• Follow Us on

Home ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အသတ်ခံရပြီးနောက် ၎င်း၏ ယောက်ဖဖြစ်သူ သေနတ်ဖြင့် လုပ်ကြံ ခံရ၍ သေဆုံး

ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အသတ်ခံရပြီးနောက် ၎င်း၏ ယောက်ဖဖြစ်သူ သေနတ်ဖြင့် လုပ်ကြံ ခံရ၍ သေဆုံး

Share this post

မော်လမြိုင်၊ စက်တင်ဘာ ၂၇ (People Media)

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အသတ်ခံရပြီးနောက် ယနေ့ နံနက်ပိုင်း၌ ၎င်း၏ ယောက်ဖဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက People Media သို့ ပြောဆိုသည်။

 

ဖြစ်စဉ်မှာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင်ဆွေ နေအိမ်ရှေ့ လမ်းထိပ်၌ ၎င်း၏ ယောက်ဖဖြစ်သူ သည် မတ်တပ်ရပ်နေစဉ် အမည်မသိလူတစ်စုမှ ဆိုင်ကယ်ဖြင့်လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဖြစ်စဉ်ကတော့ဟုတ်တယ်၊ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင်ဆွေရဲ့ နေအိမ်ရှေ့မှာကို လာပစ် သွားတာပဲ အပစ်ခံရတဲ့သူ ယောက်ဖကတော့ ဘီးလင်းပြည်သူ့ဆေးရုံပို့တဲ့အခါမှာ ဆုံးသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် မေလ ၂၇ ရက်နေတွင်လည်း ဘီးလင်းမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေသည် သေနတ်ဖြင့် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပြီး ယခုတွင် ၎င်း၏ ယောက်ဖဖြစ်သူကိုပါ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ မွန်ပြည်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ၊ ဝန်ထမ်းများနှင့် ပြည်သူများသည် သေနတ်ဖြင့် လုပ်ကြံခံရမှု ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #ဘီးလင်း #USDP

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post