• Follow Us on

Home ဘီဟာျပည္နယ္တြင္ မိုးႀကိဳးပစ္မႈမ်ားေၾကာင့္ တစ္ရက္အတြင္း လူ ၂၀ ဦး ေသဆုံး

ဘီဟာျပည္နယ္တြင္ မိုးႀကိဳးပစ္မႈမ်ားေၾကာင့္ တစ္ရက္အတြင္း လူ ၂၀ ဦး ေသဆုံး

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ – ၆

အိႏၵိယႏိုင္ငံအေရွ႕ပိုင္း၊ ဘီဟာျပည္နယ္တြင္ ၿပီးခဲ့ေစာ ၂၄ နာရီအတြင္း မိုးႀကိဳးပစ္ခတ္မႈမ်ားေၾကာင့္ လူ ၂၀ ဦး ထက္မနည္း ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ယေန႔ေျပာၾကားလိုက္သည္။

လူေသဆုံးမႈမ်ားက ခ႐ိုင္ေလးခုတြင္ျဖစ္ပြားခဲ့ေၾကာင္း ျပည္နယ္ေဘးအႏၲရာယ္စီမံခန္႔ခြဲေရးဌာနမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၃ ရက္ကလည္း ဘီဟာျပည္နယ္၌ မိုးႀကိဳးပစ္ခတ္မႈမ်ားေၾကာင့္ လူရွစ္ဦး ေသဆုံးခဲ့ရာ မိုးႀကိဳးေဘးသင့္ေသဆုံးသူဦးေရမွာ ၆၅ ဦးအထိ ရွိလာခဲ့ၿပီျဖစ္သည္။

ထို႔အျပင္ ၿပီးခဲ့ေသာအပတ္က ဘီဟာျပည္နယ္၌ မိုးသည္းထန္စြာ ရြာသြန္းမႈမ်ား၊ မိုးႀကိဳးပစ္မႈမ်ားေၾကာင့္ လူ ၈၃ ဦး ေသဆုံးခဲ့ေသးသည္။

ေသဆုံးသူမ်ားမွာ လယ္ကြင္းမ်ား၌ အလုပ္လုပ္ကိုင္ေနခ်ိန္ သို႔မဟုတ္ သစ္ပင္မ်ားေအာက္ ခိုလႈံေနခ်ိန္ မိုးႀကိဳး ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အဆိုပါဌာနမွတာဝန္ရွိသူမ်ားက ဆိုသည္။

ရာသီဥတုဆိုးရြားေနခ်ိန္ ဂ႐ုစိုက္ၾကရန္ႏွင့္ မိုးႀကိဳးပစ္ခ်ိန္မ်ားတြင္ အျပင္မထြက္ၾကရန္ တာဝန္ရွိသူမ်ားက ေဒသခံျပည္သူမ်ားသို႔ တိုက္တြန္းခဲ့သည္။

ရာသီဥတုဆိုးရြားေနခ်ိန္တြင္ ေဘးအႏၲရာယ္စီမံခန္႔ခြဲေရးဌာနက ထုတ္ျပန္ထားေသာ ႀကိဳတင္ကာကြယ္ေရး အစီအမံမ်ားကို တိက်စြာလိုက္နာၾကရန္ ၄င္းတို႔က ျပည္သူမ်ားသို႔ ေတာင္းဆိုခဲ့သည္။

လက္ရွိအခ်ိန္တြင္ အိႏၵိယႏိုင္ငံ၌ အေနာက္ေတာင္မုတ္သုံေလ တိုက္ခတ္ေနမႈေၾကာင့္ ေဒသအမ်ားစုတြင္ မိုးသည္းထန္စြာ ရြာသြန္းလ်က္ရွိရာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားလာႏိုင္သည္။

ကိုးကား – ဆင္ဟြာ

Ref; Lightning, thunderstorm kill 20 in India’s Bihar

(unicode)
ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၂၀ ဦး သေဆုံး
………………………………………………………

နိုင်ငံတကာ၊ ဇူလိုင် – ၆

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘီဟာပြည်နယ်တွင် ပြီးခဲ့စော ၂၄ နာရီအတွင်း မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားလိုက်သည်။

လူသေဆုံးမှုများက ခရိုင်လေးခုတွင်ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း ဘီဟာပြည်နယ်၌ မိုးကြိုးပစ်ခတ်မှုများကြောင့် လူရှစ်ဦး သေဆုံးခဲ့ရာ မိုးကြိုးဘေးသင့်သေဆုံးသူဦးရေမှာ ၆၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ထို့အပြင် ပြီးခဲ့သောအပတ်က ဘီဟာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ မိုးကြိုးပစ်မှုများကြောင့် လူ ၈၃ ဦး သေဆုံးခဲ့သေးသည်။

သေဆုံးသူများမှာ လယ်ကွင်းများ၌ အလုပ်လုပ်ကိုင်နေချိန် သို့မဟုတ် သစ်ပင်များအောက် ခိုလှုံနေချိန် မိုးကြိုး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါဌာနမှတာဝန်ရှိသူများက ဆိုသည်။

ရာသီဥတုဆိုးရွားနေချိန် ဂရုစိုက်ကြရန်နှင့် မိုးကြိုးပစ်ချိန်များတွင် အပြင်မထွက်ကြရန် တာဝန်ရှိသူများက ဒေသခံပြည်သူများသို့ တိုက်တွန်းခဲ့သည်။

ရာသီဥတုဆိုးရွားနေချိန်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသော ကြိုတင်ကာကွယ်ရေး အစီအမံများကို တိကျစွာလိုက်နာကြရန် ၄င်းတို့က ပြည်သူများသို့ တောင်းဆိုခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ အနောက်တောင်မုတ်သုံလေ တိုက်ခတ်နေမှုကြောင့် ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်သည်။

ကိုးကား – ဆင်ဟွာ

Ref; Lightning, thunderstorm kill 20 in India’s Bihar


Share this post