• Follow Us on

Home ဘူးသီးတောင်မြို့နယ်ရှိ နေရပ်စွန့်ခွာသူ မိသားစုပေါင်း ၃၃၃ စု အတွက် လူသုံးကုန်ပစ္စည်းများကို UNHCR မှ ထောက်ပံ့

ဘူးသီးတောင်မြို့နယ်ရှိ နေရပ်စွန့်ခွာသူ မိသားစုပေါင်း ၃၃၃ စု အတွက် လူသုံးကုန်ပစ္စည်းများကို UNHCR မှ ထောက်ပံ့

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၆ (People Media)

 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ နေရပ်စွန့်ခွာသူ မိသားစုပေါင်း ၃၃၃ စု အတွက် လူသုံး ကုန်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း UNHCR မှ ထုတ်ပြန်ထားသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် UNHCR သည် UNICEF Myanmar နှင့် Malteser International – Myanmar အဖွဲ့များနှင့်အတူ ပူးပေါင်း၍ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစုံများ၊ အရေးပေါ်သင်ယူလေ့ လာမှုပစ္စည်းများ၊ ဖျာများ၊ စောင်များ၊ ဆေးရုံသုံးနှာခေါင်းစည်းများနှင့် ကလေးငယ်များအတွက် ပစ္စည်းစုံများ ပါဝင်သည့် အစားအစာမဟုတ်သောပစ္စည်းများ (NFIs) ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ရေးပစ္စည်းများသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ လမ်းမကျောင်းတိုက်တွင် ခိုလှုံ့ နေထိုင်လျက်ရှိကြသည့် နေရပ်စွန့်ခွာသူ မိသားစုပေါင်း ၃၃၃ စု (လူပေါင်း ၁၃၀၀ ကျော်) အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Photo – UNHCR

 

#PeopleMedia #UNHCR

 

(unicode)


………………………………………………………

 


 


 


 


 

Photo – UNHCR

 

#PeopleMedia #UNHCR


Share this post