• Follow Us on

Home ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများ၌ လာရောက်နေထိုင်သူများအားလုံး ဧည့်စာရင်းတိုင်ကြားရမည်

ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများ၌ လာရောက်နေထိုင်သူများအားလုံး ဧည့်စာရင်းတိုင်ကြားရမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၄ (People Media)

 

ဘုန်တော်ကြီးကျောင်များနှင့် သီလရှင်ကျောင်းများတွင် လာရောက်နေထိုင်သူများအားလုံး ဧည့်စာရင်းတိုင် ကြားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် သံဃနာယကအဖွဲ့များထံ အကြောင်းထားကြောင်း ယင်းဝန်ကြီးဌာန၏ ပေးပို့စာအရ သိရသည်။

 

လက်ရှိ မတရားအသင်းအဖြစ် ကြေညာခံထားရသည့် CRPH၊ NUG နှင့် PDF များသည် ဘုန်တော်ကြီးကျောင်း များ၊ စာသင်တိုက်များ၊ သီလရှင်ကျောင်းများကို အခြေပြု၍ အကြမ်းဖက်အဖွဲ့အစည်းများ ခိုအောင်းရာနေရာ အဖြစ် အသုံးချကာ အကြမ်းဖက်လုပ်ရက်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်နက်၊ လူ၊ ငွေကြေးများ စုဆောင်းရာနေရာအဖြစ် ဆောင်ရွက်ချက်ရှိကြောင်း ပေးပို့စာတွင် ဖော်ပြထားသည်။

 

ထို့ကြောင့် တတိယအကြိမ်ဂိုဏ်ပေါင်းစုံ သံဃာ့အစည်းအဝေးကြီးများ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာ ကြလျက် ကျောင်းထိုင်ဘုန်းတော်ကြီးများအနေဖြင့် မိမိတု့ိ၏ ကျောင်းတိုက်များတွင် လူပုဂ္ဂိုလ်များ အမြဲနေ ထိုင်ခွင့်မပြုရေးကို သက်ဆိုင်ရာ သံဃနာယကအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ရန် ညွန်ကြားချက်ထုတ်ခဲ့ပြီး ဖြစ်ကြောင်း ပေးပို့စာတွင် ဖော်ပြထားသည်။

 

န-စ-က သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို စတုတ္တ အကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြဠာန်းခဲ့ပြီး၊ အဆိုပါ ဥပဒေပုဒ်မ(၅)တွင် ညဉ့်အိပ်ညဉ့်နေ ဧည့်သည်အဖြစ်လာ ရောက်တည်းခိုမှုနှင့် ပြန်လည်ထွက်ခွာမှုတို့ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြားရန် ပြဠာန်းထားပြီးဖြစ်ရာ ရပ်ကွက်ကျေးရွာနေသည့် ပြည်သူများအနေဖြင့် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ၌ လာရောက်တည်းခိုနေထိုင်သည့်သူများ ဤဥပဒေအရ အကျုံးဝင် လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်၍ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ခမည်းတော်၊ မယ်တော်တို့မှ တစ်ပါး ရပ်နီးရပ်ဝေးမှ လာရောက်တည်းခိုကြသူများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ထံသို့ ဧည့်စာရင်း တိုင်ကြားပေးနိုင်ရန်နှင့် ဂိုဏ်ပေါင်းစုံ တိုင်း၊ ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများကလည်း သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု သံဃနာယကအဖွဲ့များသို့ သြဝါဒပြုမိန့်ကြားပေးတော်မူပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ကြောင်း သံဃနာယကအဖွဲ့များထံ အကြောင်းထားကြောင်း ပေးပို့စာအရ သိရသည်။

 

Photo – CJ

 

#PeopleMedia #သာသနာရေး #ဧည့်စာရင်း

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 

Photo – CJ

 



Share this post