• Follow Us on

Home ဘုတလင်မြို့နယ်၌ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ ယာဉ်မောင်းဖြစ်သူ သေဆုံး

ဘုတလင်မြို့နယ်၌ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ ယာဉ်မောင်းဖြစ်သူ သေဆုံး

Share this post

နေပြည်တော်၊ မတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် လူနာပို့ပြီး ပြန်လာသည့် လူနာတင်ကားတစ်စီး ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ နှောပင်ကြီးကျေးရွာက လူမှုကူညီရေးယာဉ်သည် မုံရွာဆေးရုံကို လူနာသွားပို့ပြီး ပြန်လာစဉ်  ဘုတလင်မြို့နယ် ကံသစ်ကျေးရွာအနီးတွင် မိုင်းဆွဲခံရခြင်း ဖြစ်သည်။

 

“ကားပေါ်မှာက နှစ်ယောက်ပါတယ်။ မုံရွာကို လူနာပို့ပြီး ပြန်လာတာ။ အပြန်မှာ မိုင်းထိတာ။ တစ်ယောက် သေသွားတာ” ဟု မုံရွာမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ လူမှုကူညီရေးယာဉ် မိုင်းထိမှန်ခဲ့ခြင်းကြောင့် ယာဉ်၏ ရှေ့လေကာမှန်၊ ယာဉ်အောက်ပိုင်းနှင့် ယာဉ်၏ ဘေးမှန်များ ပျက်စီးခဲ့သလို ယာဉ်ပေါ်လိုက်ပါလာသူနှစ်ဦးအနက် ယာဉ်မောင်းဖြစ်သူပါ သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

 

စစ်ကိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်လများအတွင်းကလည်း လူမှုကူညီရေးအသင်းယာဉ်တစ်ချို့ မိုင်ထိမှန်ခြင်း များကြောင့် လူသေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post