• Follow Us on
Latest News

Home ဘီးလင်းမှမောင်းနှင်လာသည့် ၂၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ လမ်းလျှောက်နေသူ အမျိုး သမီးတစ်ဦးအား ဝင်တိုက်မိရာ ယင်းအမျိုးသမီးသေဆုံး

ဘီးလင်းမှမောင်းနှင်လာသည့် ၂၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ လမ်းလျှောက်နေသူ အမျိုး သမီးတစ်ဦးအား ဝင်တိုက်မိရာ ယင်းအမျိုးသမီးသေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၇ (People Media)

 

ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ဘီးလင်းမှမောင်းနှင်လာသည့် ၂၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း လျှောက်နေသူအမျိုးသမီးတစ်ဦးအား ဝင်တိုက်မိရာ အဆိုပါအမျိုးသမီးသေဆုံးသွားကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ သိရှိရသည်။

 

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၂ နှင့် ၁၃၉/၃ အကြားတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ၆ နာရီခွဲအချိန်ခန့်တွင် ဘီးလင်းဘက်မှ မောင်းနှင်လာသည့် FUSO အမျိုးအစား ၂၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦးအား ဝင်တိုက်မိပြီး လမ်းဘေး ရှိကျွန်းပင်အား ဝင်တိုက်ရာ ယာဉ်မောင်းမှာညှပ်နေပြီး(မစိုးရိမ်ရ)အား သထုံခရိုင်ပြည်သူ့ဆေးရုံသို့ နှလုံးသားလူ မှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ၂၂ ဘီးယာဉ်၏ တိုက်မိမှုကြောင့် လမ်းဘေးရှိ လမ်းလျှောက်နေသူအမျိုးသမီးမှာ သေဆုံးခဲ့သဖြင့် နှလုံး သားအလှလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျိုက္ကော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရရှိသည်။

 

Photo – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

#PeopleMedia #ရန်ကုန်မော်လမြိုင် #၂၂ ဘီးယာဉ်

 

(unicode)


…………………………………………………………………….

 


 


 


 


 


 



Share this post