• Follow Us on

Home ဘူးသီးတောင်၊ မောင်တောရှိ စစ်ဘေးရှောင် ဘင်္ဂါလီများကို COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

ဘူးသီးတောင်၊ မောင်တောရှိ စစ်ဘေးရှောင် ဘင်္ဂါလီများကို COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People Media)

 

ဘူးသီးတောင်၊ မောင်တောရှိ စစ်ဘေးရှောင်ဘင်္ဂါလီများကို COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ COVID-19 ကာကွယ်ဆေးထိုးနှံလိုကြောင်း ဆက်သွယ်လာ သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ်ထားသည့်မြေထဲမှ ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးရေးကို ဆောင်ရွက်လျက်ရှိပြီး စစ်ဘေးရှောင်စခန်းများတွင်လည်း ကာကွယ်ဆေးထိုးနှံ မှုများကို လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

 

“ဘူးသီးတောင်မောင်တောမှာရှိတဲ့ စစ်ဘေးရှောင်ဘင်္ဂါလီတွေကိုပါ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေး မှာဖြစ်ပါတယ်။ အားလုံးသည် ကျွန်တော်တို့ရဲ့ ပြည်သူလူထုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကျန်းမာရေး လုပ်ငန်းစဉ်တွေမှာ မည်သူတစ်ဦးတစ်ယောက်မှ ချန်လပ်ထားမှာ မဟုတ်ပါဘူး။ အားလုံးလွှမ်းခြုံမှုရစေရမယ်” ဟု ၎င်းမှထပ်လောင်းပြောကြားခဲ့သည်။

 

လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားမှုနှုန်းကို ၂၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးသူ ၄ သန်းခွဲကျော်ရှိပြီး ဆက်လက်ထိုးနှံမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

 

အလားတူ န.စ.ကအနေဖြင့် အိန္ဒိယနိုင်ငံမှ NLD အစိုးရမှဝယ်ထားသည့် COVID ကာကွယ်ဆေး သန်း ၃၀ ထဲမှ မြန်မာနိုင်ငံကို မရောက်ရှိဘဲ ကျန်နေသေးသည့် ၂၈ သန်းကို ရရှိရန်ချိတ်ဆက်မှုများလုပ်ဆောင်နေပြီး တရုတ် နိုင်ငံမှ ကာကွယ်ဆေး ၂၄ သန်းကို ဝယ်ယူရန်လုပ်ဆောင်နေပြီး မကြာမီကာလအတွင်း ရုရှားနှင့် တရုတ်နိုင်ငံ တို့မှ ကာကွယ်ဆေးများ ရောက်ရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post