဆယ် လုံးလုံးအချိန်ဖြုန်းခြင်းသက်သက်ဖြစ်ပြီး ယင်းသို့ပြန်လည်ဆုတ်ခွာမှုကို မိမိအနေဖြင့် အလွန်တရာအံ့အားသင့် မိကြောင်း အဆင့်မြင့်စွမ်းရည်ဘွဲ့တံဆိပ်ရ ဗြိတိန်ကြည်းတပ် ပြန်တမ်းမဝင်အရာရှိ (NCO) တစ်ဦးကပြောလိုက် သည်။

 

“အမွှာညီနောက်မျှော်စင်အတိုက်ခံရတုန်းက မျှော်စင်ပြိုကျလို့သေရတဲ့ လူဦးရေ ၃,၀၀၀ အပါအဝင် လူဦးရေ ၆,၅၀၀ သေဆုံးခဲ့တယ်။ ကျွန်တော်တို့ ဘာတစ်ခုမှ အောင်မြင်မှုမရခဲ့ဘူး။ သမ္မတဂျိုးဘိုင်ဒန်ဟာ အနှစ်နှစ် ဆယ်လုပ်လာတဲ့အလုပ်ကို တစ်ရက်တောင်မရှိတဲ့အချိန်လေးအတွင်းမှာ ဖျက်ဆီးခဲ့တယ်။” ဟု အငြိမ်းစားအ ထူးစစ်ဆင်ရေး တပ်ခွဲတပ်ကြပ်ကြီး ထရီဗာကို့လ်တ်ကပြောလိုက်သည်။ ကို့လ်တ်သည် စစ်ရေးထူးချွန်သော ကြောင့် ဗြိတိန်ဘုရင်မကြီးရော အမေရိကန်သမ္မတဂျော့ချ်ဒဗလျူဘုရှ်ကပါ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်သည်။

 

ကို့လ်တ်သည် ဘော့စနီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ၂၁ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲ ပေါင်း ၁၇၈ ကြိမ်ကြုံတွေ့ခဲ့ကာ ဗုံးပေါက်ကွဲမှုသုံးကြိမ်မှလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည်။ ခြုံခိုတိုက်ပွဲဖြစ်စဉ် တစ်ခုတွင် မဟာမိတ်တပ်ဖွဲ့ဝင်များကို ကယ်တင်နိုင်ခဲ့သောကြောင့် ဗြိတိန်ဘုရင်မကြီးက ကို့လ်တ်အား ဗြိတိန် နိုင်ငံ၏အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော military cross ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အလားတူ အမေရိ ကန်သမ္မတဂျော့ချ်ဒဗလျူဘုရှ်ကကလည်း ကို့လ်တ်ကိုအိမ်ဖြူတော်သို့ထမင်းစားဖိတ်ပြီး presidential citation ဆုတံဆိပ်ချီးမြှှုင့်ခဲ့သည်။

 

“ဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အရည်အချင်းမရှိဆုံးသမ္မတပါ။ သူဟာ အကြမ်းဖက်သမား တွေကို မိတ်ဆွေလိုသဘောထားနေတဲ့သူပါ။ အိမ်ဖြူတော်ဟာ အနောက်နိုင်ငံတွေအတွက် မိတ်ဆွေတစ်ဦးမ ဟုတ်ပါဘူး။ ဘိုင်ဒန်သမ္မတဖြစ်နေစဉ်အတွင်းမှာ အိမ်ဖြူတော်ဟာ အန္တရာယ်ကောင်တစ်ကောင်ပါပဲ။” ဟု ကို့လ်တ်က Washington Examiner သတင်းဌာနသို့ပြောသည်။

 

၎င်းအနေဖြင့် ဘိုင်ဒန်နှင့်ပတ်သက်ပြီး ဗြိတိန်ဗိုလ်ချုပ်ကြီးများ၊ အထူးစစ်ဆင်ရေးအရာရှိများနှင့် စကားပြောပြီး ဖြစ်ကြောင်း၊ မည်သည့်ဗြိတိန်အရာရှိမှ ဘိုင်ဒန်၏အယူအဆကို နားမလည်နိုင်ကြောင်း ကို့လ်တ်ကပြောသည်။ “ဘိုင်ဒန်ဟာ တာလီဘန်တွေထက် အနောက်အုပ်စုကို ပိုပြီးခြိမ်းခြောက်နိုင်တဲ့သူပါ။ သူ ကျွန်တော်တို့ကို သစ္စာ ဖောက်ခဲ့တယ်ဆိုတာ တစ်စိုးတစ်စိတောင် သံသယဖြစ်စရာမလိုပါဘူး။” ဟု ၎င်းကပြောသည်။

 

ဥရောပနိုင်ငံများနှင့် နေတိုးအဖွဲ့အနေဖြင့် အမေရိကန်က ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိတော့သောအချိန်တွင် မည်ကဲ့သို့ဆောင်ရွက်မည်ကို အသင့်ပြင်ထားသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကပြောဆိုလိုက် ပြီးနောက် ကို့လ်တ်၏ပြောဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: British military officer: Biden is more of a danger to the West than the Taliban

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: British military officer: Biden is more of a danger to the West than the Taliban

 

#PeopleMedia


Share this post