• Follow Us on
Home မချမ်းဘော့တွင် KSPP ပါတီမှ ပါတီအောင်နိုင်ရေး Campaign ပြုလုပ်
Share this post
ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPပါတီမှ ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မော်တော်ဆိုက်ကယ် စီတန်းလှည့်လည်အင်အားပြခြင်းကို အောက်တိုဘာ ၂၆ရက်နေ့နံနက်၁၁နာရီမှညနေ၃နာရီအချိန်ထိ ပြုလုပ်ခဲ့သည်။
လုပါ
#PeopleMedia #KSPP #EPN
(unicode)
မချမ်းဘော့တွင် KSPP ပါတီမှ ပါတီအောင်နိုင်ရေး Campaign ပြုလုပ်
………………………………………………………….
မချမ်းဘော့၊ အောက်တိုဘာ၂၆
ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPပါတီမှ ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မော်တော်ဆိုက်ကယ် စီတန်းလှည့်လည်အင်အားပြခြင်းက်ို အောက်တိုဘာ ၂၆ရက်နေ့နံနက်၁၁နာရီမှညနေ၃နာရီအချိန်ထိ ပြုလုပ်ခဲ့သည်။
အောင်နိုင်ရေးCampaignလှည့်လည်ခြင်းအားဖြင့် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုပြည် သူအများသိရှိပြီး ပါတီ၏မူဝါဒ၊သဘောတရားများကိုလေ့လာ၍ KSPPပါတီကိုမဲပေးသူအရေအတွက် များနိုင်မည်ဟု ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီအောင်နိုင်ရေးခေါင်းဆောင် ဦးနော်ရှန်ကပြောသည်။
” ဒီပူတာအိုဒေသတစ်ခုလုံး ကျတော်တို့ KSPP ကို သိပ်မသိကြဘူး။ တစ်ချို့ကသိတယ်။ မသိတဲ့လူလည်းရှိတယ်။ အဓိကရည်ရွယ်ချက်က ပြည်သူတွေသိရှိဖို့အတွက်ပေါ့။ အများပြည်သူသိရှိပြီးမှ ပါတီရဲ့ မူဝါဒ၊သဘောတရားများကို လေ့လာပြီး KSPPပါတီကိုမဲပေးသူအရေအတွက် များလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့အောင်နိုင်ရေးCampaignလှည့်လည် ရာတွင် အောင်နိုင်ရေးဝန်းရံသူလူငယ်များအနေဖြင့်လည်း ကျေးရွာ၈နေရာတွင်အကအားဖြင့်ဖျော်ဖြေမှုကိုလည်းပြုလုပ်ခဲ့သည်။
လုပါ
#PeopleMedia #KSPP #EPN
Share this post