• Follow Us on

Home ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်၏ ဆင်းတုတော်အစိတ်အပိုင်း (၁)အား လှေတော် ၀င်းခင်း၍ ပင့်ဆောင်


Share this post

နေပြည်တော်၊ သြဂုတ် – ၂၈





(unicode)
ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်၏ ဆင်းတုတော်အစိတ်အပိုင်း (၁)အား လှေတော် ဝင်းခင်း၍ ပင့်ဆောင်
…………………………………………

နေပြည်တော်၊ ဩဂုတ် – ၂၈

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အား လှေတော်ဝင်းခင်း၍ သီတဂူဆရာတော်ကြီးနှင့် တပ်မတော်မှ ယနေ့မွန်းလွဲပိုင်းတွင် ပင့်ဆောင်ပူဇော်ခဲ့သည်။

အဆိုပါပင့်ဆောင်ပူဇော်ပွဲအား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး၌ပြုလုပ်ရာ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရအမှူးပြု၍ သံဃာတော်များ ကြွရောက်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

#PeopleMedia #သီတဂူဆရာတော်ကြီး


Share this post