• Follow Us on
Latest News

Home မချုပ်ငြိမ်းနိုင်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် သယံဇာတများကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အသုံးမပြုနိုင်သေးကြောင်း နစကဥက္ကဋ္ဌ ပြော

မချုပ်ငြိမ်းနိုင်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် သယံဇာတများကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အသုံးမပြုနိုင်သေးကြောင်း နစကဥက္ကဋ္ဌ ပြော

Share this post

ကချင်၊ ဇန်နဝါရီ ၁၀ (People Media)

 

လက်ရှိအချိန်အထိ ကချင်ပြည်နယ်အတွင်း၌ မချုပ်ငြိမ်းနိုင်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် သယံဇာတ များကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အသုံးမပြုနိုင်သေးကြောင်း န-စ-ကဥက္ကဋ္ဌက ပြော သည်။

 

ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သ ဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် မချုပ် ငြိမ်းနိုင်သေးသောကြောင့် သဘာဝအလှအပများကို အပြည့်အဝမခံနိုင်သေးသကဲ့သို့ သဘာဝသယံဇာတများ ကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရ ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေး ထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားကြစေရေး ကို သတိရှိရှိ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

အလားတူ လက်ရှိတွင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ပေး လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရန်အတွက် သက်ဆိုင်သည့်အဖွဲ့အစည်းများ သက်ဆိုင် သူများအနေဖြင့် သဘောထားမှန်ကန်စွာ တူညီသော စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

Photo – ပုံဟောင်းအသုံးပြုထားသည်။

 

#PeopleMedia #ကချင် #နစက

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 



Share this post