• Follow Us on

Home ဘုတလင်မြို့၌ အကြော်ရောင်းချနေသည့် အမျိုးသားတစ်ဦးကို လူငယ်နှစ်ဦးမှ သေနတ်ဖြင့် လုပ်ကြံ သတ် ဖြတ်ခဲ့

ဘုတလင်မြို့၌ အကြော်ရောင်းချနေသည့် အမျိုးသားတစ်ဦးကို လူငယ်နှစ်ဦးမှ သေနတ်ဖြင့် လုပ်ကြံ သတ် ဖြတ်ခဲ့

Share this post

ဘုတလင်၊ ဇန်နဝါရီ ၁၇ (People Media)

 

ဇန်နဝါရီ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့၊ ဗန္ဓုလရပ်ကွက်၊ မုံရွာ- ရေဦးကားလမ်း၊ အင်တဲ ကုန်းကျေးရွာ လမ်းခွဲနေရာ၌ အကြော်ရောင်းချနေသည့် ဒေသခံအမျိုးသားတစ်ဦးကို လူငယ်နှစ်ဦးမှာ သေနတ် ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

“သေဆုံးသူက ဦးဟိန်းမင်းသန့် အသက် ၄၅ နှစ်ဖြစ်တယ်။ သူ့ရဲ့ မိန်းမက နေမကောင်းလို့ အကြော်မရောင်း နိုင်ဘူး။ သူ့အမျိုးသမီးအကြော် မကြော်နိုင်တော့ သူက ဝင်ကြော်နေချိန်မှာ လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ လုပ်ကြံသွားတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အခင်းဖြစ်ပွားရာနေရာ၌ USA 380 AUTO အမျိုးအစား ကျည်ခွံနှစ်ခွံ တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူအချို့က အတည်ပြုပြောဆိုသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး လက်ရှိအချိန်၌ န-မ-ခတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်မှ နယ်မြေတည်ငြိမ်ရေးအတွက် စစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #ဘုတလင်မြို့

 

(unicode)


……………………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post