• Follow Us on

Home ဘီဘီစီ၏ ၂၀၂၀ ျပည့္ႏွစ္ ထင္႐ွားေက်ာ္ၾကားအမ်ိဳးသမီး ၁၀၀ စာရင္းတြင္ ျမန္မာႏိုင္ငံမွ အမ်ိဳးသမီးအခြင့္အေရးလႈပ္႐ွားသူပါ၀င္

ဘီဘီစီ၏ ၂၀၂၀ ျပည့္ႏွစ္ ထင္႐ွားေက်ာ္ၾကားအမ်ိဳးသမီး ၁၀၀ စာရင္းတြင္ ျမန္မာႏိုင္ငံမွ အမ်ိဳးသမီးအခြင့္အေရးလႈပ္႐ွားသူပါ၀င္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၂၄
ယခု ၂၀၂၀ ျပည့္ႏွစ္အတြက္ ဘီဘီစီသတင္းဌာနကထုတ္ျပန္ေသာ ထင္႐ွားေက်ာ္ၾကားအမ်ိဳးသမီး ၁၀၀ စာရင္းတြင္ ျမန္မာႏိုင္ငံမွ အမ်ိဳးသမီးအခြင့္အေရးတက္ႂကြလႈပ္႐ွားသူ မနႏၵာက အဆင့္ ၆၇ ေနရာတြင္ပါ၀င္ေနသည္။
မနႏၵာသည္ အမ်ိဳးသမီးအခြင့္အေရးအၾကံေပး၊ ဘာသာျပန္၊ ဇာတ္ေၾကာင္းေျပာသူႏွင့္ Feminist Talks၊ ႀကီးေတာ္စကားဝိုင္း စသည့္ ဒစ္ဂ်စ္တယ္စကားဝိုင္း ၂ ခု၏ဖန္တီးသူျဖစ္သည္။
ထို႔အျပင္ Purple Feminists Group အမ်ိဳးသမီးအခြင့္အေရးလႈပ္႐ွားမႈအဖြဲ႔ကို တည္ေထာင္ခဲ့သူျဖစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္ ပိပိတို႔စကားဝိုင္း ႐ိုက္ကူးထုတ္လုပ္မႈကို ပူးတြဲၫႊန္ၾကားခဲ့သူလည္းျဖစ္သည္။
ျမန္မာႏိုင္ငံအေ႐ွ႕ေျမာက္ပိုင္း႐ွမ္းျပည္နယ္မွ႐ြာတ႐ြာတြင္ႀကီးျပင္းခဲ့ေသာ မနႏၵာသည္ ျမန္မာႏိုင္ငံမွမိသားစုႏွင့္လူ႔အသိုက္အ၀န္း၏႐ိုးရာစံႏႈန္းမ်ားကို စိန္ေခၚရာတြင္ အမ်ိဳးသမီးမ်ားရင္ဆိုင္ရေသာအခက္အခဲမ်ားကို ရင္ဆိုင္ခဲ့ရသည္။
ဒစ္ဂ်စ္တယ္စကားဝိုင္းမ်ားကိုအသံုးျပဳၿပီး ဓမၼတာလာျခင္းႏွင့္ သေႏၶပ်က္ျခင္းကဲ့သို႔ ႏိုင္ငံအတြင္းမွဓေလ့ႏွင့္မညီဟုဆိုကာတားျမစ္ထားသည့္ေခါင္းစဥ္မ်ားကို ရင္ဆိုင္ေဆြးေႏြးေနသူျဖစ္သည္။
ဘီဘီစီ၏ကမာၻတ၀န္းထင္႐ွားေက်ာ္ၾကားအမ်ိဳးသမီး ၁၀၀ စာရင္းသည္ ခက္ခဲေနသည့္အခ်ိန္မ်ားတြင္ အေျပာင္းအလဲကိုဦးေဆာင္ၿပီး မတူကြဲျပားမႈမ်ားေဖာ္ေဆာင္ႏိုင္သည့္အမ်ိဳးသမီးမ်ားကို မီးေမာင္းထိုးျပထားသည္။
ယခုႏွစ္စာရင္းတြင္ ဖင္လန္ႏိုင္ငံမွအမ်ိဳးသမီးမ်ားသာပါ၀င္ေသာၫႊန္႔ေပါင္းအစိုးရအဖြဲ႔ကိုဦးေဆာင္သည့္ ၀န္ႀကီးခ်ဳပ္ ဆန္နာ မာရင္၊ ႐ုပ္႐ွင္မင္းသမီးႀကီး မီ႐ွဲ ယိုႏွင့္ ေအာက္စဖို႔တကၠသိုလ္၏ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသုေတသနကိုဦးေဆာင္ခဲ့သည့္ ဆာရာ ဂီးလ္ဘာ့တ္တို႔လည္းပါ၀င္သည္။
Ref : BBC 100 Women 2020 Who is on the list this year
#PeopleMedia
(unicode)
ဘီဘီစီ၏ ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြားအမျိုးသမီး ၁၀၀ စာရင်းတွင် မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူပါဝင်
…………………………..
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ယခု ၂၀၂၀ ပြည့်နှစ်အတွက် ဘီဘီစီသတင်းဌာနကထုတ်ပြန်သော ထင်ရှားကျော်ကြားအမျိုးသမီး ၁၀၀ စာရင်းတွင် မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ မနန္ဒာက အဆင့် ၆၇ နေရာတွင်ပါဝင်နေသည်။
မနန္ဒာသည် အမျိုးသမီးအခွင့်အရေးအကြံပေး၊ ဘာသာပြန်၊ ဇာတ်ကြောင်းပြောသူနှင့် Feminist Talks၊ ကြီးတော်စကားဝိုင်း စသည့် ဒစ်ဂျစ်တယ်စကားဝိုင်း ၂ ခု၏ဖန်တီးသူဖြစ်သည်။
ထို့အပြင် Purple Feminists Group အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်ပြီး ရန်ကုန်မြို့တွင် ပိပိတို့စကားဝိုင်း ရိုက်ကူးထုတ်လုပ်မှုကို ပူးတွဲညွှန်ကြားခဲ့သူလည်းဖြစ်သည်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှမ်းပြည်နယ်မှရွာတရွာတွင်ကြီးပြင်းခဲ့သော မနန္ဒာသည် မြန်မာနိုင်ငံမှမိသားစုနှင့်လူ့အသိုက်အဝန်း၏ရိုးရာစံနှုန်းများကို စိန်ခေါ်ရာတွင် အမျိုးသမီးများရင်ဆိုင်ရသောအခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။
ဒစ်ဂျစ်တယ်စကားဝိုင်းများကိုအသုံးပြုပြီး ဓမ္မတာလာခြင်းနှင့် သန္ဓေပျက်ခြင်းကဲ့သို့ နိုင်ငံအတွင်းမှဓလေ့နှင့်မညီဟုဆိုကာတားမြစ်ထားသည့်ခေါင်းစဉ်များကို ရင်ဆိုင်ဆွေးနွေးနေသူဖြစ်သည်။
ဘီဘီစီ၏ကမာ္ဘတဝန်းထင်ရှားကျော်ကြားအမျိုးသမီး ၁၀၀ စာရင်းသည် ခက်ခဲနေသည့်အချိန်များတွင် အပြောင်းအလဲကိုဦးဆောင်ပြီး မတူကွဲပြားမှုများဖော်ဆောင်နိုင်သည့်အမျိုးသမီးများကို မီးမောင်းထိုးပြထားသည်။
ယခုနှစ်စာရင်းတွင် ဖင်လန်နိုင်ငံမှအမျိုးသမီးများသာပါဝင်သောညွှန့်ပေါင်းအစိုးရအဖွဲ့ကိုဦးဆောင်သည့် ဝန်ကြီးချုပ် ဆန်နာ မာရင်၊ ရုပ်ရှင်မင်းသမီးကြီး မီရှဲ ယိုနှင့် အောက်စဖို့တက္ကသိုလ်၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသုတေသနကိုဦးဆောင်ခဲ့သည့် ဆာရာ ဂီးလ်ဘာ့တ်တို့လည်းပါဝင်သည်။
Ref : BBC 100 Women 2020 Who is on the list this year

Share this post