• Follow Us on

Home ဘုန္းႀကီးေက်ာင္းဝန္းအတြင္း၌ တန္ဖုိးျမင့္သစ္(၁၆)တန္ ဖမ္းမိ၊ ဖမ္းမိေသာသစ္သည္ ပုိင္ရွင္မဲ့ဟုဆုိ

ဘုန္းႀကီးေက်ာင္းဝန္းအတြင္း၌ တန္ဖုိးျမင့္သစ္(၁၆)တန္ ဖမ္းမိ၊ ဖမ္းမိေသာသစ္သည္ ပုိင္ရွင္မဲ့ဟုဆုိ

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၂၁

မိတၳီလာၿမိဳ႕နယ္၊ ရန္မ်ိဳးေအာင္ရပ္ကြက္ နယ္ေျမ(၃)၊ နဝင္းေအးဘုန္းႀကီးေက်ာင္းဝန္းအတြင္း၌ တန္ဖုိးျမင့္သစ္ (၁၆)တန္ ပုိင္ရွင္မဲ့ဖမ္းမိခဲ့ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး၊ မတၳီလာခ႐ုိင္၊ မိတၳီလာၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဆာင္ေသာ သစ္ ေတာဝန္ထမ္းမ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မိတၳီလာၿမိဳ႕နယ္၊ ရန္မ်ိဳးေအာင္ရပ္ကြက္ နယ္ေျမ(၃)၊ နဝင္းေအးဘုန္းႀကီးေက်ာင္းဝန္းအတြင္း တရားမဝင္ ပ်ဥ္း ကတိုး/အင္ၾကင္း/လက္ပံ/ဒီဒူး/ေႏွာ/ ႀကိဳ႕/ေထာက္ႀကံ့ခြဲသား (၂၈၄) ေခ်ာင္း (၁၅.၉၇၅၄)တန္အား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ ပုိင္ရွင္ျဖစ္သူကုိ ဖမ္းဆီးႏုိင္ျခင္းမရွိေသာ္လည္း တရာခံမ်ားကုိ စုံစမ္းရွာေဖြၿပီး ဥပေဒႏွင့္အညီ အေရးယူႏုိင္ရန္ အာဏာပုိင္မ်ားက ေဆာင္ရြက္လွ်က္ရွိပါတယ္။

#PeopleMedia #Forest

(Unicode)
ဘုန်းကြီးကျောင်းဝန်းအတွင်း၌ တန်ဖိုးမြင့်သစ်(၁၆)တန် ဖမ်းမိ၊ ဖမ်းမိသောသစ်သည် ပိုင်ရှင်မဲ့ဟုဆို
………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၁

မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၃)၊ နဝင်းအေးဘုန်းကြီးကျောင်းဝန်းအတွင်း၌ တန်ဖိုးမြင့်သစ် (၁၆)တန် ပိုင်ရှင်မဲ့ဖမ်းမိခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ် တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၃)၊ နဝင်းအေးဘုန်းကြီးကျောင်းဝန်းအတွင်း တရားမဝင် ပျဉ်း ကတိုး/အင်ကြင်း/လက်ပံ/ဒီဒူး/နှော/ ကြို့/ထောက်ကြံ့ခွဲသား (၂၈၄) ချောင်း (၁၅.၉၇၅၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်၌ ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း တရာခံများကို စုံစမ်းရှာဖွေပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် အာဏာပိုင်များက ဆောင်ရွက်လျှက်ရှိပါတယ်။

#PeopleMedia #Forest


Share this post