• Follow Us on

Home ဘရူနိုင်းဒါရူဆလာမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်

ဘရူနိုင်းဒါရူဆလာမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၁ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလာမ်နိုင်ငံက ဦးစီးကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ADMM Retreat) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ် သဘောအစည်းအဝေး၊ အာဆီယံ-ဩစတြေးလျကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများ သို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

 

အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီး များ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေး မှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကာလ အတွင်း ပေါ်ပေါက်လာနေသော ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ADMM ၏ အနာဂတ်ဦးစားပေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် အမြင်သဘောထားများအား ဆွေးနွေးဖလှယ်ခဲ့ ကြကြောင်း သိရသည်။

 

ထို့အပြင် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးနှင့် အာဆီယံ-ဩစ တြေးလျကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးများတွင်လည်း အာဆီယံနိုင်ငံများနှင့် ၎င်းနိုင်ငံတို့အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင် ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #ကာကွယ်ရေး

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post