• Follow Us on
Latest News

Home ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ကြောသို့ ထင်းခုတ်သွားသည့် ဘင်္ဂါလီ (၂) ဦး၊ ဗုံးသီးဟောင်းတွေ့၍ ကောက်ယူစဉ် ပေါက်ကွဲမှုဖြစ်ပွား၊ (၁) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိ

ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ကြောသို့ ထင်းခုတ်သွားသည့် ဘင်္ဂါလီ (၂) ဦး၊ ဗုံးသီးဟောင်းတွေ့၍ ကောက်ယူစဉ် ပေါက်ကွဲမှုဖြစ်ပွား၊ (၁) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မတ် ၂၉

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ကြောသို့ ထင်းခုတ်သွားသည့် ဘင်္ဂါလီ (၂) ဦး၊ ဗုံးသီး ဟောင်းတွေ့၍ ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုကြောင့် ဘင်္ဂါလီ (၂) ဦးအနက် (၁) ဦး သေဆုံးပြီး၊ (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်(ဘင်္ဂါလီ)ကျေးရွာနေ ရော်ဖီး၊ ၂၀ နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်နှင့် ဖရုံချောင်း(ဘင်္ဂါလီ)ကျေးရွာနေ အာရောအူလ္လာ၊ ၂၈ နှစ်၊ ဘင်္ဂါလီ/အစ္စလာမ် တို့ (၂)ဦးသည် မီးသွေးဖုတ်လုပ် ရန်အတွက် ကျေးရွာမှ မေယုတောင်ကြောသို့ ထင်းခုတ်သွားစဉ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီအချိန်ခန့်တွင်  ရော်ဖီးသည် ဗုံးသီးဟောင်း ၁ လုံးအား တွေ့ရှိသဖြင့် ကောက်ယူစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ဗုံးသီးဟောင်း ပေါက်ကွဲမှုကြောင့် ရော်ဖီးမှာ ဝဲ/ယာလက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်/ရင်ဘက် စုတ်ပြဲဒဏ်ရာ၊ အာရောအူလ္လာမှာ ယာကျောပြင် ဗုံးသီးအစထိမှန်တို့ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ ၂ ဦးအား သိမ် တောင်ပြင်(ဘင်္ဂါလီ) ကျေးရွာတာဝန်ခံ ရော်ရှိနှင့် ရွာသားများမှ သွားရောက်သယ်ဆောင်ခဲ့ပြီး စက်လှေဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိရာ ရော်ဖီးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

(unicode)


……………………………………………

 


 


 


 



Share this post