• Follow Us on

Home မင်္ဂလာဒုံလေတပ်စခန်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ဇေကမ္ဘာဝင်းအတွင်းမှ ချိန်ရွယ်ထားသည့် ရှော့ တိုက်ဒုံးတစ်လုံးထပ်မံတွေ့ရှိ

မင်္ဂလာဒုံလေတပ်စခန်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ဇေကမ္ဘာဝင်းအတွင်းမှ ချိန်ရွယ်ထားသည့် ရှော့ တိုက်ဒုံးတစ်လုံးထပ်မံတွေ့ရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည့်အပြင် မြောက်ဥက္ကာ မြို့နယ်ရှိ ဇေကမ္ဘာဝင်းအတွင်းမှ ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဇေကမ္ဘာဝင်းအတွင်းမှ ပေါက်ကွဲ သံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေရာ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးတစ်လုံးကိုတွေ့ ရှိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်အရ သိရှိရသည်။

 

“ဖြစ်စဉ်က မှန်ပါတယ်။ ဇေကမ္ဘာဝင်းထဲကပစ်တာ၊ လေတပ်စခန်းထဲက ကန်စွန်းခင်းကိုကျတယ်။ အပျက်အစီး ထိခိုက်မှုမရှိဘူး” ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများနှင့် နယ်စပ်ဒေသများတွင် ယင်းကဲ့သို့ ရှော့တိုက်ဒုံး တွေ့ရှိမှုဖြစ်စဉ်များ သည် လုံခြုံရေးအရ စိုးရိမ်ဖွယ်မရှိသော်လည်း ရန်ကုန်မြို့ကဲ့သို့ လူဦးရေထူထပ်သည့်နေရာမျိုးတွင် ရှော့ တိုက်ဒုံးများတွေ့ရှိမှုဖြစ်စဉ်များနှင့် အပစ်ခံရသည့်ဖြစ်စဉ်သည် လုံခြုံရေးအခြေအနေအား မေးခွန်းထုတ်ရမည့် အနေအထားတစ်ရပ်ဖြစ်နေကြောင်း လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုလျက်ရှိသည်။

 

Photo – credit (ပုံအဟောင်းကို ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။ အဆိုပါ ဓါတ်ပုံသည် ကယားပြည်နယ်ရှိ တပ်မတော်စခန်းတစ်ခုကို ပစ်ခတ်ရန် ချိန်ရွယ်နေသည့် ရှော့တိုက်ဒုံးဖြစ်သည်)

 

#PeopleMedia #မင်္ဂလာဒုံ #လေတပ် #ရှော့တိုက်ဒုံး

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #မငျ်ဂလာဒုံ #လတေပျ #ရှော့တိုကျဒုံး


Share this post