• Follow Us on

Home ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ AA တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈတြင္ ကေလးငယ္ႏွစ္ဦး သတ္ျဖတ္ျခင္းခံရမႈအေပၚ တာ၀န္ရွိသူမည္သူကိုမဆို တာ၀န္ခံေဆာင္ရြက္ရန္ CTFMR အဖြဲ႕မွေတာင္းဆို

ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ AA တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈတြင္ ကေလးငယ္ႏွစ္ဦး သတ္ျဖတ္ျခင္းခံရမႈအေပၚ တာ၀န္ရွိသူမည္သူကိုမဆို တာ၀န္ခံေဆာင္ရြက္ရန္ CTFMR အဖြဲ႕မွေတာင္းဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၅
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ AA တို႔အၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား တြင္ ကေလးငယ္ႏွစ္ဦးသတ္ျဖတ္ျခင္းခံရမႈအေပၚ တာ၀န္ရွိသူမည္သူကိုမဆို တာ၀န္ခံေဆာင္ရြက္ရန္ ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢနိုင္ငံအဆင့္ ေစာင့္ၾကည့္ေရးႏွင့္ အစီရင္ခံေရးအထူးတာ၀န္အဖြဲ႕(CTFMR)မွ ေတာင္းဆိုခ်က္တစ္ေစာင္ ထုတ္ျပန္ေၾကညာခဲ့သည္။
ေအာက္တိုဘာ ၅ ရက္ေန႔တြင္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AA အၾကား တိုက္ခိုက္မႈ မ်ားအတြင္း ေယာက္်ားေလးႏွစ္ဦးသတ္ျဖတ္ျခင္းခံခဲ့ရျခင္းျဖစ္သည္။ အဆိုပါ တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ၾကၿပီး ေနာက္ ၎တို႔ႏွစ္ဦးကို ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိ သည္။
အဆိုပါထုတ္ျပန္ခ်က္တြင္ ကေလးသူငယ္မ်ားအေပၚႀကီးေလးေသာ ခ်ိဳးေဖာက္မႈမ်ားႏွင့္ပတ္သက္၍ စုံစမ္းစစ္ ေဆးမႈမ်ားကို ျပည့္၀စြာ၊ ပြင့္လင္းျမင္သာမႈရွိစြာႏွင့္ လ်င္ျမန္စြာေဆာင္ရြက္ရန္၊ ကေလးသူငယ္မ်ားကို အသုံးျပဳ ျခင္းႏွင့္ သတ္ျဖတ္ျခင္းအတြက္ တာ၀န္ရွိသူမည္ကိုမဆို တာ၀န္ခံေစေရးအတြက္ေဆာင္ရြက္ရန္ CTFMR အဖြဲ႕ ပူးတြဲဥကၠ႒မ်ားမွ ေတာင္းဆိုလိုက္ေၾကာင္း ပါရွိသည္။
ဆက္လက္ၿပီး တိုင္းျပည္တြင္ COVID-19 ေရာဂါျဖစ္ပြားမႈ ျပန္လည္ျမင့္တက္လာမႈကို ကိုင္တြယ္ေျဖရွင္းေနရ ခ်ိန္တြင္ ပဋိပကၡျဖစ္ပြားေနသည့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားအားလုံးအား ကေလးသူငယ္မ်ားအေပၚႀကီး ေလးေသာ ခ်ိဳးေဖာက္မႈမ်ားအားလုံးမွ ကာကြယ္ေပးရန္ႏွင့္ အရပ္သားျပည္သူမ်ားအား တပ္ဖြဲ႕မ်ားအတြင္ အသုံး ခ်မႈမ်ားကို အစြမ္းကုန္ထိန္းခ်ဳပ္ကန္႔သတ္ျခင္းျဖင့္ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီမ်ားႏွင့္ ပံ့ပိုးမႈ မ်ားရရွိ အသုံးျပဳနိုင္ေရးအတြက္ ႀကိဳးပမ္းေပးၾကရန္ဟူ၍ ေဖာ္ျပပါရွိသည္။
Photo – ေဒၚခင္ေစာေဝ
#PeopleMedia #CTFMR #ကေလးသူငယ္
(unicode)
ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွင် ကလေးငယ်နှစ်ဦး သတ်ဖြတ်ခြင်းခံရမှုအပေါ် တာဝန်ရှိသူမည်သူကိုမဆို တာဝန်ခံဆောင်ရွက်ရန် CTFMR အဖွဲ့မှတောင်းဆို
………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ တွင် ကလေးငယ်နှစ်ဦးသတ်ဖြတ်ခြင်းခံရမှုအပေါ် တာဝန်ရှိသူမည်သူကိုမဆို တာဝန်ခံဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့(CTFMR)မှ တောင်းဆိုချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
အောက်တိုဘာ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြား တိုက်ခိုက်မှု များအတွင်း ယောက်ျားလေးနှစ်ဦးသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြပြီး နောက် ၎င်းတို့နှစ်ဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိ သည်။
အဆိုပါထုတ်ပြန်ချက်တွင် ကလေးသူငယ်များအပေါ်ကြီးလေးသော ချိုးဖောက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးမှုများကို ပြည့်ဝစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာနှင့် လျင်မြန်စွာဆောင်ရွက်ရန်၊ ကလေးသူငယ်များကို အသုံးပြု ခြင်းနှင့် သတ်ဖြတ်ခြင်းအတွက် တာဝန်ရှိသူမည်ကိုမဆို တာဝန်ခံစေရေးအတွက်ဆောင်ရွက်ရန် CTFMR အဖွဲ့ ပူးတွဲဥက္ကဋ္ဌများမှ တောင်းဆိုလိုက်ကြောင်း ပါရှိသည်။
ဆက်လက်ပြီး တိုင်းပြည်တွင် COVID-19 ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းနေရ ချိန်တွင် ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ကလေးသူငယ်များအပေါ်ကြီး လေးသော ချိုးဖောက်မှုများအားလုံးမှ ကာကွယ်ပေးရန်နှင့် အရပ်သားပြည်သူများအား တပ်ဖွဲ့များအတွင် အသုံး ချမှုများကို အစွမ်းကုန်ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများနှင့် ပံ့ပိုးမှု များရရှိ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းပေးကြရန်ဟူ၍ ဖော်ပြပါရှိသည်။
Photo – ဒေါ်ခင်စောဝေ
#PeopleMedia #CTFMR #ကလေးသူငယ်


Share this post