• Follow Us on

Home မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံရှိ အလုပ်သမား (၇၀၀) ကျော်တွင် ကိုဗစ်ပိုးတွေ့ရှိ

မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံရှိ အလုပ်သမား (၇၀၀) ကျော်တွင် ကိုဗစ်ပိုးတွေ့ရှိ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံ၌ အလုပ်သမား (၇၀၀) ကျော်တွင် COVID-19 ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

 

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အစုလိုက်ဖြစ်ပွားနေ ကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ယင်းစက်ရုံရှိ (၂၂၃၃) ဦးအား COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၇၁၈) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

 

အထက်ပါ စက်ရုံမှ ကိုဗစ်-၁၉ တွေ့ရှိသူများအား သီးခြားခွဲခြားထား၍ ဆေးကုသမှုဆောင်ရွက်လျက်ရှိသလို ပိုးတွေ့ရှိသူများ၏ မိသားစုဝင်များနှင့် ထိတွေ့သူများကိုလည်း COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #COVID19

 

(unicode)


……………………………………………………..

 


 


 


 


 

#PeopleMedia #COVID19


Share this post