• Follow Us on

Home ဘိုင်ဒန်သမ္မတအဖြစ်ကျမ်းကျိန်သည့်နေ့အထိ ထရမ့်၏စာမျက်နှာကို ဖေ့စ်ဘွတ်ပိတ်ပင်ထား

ဘိုင်ဒန်သမ္မတအဖြစ်ကျမ်းကျိန်သည့်နေ့အထိ ထရမ့်၏စာမျက်နှာကို ဖေ့စ်ဘွတ်ပိတ်ပင်ထား

Share this post

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ဖေ့စ်ဘွတ်အသုံးပြုခြင်းကြောင့် အန္တရာယ်ဖြစ်နိုင်သည့်အခြေအနေ ကြီးမားနေကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မာ့က် ဇက်ကာဘာ့ဂျ်ကပြောပြီး သမ္မတထရမ့်၏ ဖေ့စ်ဘွတ်စာမျက်နှာကို အနည်းဆုံး ၂ ပတ်မှ အများဆုံးအကန့်အသတ်မရှိအသုံးပြုခွင့်ပိတ်ပင်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုပလတ်ဖောင်း တွစ်ချ် နှင့် ဓာတ်ပုံဝေမျှနိုင်သည့်ဝန်ဆောင်မှုအက်ပလီကေးရှင်း စနပ် တို့လည်း ပိတ်ပင်သည့်ထိုလုပ်ရပ်သည် အဓိကလူမှုကွန်ရက်ကုမ္ပဏီတခုက သမ္မတ ထရမ့်ကို သိသိသာ သာပြုလုပ်သည့်ပိတ်ဆို့အရေးယူမှုဖြစ်သည်။

ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်လွှတ်တော်အဆောက်အဦသို့ ထရမ့်ကိုထောက်ခံသူရာဂဏန်းဝင်ရောက်ခဲ့ပြီး လူ ၄ ယောက်သေဆုံးခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိနေ သည်ဟု သမ္မတ၏အခြေအမြစ်မရှိသောစွပ်စွဲမှုများကိုဖြိုခွဲရန် နည်းပညာကုမ္ပဏီကြီးများက အသည်းအ သန်ကြိုးပမ်းနေကြသည်။

Follower ၃၅ သန်းရှိသည့်ထရမ့်၏ဖေ့စ်ဘွတ်စာမျက်နှာကို ဘိုင်ဒန်ကျမ်းကျိန်မည့် ဇန်နဝါရီ ၂၀ ရက်အထိ ပိတ်သိမ်သွားမည်ဖြစ်ပြီး ဖေ့စ်ဘွတ်ပိုင်ဆိုင်သည့်အင်စတာဂရမ်တွင်လည်း ပိတ်သိမ်းသွားမည်ဟု ဇက်ကာ ဘာ့ဂျ်ကပြောသည်။

တွစ်တာကလည်း ဗုဒ္ဓဟူးနေ့တွင် ထရမ့်၏အကောင့်ကိုယာယီပိတ်သိမ်းခဲ့ပြီး အမေဇုန်ကုမ္ပဏီပိုင်သည့် တွစ်ချ် ကလည်း ကြာသပတေးနေ့တွင် ထရမ့်၏အွန်လိုင်းရုပ်သံလိုင်းကို ပိတ်သိမ်းခဲ့သည်။

ထိုဖြစ်ရပ်များအတွက် အိမ်ဖြူတော်ဘက်က တစုံတရာတုံ့ပြန်ပြောဆိုခြင်းမရှိသေးချေ။

Ref : Facebook bans Trump through Biden inauguration, maybe longer

#PeopleMedia

(unicode)
……………………………………………………..








Ref : Facebook bans Trump through Biden inauguration, maybe longer

#PeopleMedia


Share this post