• Follow Us on
Latest News

Home ဘိုလီဗီးယား ကာကြယ္ေရး၀န္ႀကီး ရာထူးမွ ႏႈတ္ထြက္

ဘိုလီဗီးယား ကာကြယ္ေရး၀န္ႀကီး ရာထူးမွ ႏႈတ္ထြက္

Share this post

ဘိုလီဗီးယား ကာကြယ္ေရး၀န္ႀကီး ဂ်ာဗီရာ ဆာဗလက္တာဟာ ရာထူးကႏႈတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္း ကာကြယ္ေရး၀န္ႀကီးဌာနရဲ႕ တြစ္တာစာမ်က္ႏွာမွာ ႏို၀င္ဘာ ၁၂ ရက္ေန႔က ေဖာ္ျပလိုက္ပါတယ္။

ျပည္တြင္းဆူပူဆႏၵျပမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က သမၼတ အီဗိုမိုရာလက္စ္ ရာထူးကႏႈတ္ထြက္ခဲ့ၿပီး ၄င္းႏႈတ္ထြက္ဖို႔အတြက္ စစ္တပ္နဲ႕ ရဲတပ္ဖြဲ႕က ပူးေပါင္းေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

လက္နက္ကိုင္အဖြဲ႕အစည္းေတြၾကား စည္းလံုးညီညြတ္မႈကို ထိန္းသိမ္းဖို႔အတြက္ အခုလို ႏႈတ္ထြက္လိုက္တာ လို႔ ဆာဗလက္တာက ေျပာပါတယ္။ စစ္တပ္အရာရွိအႀကီးအကဲေတြအေနနဲ႔ အရပ္သားကို ဆန္႔က်င္ၿပီး စစ္တပ္အင္အားအသံုးျပဳဖို႔ ဘယ္တုန္းကမွ မညႊန္ၾကားခဲ့ဘူးလို႔ ၄င္းက ေျပာပါတယ္။

မိမိတို႔အေနနဲ႔ စစ္သားေတြကို လက္နက္ကိုင္ၿပီး ျပည္သူေတြကို ရင္ဆိုင္ဖို႔ ဘယ္ေတာ့မွအမိန္႔ေပးမွာ မဟုတ္ ဘူးလို႔လည္း ဆာဗလက္တာက ေျပာပါတယ္။ မိမိတို႔တည္ေဆာက္ထားတဲ့ ဘိုလီဗီးယားႏိုင္ငံမွာ စစ္တပ္ဆိုတာ ျပည္သူေတြနဲ႔အတူ တိုင္းျပည္ကို ကာကြယ္ဖို႔အတြက္သာျဖစ္တယ္လို႔လည္း ၄င္းက ေျပာၾကားခဲ့ပါတယ္။

Ref; https://sputniknews.com/

#PeopleMedia #International

(Unicode)
ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်
…………………………………………………

ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ဂျာဗီရာ ဆာဗလက်တာဟာ ရာထူးကနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တွစ်တာစာမျက်နှာမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖော်ပြလိုက်ပါတယ်။

ပြည်တွင်းဆူပူဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတ အီဗိုမိုရာလက်စ် ရာထူးကနှုတ်ထွက်ခဲ့ပြီး ၄င်းနှုတ်ထွက်ဖို့အတွက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့အတွက် အခုလို နှုတ်ထွက်လိုက်တာ လို့ ဆာဗလက်တာက ပြောပါတယ်။ စစ်တပ်အရာရှိအကြီးအကဲတွေအနေနဲ့ အရပ်သားကို ဆန့်ကျင်ပြီး စစ်တပ်အင်အားအသုံးပြုဖို့ ဘယ်တုန်းကမှ မညွှန်ကြားခဲ့ဘူးလို့ ၄င်းက ပြောပါတယ်။

မိမိတို့အနေနဲ့ စစ်သားတွေကို လက်နက်ကိုင်ပြီး ပြည်သူတွေကို ရင်ဆိုင်ဖို့ ဘယ်တော့မှအမိန့်ပေးမှာ မဟုတ် ဘူးလို့လည်း ဆာဗလက်တာက ပြောပါတယ်။ မိမိတို့တည်ဆောက်ထားတဲ့ ဘိုလီဗီးယားနိုင်ငံမှာ စစ်တပ်ဆိုတာ ပြည်သူတွေနဲ့အတူ တိုင်းပြည်ကို ကာကွယ်ဖို့အတွက်သာဖြစ်တယ်လို့လည်း ၄င်းက ပြောကြားခဲ့ပါတယ်။

Ref; https://sputniknews.com/

#PeopleMedia #International


Share this post