• Follow Us on
Latest News

Home မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္ကၽြန္းႀကီးေက်းရြာတြင္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိ ေခါင္းေလာင္းႀကီးအခိုးခံရ

မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္ကၽြန္းႀကီးေက်းရြာတြင္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိ ေခါင္းေလာင္းႀကီးအခိုးခံရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္ကၽြန္းႀကီးေက်းရြာအုပ္စုအတြင္းရွိ ေရွးေဟာင္းသမိုင္း၀င္ ေအာင္စည္းခုံေစတီေတာ္ဘုရား၀င္းရွိ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိေခါင္းေလာင္းႀကီးအခိုးခံရေၾကာင္း သဃၤန္ကၽြန္းႀကီးေက်းရြာအုပ္စု အေထြေထြအတြင္းေရးမွဴး ကိုေဇာ္မင္းေထြးကေျပာပါတယ္။

ယေန႔နံနက္အေစာပိုင္းတြင္ ႏွစ္ေပါင္းရာေက်ာ္သက္တမ္းရွိသည့္ေခါင္းေလာင္းႀကီးအခိုးခံရၿပီးေၾကာင္း သိရွိခဲ့ရသည့္အတြက္ သက္ဆိုင္ရာအား အေၾကာင္းၾကားခဲ့ေၾကာင္း လက္ရွိအခ်ိန္တြင္ ရဲတပ္ဖြဲ႕မွ လိုက္လံစုံစမ္းေနေၾကာင္း၎ကဆိုပါတယ္။

“ဒီေန႔မနက္ ၄ နာရီေလာက္ကေပ်ာက္သြားတာ မေန႔ညေနကအထိ ရွိေသးတယ္။ ဒီေခါင္းေလာင္းႀကီး အလႉရွင္ဘယ္သူမွန္းေတာင္မသိဘူး။ ဒီေခါင္းေလာင္းႀကီးက ႏွစ္ေပါင္းရာေက်ာ္ေနၿပီ အခုမွေပ်ာက္တာ ထူးထူးဆန္းဆန္းပါပဲ။ လက္ရွိမွာေတာ့ ရဲေတြကိုတိုင္ထားတယ္၊ ရဲေတြကကြင္းဆင္းၿပီးရွာမယ္ေျပာတယ္”ဟု သဃၤန္ကၽြန္းႀကီးေက်းရြာအုပ္စု အေထြေထြအတြင္းေရးမွဴး ကိုေဇာ္မင္းေထြးကေျပာပါတယ္။

သဃၤန္ကၽြန္းႀကီးေက်းရြာအုပ္စုသည္ ၎ဘုရားႀကီးအား အစြဲျပဳ၍လမ္းအမည္မ်ားပင္လၽွင္ ေအာင္စည္းခုံ ဘုရားလမ္းလိုပင္အမည္တြင္ေခၚေဝၚေၾကာင္း ၎ကေျပာပါတယ္။

Photo – credit

#PeopleMedia #ေရွ႕ေဟာင္းပစၥည္း #မဂၤလာဒုံၿမိဳ႕

(unicode)
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်ကျွန်းကြီးကျေးရွာတွင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ခေါင်းလောင်းကြီးအခိုးခံရ
…………………………………………………

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အောင်စည်းခုံစေတီတော်ဘုရားဝင်းရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိခေါင်းလောင်းကြီးအခိုးခံရကြောင်း သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စု အထွေထွေအတွင်းရေးမှူး ကိုဇော်မင်းထွေးကပြောပါတယ်။

ယနေ့နံနက်အစောပိုင်းတွင် နှစ်ပေါင်းရာကျော်သက်တမ်းရှိသည့်ခေါင်းလောင်းကြီးအခိုးခံရပြီးကြောင်း သိရှိခဲ့ရသည့်အတွက် သက်ဆိုင်ရာအား အကြောင်းကြားခဲ့ကြောင်း လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းနေကြောင်း၎င်းကဆိုပါတယ်။

“ဒီနေ့မနက် ၄ နာရီလောက်ကပျောက်သွားတာ မနေ့ညနေကအထိ ရှိသေးတယ်။ ဒီခေါင်းလောင်းကြီး အလှူရှင်ဘယ်သူမှန်းတောင်မသိဘူး။ ဒီခေါင်းလောင်းကြီးက နှစ်ပေါင်းရာကျော်နေပြီ အခုမှပျောက်တာ ထူးထူးဆန်းဆန်းပါပဲ။ လက်ရှိမှာတော့ ရဲတွေကိုတိုင်ထားတယ်၊ ရဲတွေကကွင်းဆင်းပြီးရှာမယ်ပြောတယ်”ဟု သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စု အထွေထွေအတွင်းရေးမှူး ကိုဇော်မင်းထွေးကပြောပါတယ်။

သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စုသည် ၎င်းဘုရားကြီးအား အစွဲပြု၍လမ်းအမည်များပင်လျှင် အောင်စည်းခုံ ဘုရားလမ်းလိုပင်အမည်တွင်ခေါ်ဝေါ်ကြောင်း ၎င်းကပြောပါတယ်။

Photo – credit

#PeopleMedia #ရှေ့ဟောင်းပစ္စည်း #မင်္ဂလာဒုံမြို့


Share this post