• Follow Us on

Home မဂၤလာဒုံၿမိဳ႕နယ္ရွိ မွန္ဘီလူးစက္႐ုံ၌ COVID-19 ပိုးေတြ႕ရွိသူ အလုပ္သမား ၄၀၀ ေက်ာ္ရွိလာၿပီး ေသဆုံးသူမရွိေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေျပာ

မဂၤလာဒုံၿမိဳ႕နယ္ရွိ မွန္ဘီလူးစက္႐ုံ၌ COVID-19 ပိုးေတြ႕ရွိသူ အလုပ္သမား ၄၀၀ ေက်ာ္ရွိလာၿပီး ေသဆုံးသူမရွိေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာလ ၂၁

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ မွန္ဘီလူးစက္႐ုံတြင္ COVID-19 ပိုးေတြ႕ရွိသူ အလုပ္သမား ၄၀၀ ေက်ာ္ရွိလာၿပီး ေသဆုံးသူမရွိေသးေၾကာင္း မဂၤလာဒုံၿမိဳ႕နယ္ကိုဗစ္ေကာ္မတီဥကၠ႒ ဦးေဇာ္လင္းကေျပာသည္။

အဆိုပါစက္႐ုံထဲတြင္ အလုပ္သမားမ်ားအား ေရာဂါစစ္ေဆးမႈမ်ားျပဳလုပ္ေပးၿပီး COVID ပိုးေတြ႕ရွိသူမ်ားအား ေဆးကုသေ ဆာင္မ်ားသို႔ ပို႔ေဆာင္ေပးေၾကာင္း ၎ကေျပာသည္။

“ဒီေန႔ေတာ့ေလာေလာဆယ္ Contact အေယာက္ႏွစ္ရာ swab ယူပါမယ္၊ မေန႔က Positive စစ္တာ ငါးဆယ္ ေလာက္ထြက္တာေပါ့ ဟိုရက္ကစစ္တာ၊ ေတြ႕တဲ့သူေတြကိုေတာ့ ကုသေရးစင္တာေတြပို႔ထားတယ္၊ ႐ိုးမပို႔တာလဲရွိတယ္၊ ေဖာင္ႀကီးပို႔တာလဲရွိတယ္”ဟု မဂၤလာဒုံၿမိဳ႕နယ္ကိုဗစ္ေကာ္မတီဥကၠ႒ ဦးေဇာ္လင္းကေျပာသည္။

အဆိုပါစက္႐ုံတြင္ အလုပ္သမား ၅၀၀၀ ခန႔္ရွိၿပီး စက္တင္ဘာ ၁၃ ရက္မွစ၍ စက္႐ုံျပင္ပသို႔ေပးထြက္ျခင္းမရွိဘဲ စက္႐ုံအတြင္း အသြားအလာကန႔္သတ္ထားၿပီး စက္တင္ဘာ ၂၈ ရက္တြင္ စက္႐ုံအတြင္း ကိုဗစ္စတင္ျဖစ္ပြားခဲ့သည္။

“ဒီေန႔ထိကို ပိုးေတြ႕တာ ၄၀၁ ေယာက္ရွိတယ္။ ညီမတို႔လည္းအျပင္မွာ Q ၀င္ေနရတယ္။ ပုလဲၿမိဳ႕သစ္မွာ Q ၀င္ေနရတယ္။ ညီမတို႔ကေတာ့ P ထဲမပါေသးဘူး။ ဒီေန႔မွ ေဆးစစ္ခ်က္အေျဖထြက္မွာ။ ညီမတို႔အတူတူေနတဲ့လူေတြအကုန္လုံး Q ၀င္လိုက္ရတာ အနံ႔မရလို႔ဆိုၿပီး ၂ ရက္သုံးရက္ေလာက္ထဲကပါ”ဟု မွန္ဘီလူးစက္႐ုံ၀န္ထမ္းတစ္ဦးက ေျပာသည္။

၎စက္႐ုံသည္ တ႐ုတ္နိုင္ငံသားပိုင္စက္႐ုံျဖစ္ၿပီး ကား၊ ဖုန္း၊ ကင္မရာမ်ားတြင္အသုံးျပဳသည့္ မွန္ဘီလူးမ်ား ထုတ္လုပ္ေၾကာင္း အလုပ္သမားမ်ားက ေျပာဆိုသည္။

#PeopleMedia #COVID19 #မဂၤလာဒုံၿမိဳ႕

(unicode)
မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးစက်ရုံ၌ COVID-19 ပိုးတွေ့ရှိသူ အလုပ်သမား ၄၀၀ ကျော်ရှိလာပြီး သေဆုံးသူမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးပြော
…………………………………………….

ရန်ကုန်၊ အောက်တိုဘာလ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးစက်ရုံတွင် COVID-19 ပိုးတွေ့ရှိသူ အလုပ်သမား ၄၀၀ ကျော်ရှိလာပြီး သေဆုံးသူမရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းကပြောသည်။

အဆိုပါစက်ရုံထဲတွင် အလုပ်သမားများအား ရောဂါစစ်ဆေးမှုများပြုလုပ်ပေးပြီး COVID ပိုးတွေ့ရှိသူများအား ဆေးကုသေ ဆာင်များသို့ ပို့ဆောင်ပေးကြောင်း ၎င်းကပြောသည်။

“ဒီနေ့တော့လောလောဆယ် Contact အယောက်နှစ်ရာ swab ယူပါမယ်၊ မနေ့က Positive စစ်တာ ငါးဆယ် လောက်ထွက်တာပေါ့ ဟိုရက်ကစစ်တာ၊ တွေ့တဲ့သူတွေကိုတော့ ကုသရေးစင်တာတွေပို့ထားတယ်၊ ရိုးမပို့တာလဲရှိတယ်၊ ဖောင်ကြီးပို့တာလဲရှိတယ်”ဟု မင်္ဂလာဒုံမြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းကပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်သမား ၅၀၀၀ ခန့်ရှိပြီး စက်တင်ဘာ ၁၃ ရက်မှစ၍ စက်ရုံပြင်ပသို့ပေးထွက်ခြင်းမရှိဘဲ စက်ရုံအတွင်း အသွားအလာကန့်သတ်ထားပြီး စက်တင်ဘာ ၂၈ ရက်တွင် စက်ရုံအတွင်း ကိုဗစ်စတင်ဖြစ်ပွားခဲ့သည်။

“ဒီနေ့ထိကို ပိုးတွေ့တာ ၄၀၁ ယောက်ရှိတယ်။ ညီမတို့လည်းအပြင်မှာ Q ဝင်နေရတယ်။ ပုလဲမြို့သစ်မှာ Q ဝင်နေရတယ်။ ညီမတို့ကတော့ P ထဲမပါသေးဘူး။ ဒီနေ့မှ ဆေးစစ်ချက်အဖြေထွက်မှာ။ ညီမတို့အတူတူနေတဲ့လူတွေအကုန်လုံး Q ဝင်လိုက်ရတာ အနံ့မရလို့ဆိုပြီး ၂ ရက်သုံးရက်လောက်ထဲကပါ”ဟု မှန်ဘီလူးစက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

၎င်းစက်ရုံသည် တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ကား၊ ဖုန်း၊ ကင်မရာများတွင်အသုံးပြုသည့် မှန်ဘီလူးများ ထုတ်လုပ်ကြောင်း အလုပ်သမားများက ပြောဆိုသည်။

#PeopleMedia #COVID19 #မင်္ဂလာဒုံမြို့


Share this post