• Follow Us on

Home ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလုပ်ငန်းကို အလေးအနက်ထား အားပေးဆောင်ရွက်လျက်ရှိကြောင်း သာ သနာရေးဝန်ကြီးပြော

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလုပ်ငန်းကို အလေးအနက်ထား အားပေးဆောင်ရွက်လျက်ရှိကြောင်း သာ သနာရေးဝန်ကြီးပြော

Share this post

ရန်ကုန်၊ မတ် ၈

 

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလုပ်ငန်းကို အလေးအနက်ထား အားပေးဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြောသည်။

 

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၈) ကြိမ်မြောက် အစည်းအဝေးကို ယမန် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

“ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ သာသနာတော်အတွက်ရော တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ အကျိုးရှိတဲ့အပြင် ပညာသင်ကြားဖို့ အခက်အခဲရှိကြတဲ့ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ အတွက် ကျောင်းနေအရွယ်ကလေး ကျောင်းနေနိုင်ရေးဆိုတဲ့ ပညာရေးမျှော်မှန်းချက်တွေ ထမြောက်အောင် မြင်ဖို့အတွက်လည်း များစွာအထောက်အကူပြုပြီး၊ နိုင်ငံတော်ရဲ့ ပညာရေး မူဝါဒတွေနဲ့ မဆန့်ကျင်ဘဲ ရိုးရာ အစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြော သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မေ ၁၀ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၁၀/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ သည် မြန်မာ့ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက်များစွာအထောက်အကူပြုခဲ့ကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလုပ်ငန်းကို အထူး အားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ယခုအစိုးရအဖွဲ့လက်ထက်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ မူလတန်းသင် ဆရာဆရာမတစ်ဦးအတွက် လစဉ်ထောက်ပံ့ငွေကျပ် ၃၈၀၀ဝ/-မှ ငွေကျပ် ၅၇၀၀ဝ/- သို့လည်းကောင်း၊ မူလတန်းလွန်နှင့် အလယ်တန်းသင် ဆရာ ဆရာမ တစ်ဦးအတွက် လစဉ်ထောက်ပံ့ ငွေကျပ် ၄၃၀၀ဝ/-မှ ငွေကျပ် ၆၄၅၀ဝ/- သို့လည်းကောင်း၊ အထက်တန်းသင် ဆရာ ဆရာမတစ်ဦးအတွက် လစဉ်ထောက်ပံ့ငွေကျပ် ၄၇၀၀ဝ/-မှ ငွေကျပ် ၇၀၅၀ဝ/- သို့ လည်းကောင်း  ၅၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာ ဆရာမများကို အတန်းလိုက် စနစ်သစ်ပညာရေး မွမ်းမံသင်တန်း၊ ကလေးဗဟိုပြုသင်တန်း၊ စီမံအုပ်ချုပ်မှု သင်တန်းများ တက်ရောက်စေခြင်း၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကို အခြေခံပညာကျောင်းများ နည်းတူ ကျောင်းထောက်ပံ့ကြေးများပေးခြင်း၊ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကျောင်းကျန်းမာရေး စီမံချက်လုပ်ငန်းများတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပူးပေါင်းပါဝင်စေခြင်းဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလုပ်ငန်းကို အလေးအနက်ထား အားပေးဆောင် ရွက်လျက်ရှိကြောင်းဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post