• Follow Us on

Home မကၠဆီကိုကမ္းေျခေရာက္ေနခ်ိန္တြင္ ေဒသခံမ်ားကိုအိမ္တြင္ေနၾကရန္ အေမရိကန္ၿမိဳ႕ေတာ္၀န္မွာၾကား

မကၠဆီကိုကမ္းေျခေရာက္ေနခ်ိန္တြင္ ေဒသခံမ်ားကိုအိမ္တြင္ေနၾကရန္ အေမရိကန္ၿမိဳ႕ေတာ္၀န္မွာၾကား

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၃

အားလပ္ရက္တြင္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖင့္ခရီးထြက္ခဲ့ၿပီး ၿမိဳ႕ခံမ်ားကိုအိမ္တြင္သာေနရန္တိုက္တြန္းခဲ့သည့္ အေမရိကန္ၿမိဳ႕ေတာ္၀န္တေယာက္သည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈတြင္ ေၾကာင္သူေတာ္ဆန္ခဲ့သည္ဟု စြပ္စြဲခံရေသာ ေနာက္ဆံုးအေမရိကန္ႏိုင္ငံေရးသမားျဖစ္လာသည္။

တကၠဆက္ျပည္နယ္၊ ေအာ္စတင္ၿမိဳ႕ေတာ္၀န္ စတိဗ္ အက္ဒလာသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္ တက္ေနခ်ိန္တြင္ မိသားစုႏွင့္မကၠဆီကိုႏိုင္ငံသြားခဲ့ၿပီး လူမ်ားကိုအိမ္ထဲတြင္သာေနရန္တိုက္တြန္းခဲ့သည္။

ကမ္းေျခအပန္းေျဖစခန္းတြင္ ဗီဒီယို႐ိုက္ၿပီး “အနားယူအပန္းေျဖရန္အခ်ိန္မဟုတ္ေသးပါဘူး” ဟု ေအာ္စတင္ ၿမိဳ႕ခံမ်ားကိုၫႊန္ၾကားခဲ့သည္။

ကိုယ္ပိုင္စည္းမ်ဥ္းစည္းကမ္းမ်ားကိုခ်ိဳးေဖာက္ခဲ့ျခင္းမ႐ွိေၾကာင္း ဒီမိုကရတ္ပါတီ၀င္ မစၥတာ အက္ဒလာကေျပာ သည္။

ၿပီးခဲ့သည့္လတြင္ သမီးျဖစ္သူမဂၤလာေဆာင္ကို လူအေယာက္ ၂၀ ခန္႔ျဖင့္ ၿမိဳ႕ထဲမွဟိုတယ္တခုတြင္ ျပဳလုပ္ခဲ့ သည္ဟု ေဒသခံသတင္းစာတေစာင္ကို မစၥတာ အက္ဒလာကေျပာသည္။

မဂၤလာေဆာင္အၿပီး မကၠဆီကိုႏိုင္ငံ သို႔ ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖင့္သြားခဲ့ၿပီး ခရီးစဥ္ညပိုင္းတြင္ ကမ္းေျခ၌ ဗီဒီယိုသတင္းစကားတခုကို ေဖ့စ္ဘြတ္တြင္လႊင့္တင္ခဲ့ၿပီး ၿမိဳ႕ခံမ်ားကို အိမ္တြင္ေနရန္တိုက္တြန္းခဲ့သည္။

Ref : ‘Stay home,’ says US mayor at Mexico beach resort

#PeopleMedia

(unicode)
မက္ကဆီကိုကမ်းခြေရောက်နေချိန်တွင် ဒေသခံများကိုအိမ်တွင်နေကြရန် အမေရိကန်မြို့တော်ဝန်မှာကြား
…………………………………………………..

ဝါရှင်တန်၊ ဒီဇင်ဘာ ၃

အားလပ်ရက်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်ခရီးထွက်ခဲ့ပြီး မြို့ခံများကိုအိမ်တွင်သာနေရန်တိုက်တွန်းခဲ့သည့် အမေရိကန်မြို့တော်ဝန်တယောက်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွင် ကြောင်သူတော်ဆန်ခဲ့သည်ဟု စွပ်စွဲခံရသော နောက်ဆုံးအမေရိကန်နိုင်ငံရေးသမားဖြစ်လာသည်။

တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့တော်ဝန် စတိဗ် အက်ဒလာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့် တက်နေချိန်တွင် မိသားစုနှင့်မက္ကဆီကိုနိုင်ငံသွားခဲ့ပြီး လူများကိုအိမ်ထဲတွင်သာနေရန်တိုက်တွန်းခဲ့သည်။

ကမ်းခြေအပန်းဖြေစခန်းတွင် ဗီဒီယိုရိုက်ပြီး “အနားယူအပန်းဖြေရန်အချိန်မဟုတ်သေးပါဘူး” ဟု အော်စတင် မြို့ခံများကိုညွှန်ကြားခဲ့သည်။

ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ဒီမိုကရတ်ပါတီဝင် မစ္စတာ အက်ဒလာကပြော သည်။

ပြီးခဲ့သည့်လတွင် သမီးဖြစ်သူမင်္ဂလာဆောင်ကို လူအယောက် ၂၀ ခန့်ဖြင့် မြို့ထဲမှဟိုတယ်တခုတွင် ပြုလုပ်ခဲ့ သည်ဟု ဒေသခံသတင်းစာတစောင်ကို မစ္စတာ အက်ဒလာကပြောသည်။

မင်္ဂလာဆောင်အပြီး မက္ကဆီကိုနိုင်ငံ သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်သွားခဲ့ပြီး ခရီးစဉ်ညပိုင်းတွင် ကမ်းခြေ၌ ဗီဒီယိုသတင်းစကားတခုကို ဖေ့စ်ဘွတ်တွင်လွှင့်တင်ခဲ့ပြီး မြို့ခံများကို အိမ်တွင်နေရန်တိုက်တွန်းခဲ့သည်။

Ref : ‘Stay home,’ says US mayor at Mexico beach resort

#PeopleMedia


Share this post