• Follow Us on

Home မက္ကစီကိုအစိုးရက အမေရိကန်ရှိ လက်နက်ကုမ္ပဏီများကို တရားစွဲဆို

မက္ကစီကိုအစိုးရက အမေရိကန်ရှိ လက်နက်ကုမ္ပဏီများကို တရားစွဲဆို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅ (People Media)

 

မက္ကစီကိုအစိုးရအရာရှိများက သြဂုတ်လ ၄ ရက်နေ့က အမေရိကန်လက်နက်ကုမ္ပဏီ ၁၀ ခုကို တရားစွဲဆို လိုက်သည်။

 

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ ဖက်ဒရယ်တရားရုံးတွင် ယခုကဲ့သလို့တရားစွဲဆိုမှု သည် အမေရိကန်ပြည်ထောင်စုရှိ လက်နက်ကုမ္ပဏီများကို ပထမဦးဆုံးအကြိမ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

မက္ကစီကိုနိုင်ငံတွင်းရှိ သွေးထွက်သံယိုသေကျေပျက်စီးမှုများအတွက် လျော့တိလျော့ရဲဖြစ်နေသော အမေရိကန် လက်နက်ထိန်းချုပ်မှုတွင်တာဝန်ရှိကြောင်း မက္ကစီကိုအရာရှိများက နှစ်ပေါင်းများစွာတိုင်အောင် မကျေမနပ်ပြော ကြားခဲ့ကြပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

တရားစွဲဆိုရာတွင် အမေရိကန်လက်နက်ကုမ္ပဏီများသည် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းသားများထံလက်နက် များရောက်ရှိရန် အားတက်သရောဆောင်ရွက်ပေးလျက်ရှိကြောင်းစွပ်စွဲထားပြီး မက္ကစီကိုနိုင်ငံရှိ ခြေရာခံမိသမျှ လက်နက်များ၏ ၇၀% မှာ အမေရိကန်ပြည်ထောင်စုမှရောက်ရှိလာခြင်းဖြစ်ကြောင်း မက္ကစီကိုအရာရှိများက ပြောသည်။

 

“မက္ကစီကိုအစိုးရနှင့် ပြည်သူများသည် နှစ်ပေါင်းများစွာကြာအောင် သေကျေပျက်စီးစေသည့် စစ်ပွဲပုံသဏ္ဍန် လွှမ်းမိုးကြီးစိုးမှုများနှင့် နယ်စပ်လှိုင်းကိုဖြတ်ကျော်ပြီး အမေရိကန်ဘက်ကရောက်လာသည့် သေနတ်များ၏  ဖိစီးမှုဒဏ်ကို လှိမ့်ခံနေရသည်” ဟု တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

 

မက္ကစီကိုပြည်သူများကို တိုက်ရိုက်ထိခိုက်ခဲ့သည့်ပြစ်မှုများတွင်အသုံးပြုခဲ့သော သေနတ်သုံးလက်ကို မက္ကစီကိုအစိုးရက တရားစွဲဆိုမှုတွင် ရည်ညွှန်းကိုးကားပြောဆိုခဲ့သည်။

 

“ဒီလက်နက်တွေဟာ မက္ကစီကိုနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ နက်နက်ရှှိုင်းရှှိုင်းဆက်သွယ်မှုရှိနေပါ တယ်” ဟု မက္ကစီကိုနိုင်ငံခြားရေးဝန်ကြီး မာစီလိုအက်ဘ်ရဒ်က ဗုဒ္ဓဟူးနေ့ကသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

 

လက်နက်ထုတ်လုပ်သူများကို တရားစွဲဆိုခြင်းမှ အကာအကွယ်ပေးထားသည့် ဖက်ဒရယ်ဥပဒေကို ပြန်လည် ပြင်ဆင်ရန် အမေရိကန်သမ္မတဘိုင်ဒန်က ကွန်ဂရက်ကို တိုက်တွန်းထားကြောင်း အိမ်ဖြူတော်ကထုတ်ပြန် ကြေညာခဲ့သည်၊

 

Ref: Mexico Sues Gun Companies in U.S., Accusing Them of Fueling Violence

 

#PeopleMedia #International

 

(unicode)

မက်ကစီကိုအစိုးရက အမရေိကနျရှိ လကျနကျကုမ်ပဏီမြားကို တရားစှဲဆို

…………………………………………………………

 


 

မက်ကစီကိုအစိုးရအရာရှိမြားက သွဂုတျလ ၄ ရကျနေ့က အမရေိကနျလကျနကျကုမ်ပဏီ ၁၀ ခုကို တရားစှဲဆို လိုကျသညျ။

 


 


 


 


 


 


 


 

Ref: Mexico Sues Gun Companies in U.S., Accusing Them of Fueling Violence

 

#PeopleMedia #International


Share this post