• Follow Us on

Home ဘူးသီးေတာင္ၿမိဳ႕နယ္၌ AA ႏွင့္ တပ္မေတာ္တုိက္ပြဲျဖစ္ပြား၊ တပ္မေတာ္မွ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ားျဖင့္ ထိေရာက္စြာပစ္ခတ္ရွင္းလင္းေၾကာင္း တပ္မေတာ္ဆုိ

ဘူးသီးေတာင္ၿမိဳ႕နယ္၌ AA ႏွင့္ တပ္မေတာ္တုိက္ပြဲျဖစ္ပြား၊ တပ္မေတာ္မွ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ားျဖင့္ ထိေရာက္စြာပစ္ခတ္ရွင္းလင္းေၾကာင္း တပ္မေတာ္ဆုိ

Share this post

စစ္ေတြ၊ ေဖေဖာ္ဝါရီ – ၁၁

ရခုိင္ျပည္နယ္ေျမာက္ပုိင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၌ AA ႏွင့္ တပ္မေတာ္တုိက္ပြဲျဖစ္ပြားလွ်က္ရွိ္ၿပီး တပ္မေတာ္မွ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ထိေရာက္စြာပစ္ခတ္ရွင္းလင္းေၾကာင္း တပ္မေတာ္ဆုိသည္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဘုရားျပင္သိန္းတန္အုပ္စု၊ သိန္းတန္ေက်း႐ြာသို႔ ဇန္နဝါရီ ၃၁ ရက္ေန႔က AA အၾကမ္းဖက္ေသာင္းက်န္းသူ ၄ ဦးက ေက်း႐ြာေန အမ်ိဳးသမီး ၁ ဦးအား မုဒိမ္းက်င့္ရန္ ႀကိဳးစားၿပီး ႐ုိက္ ႏွက္ႏွိပ္စက္သျဖင့္ ေက်း႐ြာအတြင္းရွိ အမ်ိဳးသမီးမ်ားက ဝိုင္း၀န္းတားဆီးရာမွ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ျခင္း၊ ယင္းျဖစ္စဥ္ေၾကာင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၃၀ ဦးခန္႔ ႐ြာသို႔ ထပ္မံေရာက္ရွိလာကာ ေက်း႐ြာကို ဝိုင္း ပတ္ပိတ္ဆို႔၍ မီး႐ိႈ႕ပစ္မည္ဟု ၿခိမ္းေျခာက္ျခင္း၊ ၎တို႔ ေထာင္ထားေသာမိုင္းမ်ားကို ေစာင့္ၾကည့္ရန္ႏွင့္ မိုင္း မ်ား မေတာ္တဆေပါက္ကြဲမႈျဖစ္ပါက မိုင္း ၁ လုံးလွ်င္ ေငြက်ပ္ ၁၀ သိန္း ေပးေလ်ာ္ရမည္ျဖစ္ေၾကာင္း အဓမၼ ေျပာဆိုျခင္း၊ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ည ၈ နာရီခန္႔တြင္း ယမန္ေန႔က မုဒိမ္းက်င့္ရန္ အၾကမ္းဖက္ႏွိပ္စက္ခံရ သည့္ အမ်ိဳးသမီး ၁ ဦး၊ မ်က္ျမင္သက္ေသ အမ်ိဳးသမီး ၂ ဦးႏွင့္ ေက်း႐ြာဆယ္အိမ္မွဴးမ်ားကို AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ဖမ္းဆီးေခၚေဆာင္သြားကာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အၾကမ္းဖက္ လုပ္ရပ္မ်ားမွာ မွန္ကန္ျခင္းမရွိေၾကာင္း ၿခိမ္းေျခာက္ထြက္ဆိုေစရန္ ဗီဒီယိုမွတ္တမ္း႐ုိက္ကူးျခင္း၊ အတင္း အၾကပ္ ၀န္ခံကတိလက္မွတ္ေရးထိုး၊ လက္ေဗြႏွိပ္ေစခဲ့ျခင္း၊ ထို႔ေနာက္ ဖမ္းဆီးေခၚေဆာင္သြားသူမ်ားကို ျပန္လႊတ္ေပးလိုက္ေသာ္လည္း အသက္အႏၲရာယ္စိုးရိမ္သျဖင့္ ႐ြာသို႔ ျပန္မလာရဲဘဲ တိမ္းေရွာင္ေနရျခင္း၊ ယင္းမတိုင္မီကလည္း AA ေသာင္းက်န္းသူမ်ားက ေက်း႐ြာေန ျပည္သူမ်ားအေပၚ ရိကၡာေတာင္း၊ ဆက္ေၾကး ေတာင္း၊ အဓမၼအနိုင္က်င့္မႈမ်ားရွိခဲ့ၿပီး ယင္းအေျခအေနမ်ားအေပၚ ရပ္မိရပ္ဖမ်ားက စိုးရိမ္တႀကီး တပ္မေတာ္ စစ္ေၾကာင္းထံသို႔ ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ စားေရးသားအေၾကာင္းၾကား၍ အကူအညီ ေတာင္းခံခဲ့ျခင္း၊ တပ္မေတာ္စစ္ေၾကာင္းမ်ားကလည္း ခ်က္ခ်င္းပင္ သိန္းတန္ေက်း႐ြာသို႔ သြားေရာက္ခဲ့ၿပီး အေျခအေနအား အေသးစိတ္စိစစ္ကာ လိုအပ္ေသာ လုံၿခဳံေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ျခင္း မ်ားကို ေဖေဖာ္ဝါရီ ၂ ရက္ေန႔တြင္ ျပည္သူလူထုသိရွိေအာင္ သတင္းထုတ္ျပန္ျခင္းႏွင့္ ေဖေဖာ္ဝါရီလ ၃ ရက္ တြင္ တပ္မေတာ္သတင္းစာရွင္းလင္းပြဲ၌ အသိေပးထုတ္ျပန္ေပးခဲ့ၿပီးျဖစ္ပါသည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔က သိန္းတန္ေက်း႐ြာ ျပည္သူမ်ားအား ဖမ္းဆီးေခၚေဆာင္သြားေသာ AA အၾကမ္း ဖက္ေသာင္းက်န္းသူမ်ားေနာက္သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား ထက္ၾကပ္လိုက္စစ္ဆင္ခဲ့ရာ ေဖေဖာ္ဝါရီ ၂ ရက္တြင္ သိန္းတန္ေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ မီတာ ၁၀၀၀၀ ခန္႔အကြာ ေမယုျမစ္အေရွ႕ဘက္ကမ္းရွိ ေအာင္ေဇယ်ေက်း႐ြာအနီးတြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး အေလာင္း၊ လက္နက္အခ်ိဳ႕ သိမ္းဆည္းရမိခဲ့ေၾကာင္းႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေျမာက္ဘက္သို႔ ဆုတ္ခြာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရွိရသည္။

ဆုတ္ခြာထြက္ေျပးသြားေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ဆက္လက္၍ ပိတ္ဆို႔ဝိုင္းပတ္ လိုက္ စစ္ဆင္ခဲ့ရာ သိန္းတန္ေက်း႐ြာ အေရွ႕ဘက္ မီတာ ၅၀၀၀ ခန္႔အကြာရွိ စိုင္ဒင္ေခ်ာင္း၏ အေရွ႕ဘက္ ကြမ္း ေတာင္ေက်း႐ြာႏွင့္ စပါးထားေက်း႐ြာၾကားတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ယေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ နံနက္ပိုင္းမွ စတင္၍ ေနရာ ၃ ေနရာ၌ ထိေတြ႕မႈမ်ား ျဖစ္ပြားခဲ့ပါသည္။ ထိေတြ႕မႈျဖစ္စဥ္မ်ားတြင္ ေသာင္းက်န္းသူ အင္အားမ်ားေသာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ားျဖင့္ စနစ္တက် ဟန္ခ်က္ညီ တိုက္ခိုက္ေခ်မႈန္းခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အထိနာ ကာ ၎တို႔ထံမွ အေလာင္း၊ လက္နက္အခ်ိဳ႕ ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္တြင္ ေသာင္းက်န္းသူေခါင္းေဆာင္အခ်ိဳ႕ ပါ၀င္သည့္ဟု ယူဆရေသာအဖြဲ႕မ်ားသည္ စိုင္ဒင္ ေခ်ာင္းကို ေလွျဖင့္ ျဖတ္ကူးထြက္ေျပးသည္ကို ေတြ႕ျမင္ရသျဖင့္ ပစ္ခတ္ေခ်မႈန္းခဲ့ရာ ၎ေလွ ပ်က္စီးနစ္ျမဳပ္ သြားခဲ့ေၾကာင္းလည္း သိရွိရသည္။ ေဖာ္ျပပါ ျဖစ္စဥ္မ်ားတြင္ သိမ္းဆည္းရမိေသာ ေသာင္းက်န္းသူ အေလာင္း မ်ားအား စနစ္တက်ေကာင္းမြန္စြာ သၿဂိဳဟ္ေပးခဲ့ေၾကာင္းႏွင့္ သိမ္းပိုက္ရရွိသည့္ေနရာမ်ားအား ဆက္လက္၍ အေသးစိတ္စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ား၏ ထက္ၾကပ္လိုက္စစ္ဆင္ေခ်မႈန္းျခင္းေၾကာင့္ အထိနာေနေသာ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ားအား အကူေပးနိုင္ရန္အတြက္ ထိေတြ႕မႈမ်ားျဖစ္ပြားရာ ကြမ္းေတာင္႐ြာ၏ေျမာက္ဘက္ ဥယ်ာဥ္တာေက်း႐ြာအနီး ေတာင္ကုန္းမ်ားသို႔ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား ထပ္မံေရာက္ရွိလာသျဖင့္ ဟန္႔တားထိန္းခ်ဳပ္ကာ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ထိေရာက္စြာ ဟန္ခ်က္ညီ ပစ္ခတ္ေခ် မႈန္းလ်က္ရွိေၾကာင္းလည္း သိရွိရသည္။ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ရခိုင္ျပည္နယ္အတြင္း အစိုးရ၏ အုပ္ခ်ဳပ္မႈယႏၲရားမ်ားအား ေႏွာင့္ယွက္ဖ်က္ဆီးျခင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ကုမၸဏီ၀န္ထမ္း မ်ား၊ ၿမိဳ႕နယ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား၊ အစိုးရ၀န္ထမ္းမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ အျပစ္မဲ့အရပ္သား ျပည္သူ လူထုမ်ားအား ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ အဓမၼျပဳက်င့္ႏွိမ့္စက္ျခင္း၊ ၀န္ထမ္းမ်ား၏ လစာ စရိတ္မ်ားအပါအ၀င္ နိုင္ငံေတာ္ဘ႑ာအမ်ားျပည္သူပိုင္ေငြေၾကးမ်ားကို လုယက္ ဓားျပတိုက္ျခင္း၊ ဆက္ေၾကး ရိကၡာေတာင္းျခင္း၊ တရားမ၀င္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္း၀ယ္ျခင္း၊ ရပ္႐ြာေက်း႐ြာမ်ားအတြင္း ႐ြာသားအသြင္ယူကာ အကာအကြယ္ယူ လူသားတံတားတိုင္းျပဳလုပ္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားအား ပစ္ခတ္တိုက္ခိုက္ျခင္း၊ မိုင္းေထာင္ေဖာက္ခြဲျခင္း၊ ယခုေနာက္ပိုင္းတြင္ ဘဂၤါလီေက်း႐ြာမ်ားတြင္ တိုက္ပြဲျဖစ္ပြား ေအာင္ ပဋိပကၡမ်ားျဖစ္ေအာင္ဖန္တီးကာ အစိုးရႏွင့္ တပ္မေတာ္အေပၚ နိုင္ငံတကာမွ အထင္အျမင္လြဲမွား ေအာင္ လုပ္ေဆာင္ျခင္းမ်ားစေသာ အဓိပၸာယ္မဲ့ အၾကမ္းဖက္လုပ္ရပ္မ်ားျဖင့္ နိုင္ငံေတာ္အစိုးရအေပၚ ဆန္႔က်င္ ပုန္ကန္ကာ ေဒသတစ္ခုလုံး မတည္မၿငိမ္ျဖစ္ေအာင္၊ ေဒသခံသူမ်ား ေန႔စဥ္ႏွင့္အမွ် စိုးရိမ္ထိတ္လန္႔ေနေအာင္ လုပ္ေဆာင္ေနေၾကာင္း ေတြ႕ရွိရၿပီး ၎တို႔၏ လုပ္ရပ္မ်ားအေပၚ ျပည္သူလုထူက ေၾကာက္လန္႔႐ြံမုန္းကာ လက္မခံနိုင္ေၾကာင္း တပ္မေတာ္က ဆုိသည္။

#PeopleMedia

(Unicode)
ဘူးသီးတောင်မြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွား၊ တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိရောက်စွာပစ်ခတ်ရှင်းလင်းကြောင်း တပ်မတော်ဆို
……………………………………………………………

စစ်တွေ၊ ဖေဖော်ဝါရီ – ၁၁

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားလျှက်ရှိ်ပြီး တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်စွာပစ်ခတ်ရှင်းလင်းကြောင်း တပ်မတော်ဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာသို့ ဇန်နဝါရီ ၃၁ ရက်နေ့က AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးက ကျေးရွာနေ အမျိုးသမီး ၁ ဦးအား မုဒိမ်းကျင့်ရန် ကြိုးစားပြီး ရိုက် နှက်နှိပ်စက်သဖြင့် ကျေးရွာအတွင်းရှိ အမျိုးသမီးများက ဝိုင်းဝန်းတားဆီးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း၊ ယင်းဖြစ်စဉ်ကြောင့် AA အကြမ်းဖက်သောင်းကျန်းသူ ၃၀ ဦးခန့် ရွာသို့ ထပ်မံရောက်ရှိလာကာ ကျေးရွာကို ဝိုင်း ပတ်ပိတ်ဆို့၍ မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ၎င်းတို့ ထောင်ထားသောမိုင်းများကို စောင့်ကြည့်ရန်နှင့် မိုင်း များ မတော်တဆပေါက်ကွဲမှုဖြစ်ပါက မိုင်း ၁ လုံးလျှင် ငွေကျပ် ၁၀ သိန်း ပေးလျော်ရမည်ဖြစ်ကြောင်း အဓမ္မ ပြောဆိုခြင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီခန့်တွင်း ယမန်နေ့က မုဒိမ်းကျင့်ရန် အကြမ်းဖက်နှိပ်စက်ခံရ သည့် အမျိုးသမီး ၁ ဦး၊ မျက်မြင်သက်သေ အမျိုးသမီး ၂ ဦးနှင့် ကျေးရွာဆယ်အိမ်မှူးများကို AA အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီးခေါ်ဆောင်သွားကာ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များမှာ မှန်ကန်ခြင်းမရှိကြောင်း ခြိမ်းခြောက်ထွက်ဆိုစေရန် ဗီဒီယိုမှတ်တမ်းရိုက်ကူးခြင်း၊ အတင်း အကြပ် ဝန်ခံကတိလက်မှတ်ရေးထိုး၊ လက်ဗွေနှိပ်စေခဲ့ခြင်း၊ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လွှတ်ပေးလိုက်သော်လည်း အသက်အန္တရာယ်စိုးရိမ်သဖြင့် ရွာသို့ ပြန်မလာရဲဘဲ တိမ်းရှောင်နေရခြင်း၊ ယင်းမတိုင်မီကလည်း AA သောင်းကျန်းသူများက ကျေးရွာနေ ပြည်သူများအပေါ် ရိက္ခာတောင်း၊ ဆက်ကြေး တောင်း၊ အဓမ္မအနိုင်ကျင့်မှုများရှိခဲ့ပြီး ယင်းအခြေအနေများအပေါ် ရပ်မိရပ်ဖများက စိုးရိမ်တကြီး တပ်မတော် စစ်ကြောင်းထံသို့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စားရေးသားအကြောင်းကြား၍ အကူအညီ တောင်းခံခဲ့ခြင်း၊ တပ်မတော်စစ်ကြောင်းများကလည်း ချက်ချင်းပင် သိန်းတန်ကျေးရွာသို့ သွားရောက်ခဲ့ပြီး အခြေအနေအား အသေးစိတ်စိစစ်ကာ လိုအပ်သော လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်း များကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြည်သူလူထုသိရှိအောင် သတင်းထုတ်ပြန်ခြင်းနှင့် ဖေဖော်ဝါရီလ ၃ ရက် တွင် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ အသိပေးထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့က သိန်းတန်ကျေးရွာ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားသော AA အကြမ်း ဖက်သောင်းကျန်းသူများနောက်သို့ တပ်မတော်စစ်ကြောင်းများ ထက်ကြပ်လိုက်စစ်ဆင်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် သိန်းတန်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာ မေယုမြစ်အရှေ့ဘက်ကမ်းရှိ အောင်ဇေယျကျေးရွာအနီးတွင် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အလောင်း၊ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်၍ ပိတ်ဆို့ဝိုင်းပတ် လိုက် စစ်ဆင်ခဲ့ရာ သိန်းတန်ကျေးရွာ အရှေ့ဘက် မီတာ ၅၀၀၀ ခန့်အကွာရှိ စိုင်ဒင်ချောင်း၏ အရှေ့ဘက် ကွမ်း တောင်ကျေးရွာနှင့် စပါးထားကျေးရွာကြားတွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ နေရာ ၃ နေရာ၌ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပါသည်။ ထိတွေ့မှုဖြစ်စဉ်များတွင် သောင်းကျန်းသူ အင်အားများသောကြောင့် တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် စနစ်တကျ ဟန်ချက်ညီ တိုက်ခိုက်ချေမှုန်းခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ အထိနာ ကာ ၎င်းတို့ထံမှ အလောင်း၊ လက်နက်အချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် သောင်းကျန်းသူခေါင်းဆောင်အချို့ ပါဝင်သည့်ဟု ယူဆရသောအဖွဲ့များသည် စိုင်ဒင် ချောင်းကို လှေဖြင့် ဖြတ်ကူးထွက်ပြေးသည်ကို တွေ့မြင်ရသဖြင့် ပစ်ခတ်ချေမှုန်းခဲ့ရာ ၎င်းလှေ ပျက်စီးနစ်မြုပ် သွားခဲ့ကြောင်းလည်း သိရှိရသည်။ ဖော်ပြပါ ဖြစ်စဉ်များတွင် သိမ်းဆည်းရမိသော သောင်းကျန်းသူ အလောင်း များအား စနစ်တကျကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ကြောင်းနှင့် သိမ်းပိုက်ရရှိသည့်နေရာများအား ဆက်လက်၍ အသေးစိတ်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများ၏ ထက်ကြပ်လိုက်စစ်ဆင်ချေမှုန်းခြင်းကြောင့် အထိနာနေသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များအား အကူပေးနိုင်ရန်အတွက် ထိတွေ့မှုများဖြစ်ပွားရာ ကွမ်းတောင်ရွာ၏မြောက်ဘက် ဥယျာဉ်တာကျေးရွာအနီး တောင်ကုန်းများသို့ AA အကြမ်းဖက် သောင်းကျန်းသူများ ထပ်မံရောက်ရှိလာသဖြင့် ဟန့်တားထိန်းချုပ်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်စွာ ဟန်ချက်ညီ ပစ်ခတ်ချေ မှုန်းလျက်ရှိကြောင်းလည်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားများအား နှောင့်ယှက်ဖျက်ဆီးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီဝန်ထမ်း များ၊ မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ အပြစ်မဲ့အရပ်သား ပြည်သူ လူထုများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မပြုကျင့်နှိမ့်စက်ခြင်း၊ ဝန်ထမ်းများ၏ လစာ စရိတ်များအပါအဝင် နိုင်ငံတော်ဘဏ္ဍာအများပြည်သူပိုင်ငွေကြေးများကို လုယက် ဓားပြတိုက်ခြင်း၊ ဆက်ကြေး ရိက္ခာတောင်းခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ရပ်ရွာကျေးရွာများအတွင်း ရွာသားအသွင်ယူကာ အကာအကွယ်ယူ လူသားတံတားတိုင်းပြုလုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ယခုနောက်ပိုင်းတွင် ဘင်္ဂါလီကျေးရွာများတွင် တိုက်ပွဲဖြစ်ပွား အောင် ပဋိပက္ခများဖြစ်အောင်ဖန်တီးကာ အစိုးရနှင့် တပ်မတော်အပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှား အောင် လုပ်ဆောင်ခြင်းများစသော အဓိပ္ပာယ်မဲ့ အကြမ်းဖက်လုပ်ရပ်များဖြင့် နိုင်ငံတော်အစိုးရအပေါ် ဆန့်ကျင် ပုန်ကန်ကာ ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်အောင်၊ ဒေသခံသူများ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေအောင် လုပ်ဆောင်နေကြောင်း တွေ့ရှိရပြီး ၎င်းတို့၏ လုပ်ရပ်များအပေါ် ပြည်သူလုထူက ကြောက်လန့်ရွံမုန်းကာ လက်မခံနိုင်ကြောင်း တပ်မတော်က ဆိုသည်။

#PeopleMedia


Share this post